Sunday, March 26, 2017

အမည်သညာခေါ်စရာကား

လူ့မှု့စီးပွားရေး။
အကျိုးပြုစီးပွားရေး။
လူမှု့အကျိုးပြုစီးပွားရေးလုပ်ငန်း။
အကျိုးအမြတ်မယူသော အကျိုးပြုလုပ်ငန်း။
အကျိုးအမြတ်ခွဲဝေမယူသော အကျိုးပြုလုပ်ငန်း။
အကျိုးအမြတ်ခွဲဝေမယူသော။
လူမှု့ပြသနာများကို ဖြေရှင်းပေးနေသော။

ပင်လယ်ပြာ။
သမုဖြူ

အမှိုက်လိုလူ

လူ့အမှိုက်

Friday, March 17, 2017

Innovation

(1) What is Innovation?
A new product, service or way of doing business that gives an organization a competitive advantage.
(2) Creativity and Innovation
Thinking and Doing new things
(3) Types of Innovators
Generator
Facilitator
Champions
(4) Seven Steps to Execution to Innovation
(a) Developing an inspiring vision of your innovation
(b) Identify your stake holders
(c) Cultivate an informal support network
(d) Build a business case
(e) Communicate with stakeholders
(f) Manage any resistance
(g) Stay passionate about your innovation

ဖွဲ့စည်းပုံ

(၁) ပြည်ထောင်စုအစိုးရရဲ့ ၀န်ကြီးဌာနဖွဲ့စည်းပုံနဲ့ တိုင်းဒေသကြီး ၀န်ကြီးဖွဲ့စည်းပုံများ
(၂) ပြည်ထောင်စုဝန်ကြီးဌာတွေကို ပြင်ဆင်ဖွဲ့စည်းသင့်တယ်။
(၃) ဒုဝန်ကြီးများကို တိုးချဲ့ခန့်ထားသင့်တယ်။

Wednesday, March 15, 2017

သောင်ပြို ကမ်းပြို

ဟန်းနီးမွန်းဘယ်နှစ်ရက်လဲ။
ဟန်းနီးမွန်းပြီးတော့...
ပျားရည်ဆမ်းပြီးတော့....

မျက်စိမှိတ်မဲပေးခဲ့သည့်
မဲပေးသူများကို
မျက်စိဆက်ပိတ်ပြီး
အရင်လိုယုံကြည်နေအာင်
ကြိုးပန်းနေသူများ
လက်လျော့သင့်ပါပြီ။

စိတ်ကြီးဝင်နေသူများ
စိတ်လျော့သင့်ပြီ။
လက်တွေ့ကျကျ
ဆောင်ရွက်သင့်ပြီ။
ရှေစကား
နောက်စကား
ညီသင့်ပြီ။

အကြောင်းက
အသံတွေကျယ်လာပြီ။
နေရာစုံလာပါပြီ။
အပျက်အပျက်နဲ့
နှာခေါင်းသွေး
မထွက်ဖို့လိုပါတယ်။

နောင်တကြိမ်၊
နောက်အကြိမ်တွေလည်း
တောင်ပြိုကမ်းပြိုနိုင်စေချင်တယ်။

မဟုတ်ခဲ့ရင်

မဟုတ်ခဲ့ရင်
ဆုံးဖြတ်ချသူများတွင်
အကြံပေးသူများတွင်

သြဘာပေးသူများတွင်
အဓိက တာဝန်ရှိပါသည်။
ထိုသူများက
အိုးမဲသုတ်နေသူများသာ။
အိုးမဲမျက်နှာကို
လှသည်ဟု
မှတ်ချက်များသည်
ထရိုဂျန်များသာဖြစ်သည်။

အကြောင်းက
ထိုသူများကြောင့်သာ
လက်တွေ့နှင့်ကင်းကွာပြီး
ဆုံးဖြတ်ချက်အလွဲ၊ 
အမှားများကိုချနေခြင်းဖြစ်သည်။

ဝိုင်ဘီအက်(စ) သည် 
အမှားမဟုတ်
သုံးရက်အတွင်း 
ပြောင်းလဲနိုင်သည်က
သာ...

ခွင့်ရက်လျော့ခြင်းသည်
ပြသနာမဟုတ်
စနစ်တကျမရှိခြင်းသည်ကသာ

တံတားနာမည်က
ပြသနာမဟုတ်
ဒေသခံများ၏
အသံများကသာ..

