Tuesday, June 30, 2015

Real Success

Don't find success in game and social media. It is virtual. Make it happen in your real life.

Why Buddhism 12 Human as Resource

Buddhism and HRM Perspective
ဗုဒ္ဓဘာသာနဲ့ လူ့အရင်းအမြစ်
(၁) Buddha accepts human as resource.
အတ္တဟိ အတ္တဏော နာထော။

Thursday, June 18, 2015

ပုးပေါင်းခြင်း

အခြေခံပညာရေးအတွက်
မိဘ၊ ဆရာ ပူးပေါင်း ကလေးပညာရေးကောင်းတယ်ဆိုတာ လက်ခံပါတယ်။

အဆင့်မြင့်ပညာရေးအတွက်
ကျောင်း၊ လုပ်ငန်းနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

ကျောင်းတက်ခြင်း။

အလုပ်ရဖို့ ကျောင်းတက်တာလား။
ဘွဲ့ရဖို့အတွက် ကျောင်းတက်မှာလား။

ဘွဲ့ရဖို့အတွက် ကျောင်းတက်ခဲ့ရင်
လွယ်လွယ်ကူကူနဲ့ ပြီးမယ့်၊
ရနိုင်မဲ့ ကျောင်းကို တက်ပါ။ ရွေးပါ။
ကြိုးစားစရာမလိုတဲ့ လက်မှတ်ကိုယူပါ။

အလုပ်လုပ်ဖို့ (သို့) လုပ်ငန်းကို ကိုယ်တိုင်ဦးဆောင်ချင်ရင်တော့
အလုပ်အကိုင်နဲ့ အစဉ်ပြေမဲ့၊
ဟပ်စပ်မဲ့ သင်တန်းကျောင်းကို
ရွေးပါ။

တစ်ခုတော့ရှိတယ်။
လူကို အဓိကထားရွေးတာပါ။
ကျောင်းဆိုတာထက်။
လက်မှတ်ဆိုတာထက်။

Wednesday, June 17, 2015

To reach the world

ကမ္ဘာဖလားတစ်လုံးလောက်နဲ့တော့ မဖြစ်ဘူး။
နှစ်စဉ် ဗိုလ်စွဲစေချင်တာ။
ရည်ညွှန်းတစ်ခုကတော့ Porter's Diamond Theory ကို သွားတွေ့ပါတယ်။
ဘောလုံးပွဲမှ မဟုတ်ပါဘူး။ အခြားလုပ်ငန်းတွေ နိုင်ငံဖြန့်ခြေဆန့်ချင်ရင် အသုံးဝင်တဲ့ အရာတစ်ခုပါ။
ပေါ်တာက အချက်ငါးချက်ကို အဓိကထား ရှင်းပြထားပါတယ်။
(၁) အရင်းအမြစ်
(၂) ပြည်တွင်ဝယ်လိုအား။
(၃) ပြိုင်ဆိုင်မှု။
(၄) ထောက်ပံပေးနိုင်သောလုပ်ငန်းများ။
(၅) အစိုးရ

အရင်းအမြစ်။
ဒီနေရာမှာ လူသားအရင်းအမြစ်ကို စပြောကြရအောင်။
လူပြောများနေတာက မြန်မာအားကစားသမားတွေက
အကောင်ညှက်တယ်။
အရပ်ပုတယ်။
အမောမခံနိုင်ဘူး။ Stamina နည်းတယ်။
အပြေးမသန်ဘူး။ ယှဉ်မပြေးနိုင်ဘူး။
အရင်းအမြစ်လို့ပြောရင် အချက်နှစ်ချက်ကို သတိရပါတယ်။
(၁) ကိုယ့်ဆီမှာ ရှိတဲ့ အရင်းအမြစ်က သာမာန်သူလိုငါလို အဖြစ်သက်သက်ပဲနဲ့ (၂) သူတပါးမှာ မရှိတဲ့ အရင်းအမြစ်လားဆိုတာကို အရင်းမေးခွန်းထုတ်ရပါမယ်။
သာမာန်အရင်းအမြစ်တွေကတဆင့် သာလွန်တဲ့ အရင်းအမြစ်တွေဖြစ်အောင် ပြင်ဆင်ရပါမယ်။

(၂) ပြည်တွင်းဝယ်လိုအား
ပြည်တွင်းကလပ်အသင်းတွေကို ပြည်တွင်း ပရိတ်သတ်က အားပေးတဲ့နှုန်းများသင့်ပါတယ်။

(၃) ပြည်ပမထွက်ခင် ပြည်တွင်လုပ်ငန်းတွေက တွန်းတွန်းတိုက်တိုက်လုပ်နိုင်ရဲ့လား။ ဒါမှသာ အစဉ်ပြေနိုင်မယ်။

(၄) အခြားပံပိုးပေးနိုင်တဲ့ လုပ်ငန်းတွေရှိရဲ့လား။ ဥပမာ၊ ။ ဘောလုံးအကယ်ဒမီတွေ၊ ဘောလုံးကွင်းတွေ။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ အစိုးရမင်းများကိုယ်တိုင်ရဲ့ အားပေးမှု့တွေက အသက်တမျှအရေးကြီးတယ်။


Saturday, June 13, 2015

True

It is true,
it is easy to start
the small business
as per theory.
In fact,
it is not as much easy as we think.
So don't start any business,
it is hard to cease or stop it.
Don't start without having a good plan.
Don't start without having a strong desire.
Don't start without having a perseverance.
Don't start without knowing who is your customer.
Don't start without knowing what is your value factor.
What's else!
We do need a favourable environment!
It is eco-system.
Let's develop it together.

