Sunday, January 17, 2016

Right and Better

I am right!
I am also right.
We are not discussing who is right and wrong.
We are discussing how can we serve better.

Thursday, January 14, 2016

Social media addicted

(၁) အိပ်ပျော်မှဘဲ ဖုန်းချတော့တယ်။ နိုးနိုးချင်း ဖုန်းစမ်းတယ်။
(၂) ထစ်ကနဲဆို တက်တက်ရေးရတာ အမော။
(၃) ခရီးကပြန်ရောက်လာပေမဲ့ ဓါတ်ပုံတွေက ပြန်မရောက်သေးဘူး။
(၄) တစ်ခုခု မသိလိုက်ရ၊ မကြားလိုက်ရဖြစ်နေမှာကို မလိုလားဘူး။
(၅) ပေါ်သမျှ သိသမျှလူကို လိုက်(ခ)ပေး၊ ရှယ်ပေး၊ ကွန်မန့်ပေး၊ (ကိုယ်မရမှာဆိုးလို့)
(၆) ဖုန်းတွေ ကွန်ပျူတာတွေဘေးချမထားရဲဘူး။ ကောက်ပြီး ဝေါထဲဝင် လိုက်(ခ)တွေလိုက်ပေးနေလို့။
(ရ) တက်(ခ)သမျှ။ မန့်သမျှ ပြန်ဖြေ ပြန်ပြောရတာ အမော။

Friday, January 8, 2016

Sided

ဘက်မလိုက်တဲ့သူတွေဆိုတာ မရှိပါဘူး
တဖက်ဖက်ကို ယိမ်းရငယိမ်း
တိမ်းရငတိမ်းတာပဲ
မဟုတ်ရင
ဘက်မလိုက်တဲဘက်ကို ဘက်မလိုက်ဘူးဆိုပြီး ဘက်မလိုက်တဲ့သူတေစုပြုံပြီး ဘက်လိုက်ကြတယ်။
ပုထုဇဉ်တွေမယ်ပြောပါတယ်။

ကိုယ်လဲလေ လေကီသားပေမို့။ လိုက်မိတယဘက်။

Thursday, January 7, 2016

90000

ကျနော့ပတိရူပဒေသ၀ါသောစ။
ကောင်းမွန်တဲ့
ပတ်ဝန်းကျင်။
နေပျော်တဲ့ 
ပတ်ဝန်းကျင်။
ပတ်ဝန်းကျင်ကောင်းတစ်ခု
ဖန်တီးချင်ပါတယ်။
အတူတကွ
နေထိုင်ချင်ပါတယ်။
ပြသနာတွေ ရှာနေတဲ့
ပတ်ဝန်းကျင်နဲ့
စိန်ခေါ်နေတဲ့
ပတ်ဝန်းကျင်ကို
ဖန်တီးချင်ပါတယ်။
နေထိုင်ချင်ပါတယ်။
အချင်းချင်းပြသနာရှာနေတဲ့
ပတ်ဝန်းကျင်မဟုတ်ဘဲ
ဟင်္သာကိုးသောင်းဇာတ်မဟုတ်
စားသုံးသူတွေမှာ
ဖြစ်နေနိုင်တဲ့
ပြသနာတွေကို
စဉ်းစားတွေးတော
မေးမြန်းဖေါ်ထုတ်ပြီး
စုစည်းဖြေရှင်းနေတဲ့
ပတ်ဝန်းကျင်လေးတစ်ခု
ဖန်တီးပြီး နေချင်ပါတယ်။
အတူတကွပါ။
တစ်ကိုယ်ကောင်းမဆန်ကြေးပါ။
အသက်အရွယ်၊
ပညာအရည်အချင်း၊
အမျိုးသား၊
အမျိုးသမီး၊
စတဲ့
မတူညီတဲ့ လူတွေ စုပြီး
အလုပ်လုပ်နေကြတဲ့အတွက်
ပွတ်တိုက်မှုတွေ
ထိခိုက်မှုတွေရှိနေနိုင်ပါတယ်။
ထိပ်တိုက်တွေ့တာတွေ
ပွတ်တိုင်မိတာတွေဖြစ်လာတဲ့အခါ
လူတွေကြောင့်မဖြစ်ရဘဲ
အလုပ်တွေ ပိုကောင်းရမဲ့
အကြောင်းအရင်းတွေ
အတွက်ပဲ ဖြစ်ရပါမယ်။
ပြသနာတစ်ခုကို
စဉ်းစားရင်
လူတွေ နာမယ်တွေ
ခေါ်မလာခဲ့ပါနဲ့။
အဖွဲ့အစည်းရဲ့
ပန်းတိုင်နဲ့
ဆောင်ရွက်ချက်များ
ပိုမိုကောင်းမွန်ရေးကိုပဲ
ဦးတည်ကြရပါမယ်။
လောကုတ္တရာမှာ နေရင်တော့
ပစ္စုပ္ဗန်တည့်တည့်မှာပဲ
နေကြရမှာပါ။
ပြိုင်ဖက်သတ်မှတ်ချက်ကတော့
ငါနဲ့ ငါပါပဲ။
စီးပွားရေးနဲ့ လောကီမှာတော့
အနာဂါတ်မှာပဲ
နေကြရမှာပါ။
အတိတ်ကထားခဲ့တော့။
ပြိုင်ဖက်ဆိုရင်တော့
အကောင်းဆုံး
အသာလွန်ဆုံးတွေနဲ့
ယှဉ်ပြိုင်နိုင်အောင်
ကြိုးစားနေကြရမှာပါ။
လက်တွဲလုပ်ကြတဲ့သူတွေက
တူညီတဲ့ပန်းတိုင်က
ပိုမိုကောင်းမွန်ရေးပါ။
မရှာသင့်တဲ့ ပြသနာက
အချင်းချင်း ဦးထမ်း ပဲ့ထမ်း
တွက်ကပ်နေတာတွေပါ။
အတွင်း မီး လည်း
အပြင်မထုတ်ပါနဲ့။
အပြင် မီး လည်း
အတွင်းယူမလာပါနဲ့။
ပွင့်ပွင့်လင်းလင်းပြောပြ
ဆွေးနွေးကြရပါမယ်။
နောက်ကွယ်မှာ
ပြောပြနေခြင်းဟာ
အခြေအနေကို
ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ကောင်းတာတွေ့လျင်
သူများကို ပြောပါ။
မကောင်းတာတွေ့လျင်
ကျနော့်ကို ပြောပါ။
အချင်းချင်း
စိန်ခေါ် အနိုင်ယူပြီး
ဝါးလုံးခေါင်းထဲ လသာပြီး
အိမ်ကြက်ချင်း
ခွပ်နေကြမဲ့
အစား။
အကောင်းဆုံး
ပြိုင်ဖက်တွေနဲ့
ယှဉ်ပြိုင်ပြီး
စားသုံးသူတွေရဲ့
အခက်အခဲ ပြသနာ
လိုအပ်ချက်တွေကို
စိန်ခေါ်ဖြေရှင်းကြရအောင်။
ရှာနေရမဲ့ ပြသနာက
လက်ရှိအခြေအနေထက်ကောင်းအောင်
ပိုမိုပြီးပြည့်စုံအောင်
အပြစ်အနာအစာနည်းအောင်
ကောင်းသည်ထက်ကောင်းအော်
ဘာလုပ်ပေးနိုင်မလဲ။
ဘယ်လိုလုပ်ပေးကြမလဲ။
ပတ်ဝန်းကျင်ကောင်းတစ်ခုကို
ဖန်တီးချင်ပါတယ်။
နေထိုင်ချင်ပါတယ်။
အတူတကွ အထီးကျန်ကြေး။
ကျနော့်ရဲ့
ပတိရူပဒေသ၀ါသောစ။