ဖလား

မမှားသော 
ရှေ့နေ၊ 
မသေသော
ဆေးသမား။ 
မရှုံးသော 
အသင်း
ဆိုတာ
မရှိဘူး။
ဒါပေမဲ့
နိုင်င်အောင်တော့ 
ကန်ခဲ့ကွာ။
ဖလားရအောင်
ယူခဲ့ကွာ။

ဆက်ရန်ရှိသည်။

နိုင်ရင်
ဘယ်လို
အောင်ပွဲခံမလဲ။

ရှုံးရင်
ဘယ်လို
ဖြေသိမ့်မလဲ။

ကျနော်
ဒီမေးခွန်းတွေကို
တစ်ယောက်တည်း
ဖြေ
ကြည့်နေတယ်။

ကျနော်တို့လိုချင်တဲ့
အောင်ပွဲက
ဒီ တစ်ပွဲတည်း
မဟုတ်ဘူးလေ။
ဒီဖလား တစ်လုံးတည်း
မဟုတ်ဘူးလေ။
ဒါလေး တစ်ခုနဲ့
မလုံလောက်ဘူးလေ။



နာတက်တဲ့ စိတ်

တခါတလေ လောကကြီးကို စိတ်နာတယ်။ လုပ်ချင်တာ မလုပ်ရလို့။ တခါတလေ လူတွေကို စိတ်နာတယ်။ လုပ်ချင်တာတွေ လုပ်နေကြလို့။


Wednesday, June 10, 2015

တည်ဆောက်ကွာ

မေးခွန်း မရှိဘဲ။
အဖြေရှိစရာ
အကြောင်းမရှိဘူး။
မေးခွန်းရှိတိုင်း
အဖြေတွေ
ရှိချင်မှ ရှိမယ်။

မေးခွန်းမရှိတဲ့
သူထက်
မေးခွန်းရှိတဲ့ သူကို
ပို
သဘောကြတယ်။

တလွဲမေးခွန်းတွေ
ဆိုရင်ကောလို့
စောဒကတက်မယ်။
ပိုစိုးမယ်လို့
ယူဆမယ်။

စိတ်မပျက်နဲ့။
မေးခွန်းချာချာ
တွေကနေတဆင့်
ဆင့် တက်မယ်။
ဒီလိုနဲ့
ရပ်နိုင်ပေ့တွေနဲ့
ဘ၀ဆိုတာ
လျောက်လှမ်းကြီးပြင်းလာကြရတာ။

မေးခွန်းကြီးကြီးနဲ့
အဖြေကောင်းကောင်းရှာကွာ။
ဘ၀ကောင်းကောင်း တည်ဆောက်ကွာ။

Saturday, June 6, 2015

အောင်လက်မှတ်တစ်ခုရဲ့ တန်ဖိုးကို ဘယ်သူတွေက မြှင့်တင်ပေးနိုင်သလဲ။

အောင်လက်မှတ်တစ်ခုရဲ့ တန်ဖိုးကို ဘယ်သူတွေက မြှင့်တင်ပေးနိုင်သလဲ။
(၁) တက်ခဲ့တဲ့ ကျောင်း (အသိအမှတ်ပြုလက်မှတ်)
(၂) သင်တန်းဖေါ်များ။
(၃) သင်တန်းဆရာ၊ ဆရာမ။
(၄) သင်ကိုယ်တိုင်။
(၅) ကြေငြာ။

အောင်လက်မှတ်က အရေးကြီးတာလား။
လူက အရေးကြီးတာလား။

Tuesday, June 2, 2015

သန်းခေါင်စာရင်း

(မေး) သန်ခေါင်စာရင်းက စီးပွားရေးလုပ်ကိုင်နေသူအတွက် ဘာအကျိုးကျေးဇူးတွေ ရနိုင်ပါသလဲ။

(ဖြေ) သန်ခေါင်းစာရင်းကနေ အချက်အလက် ကိန်းဂဏန်းတွေဟာ ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေအတွက် အသက်တမျှ အရေးကြီးလှပါတယ်။ လုပ်ငန်းတွေ အတွက်ရော လုပ်ငန်းကို ဦးဆောင်နေတဲ့သူတွေအပြင် အရာရှိကြီး၊ ငယ်အားလုံးအတွက် အရေးကြီးပါတယ်။

(မေး) တကယ်လက်ရှိမှာ လက်တွေ့နဲ့ အရင်က ဘယ်လိုဆောင်ရွက်နေကြပါသလဲ။

(ဖြေ) သူများတွေတော့မသိဘူး။ ကျနော်တို့က လုပ်ငန်းအသေးစားလေးတွေဖြစ်ပါတယ်။ လေ့လာသုတေသနပြုချက်တွေကို ၀ယ်ယူနိုင်လောက်အောင် ငွေကြေး မတက်နိုင်ပါဘူး။ နောက်တစ်ခုက ခန့်မှန်းချက်တွေ၊ ထင်ကြေးတွေနဲ့ပဲ လုပ်လာခဲ့တယ်လို့ပြောရင် မမှားပါဘူး။

(မေး) ဘယ်သူတွေအတွက် ဒီအချက်အလက်တွေက အထောက်အကူပျြုနိုင်သလဲ။

(ဖြေ) သိသူဖေါ်စား၊မသိသူကျော်သွားပါ။