အဓိကပြသနာသည်ကား
ပြသနာမဟုတ်သည်ကို
ပြသနာလုပ်နေခြင်းဖြစ်ပြီး
ပြသနာကို
ပြသနာဟု
အသိအမှတ်မပြုခြင်းသည်ကသာ
ပြသနာအစစ်ဖြစ်နေသည်။

ပြောင်းလဲပါ။
ပြုပြင်ပါ။
မှားယွင်းလျင်
ရိုးသားစွာတောင်းပန်ပါ။

လိုအပ်လျင်
လူလဲပါ။
လူဖြည့်ပါ။

စေတနာဖြင့်
ဘောလုံးအသင်းတည်ထောင်လို့
မရ။
စိတ်စေတနာအရေးမကြီးမဟုတ်။
တစ်ခုတည်းဖြင့်မရ။
မြန်မာအသင်းကို
မြန်မာပရိတ်သတ်ကြီး၏
အားပေးမှု့တစ်ခုတည်းဖြင့်
ဖလားရယူနိုင်စရာမရှိ။
လုပ်တက်ကိုက်တက်ဖို့က
ပိုအခရာကျသည်။
လုပ်တက်ကိုင်တက်ပြီး
လုပ်ချင်ကိုင်ချင်စိတ်ဖြင့်သာ
အလုပ်ကို
အကောင်းဆုံးပြီးမြောက်စေနိုင်မည်ဖြစ်ပါသည်။

မဟုတ်လျင်
တစ တစနဲ့
အက်ကွဲကြောင်းတွေ
စိပ်လာတယ်။
ကြီးလာတယ်။
အချိန်မှီချုပ်
အစုပ်သက်သာလိမ့်မယ်။

အမှားကို
လက်ခံပါ။
အမှားကို
ဝန်ချပါ။
အမှန်ကို
ပြင်ပါ။
လူစားထိုးပါ။
လူထပ်ဖြည့်ပါ။
ရိုးသားသော
လူထုအပေါ်
ရိုးသားပါ။

ကျနော်တို့ရဲ့
လားရာဟာ
အရင် အတိတ်
ပုံရိပ်တွေမဟုတ်ဘူး။
အနာဂါတ်ရဲ့
နှိုင်းယှဉ်စရာဟာ
ပြီးခဲ့တဲ့
အဆိုးတွေမဟုတ်ဘူး။
လက်လှမ်းမမှီသေးတဲ့
နိုင်ငံတနိုင်ငံလည်းမဟုတ်သေးဘူး။

လက်ခုတ်တီးနေတဲ့သူတွေကိုလည်း
ကျေခိုင်းရဲရမယ်။
ပြောင်လှောင်နေတဲ့သူတွေကိုလည်း
ရင်ဆိုင်ရဲရမယ်။

အာဏာရပြီး
အချိန်ကတည်းက
ပါတီကိုလည်း
ထူထောင်ဖို့လိုအပ်သလို
နိုင်ငံကိုလည်း
ထူထောင်ဖို့လိုအပ်တယ်။
အင်စတီကျူးရှင်းကောင်းကောင်း
ရှိဖို့လိုအပ်တယ်။
လူကောင်းတွေ
ရှိဖို့လိုအပ်တယ်။
ဘာဖြစ်လို့
လူကောင်းတွေ
လူသစ်တွေ
ထပ်ဝင်လာအောင်
ဘယ်လို ကြိုးပန်းကြမလဲ။
ဒီအစား
လူအချို့က
ဖြစ်ပျက်ခဲ့တဲ့
အပျက်အပျက်တွေကြောင့်
ဆန့်ကျင်ဖက်ဖြစ်သွားတဲ့
နီးပါးရောက်ရှိသွားရသလဲ။
ပြန်လည်ဆန်းစစ်ဖို့လိုပါမယ်။

ပိုမိုလက်တွဲပူးပေါင်းလာရန်
ဆောင်ရွက်ဖို့
လိုပါမည်။

ပြောင်းလဲမှု့ကာလဖြစ်လို့
မီဒီယာကနေ
အနုပညာသည်တွေရဲ့
အားကိုယူဖို့လိုပါမယ်။

ဖြစ်နိုင်ရင်
အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်
လစဉ် တီဗီ၊ ရေဒီယိုကနေ
တိုင်းပြည်ကို
ဖြစ်စေချင်တဲ့
တိုက်တွန်းချင်တဲ့
စာသာလေးတွေ
ပြောပေးနေရမယ်။
အရင်က
ဒီလှိုင်းမှာ ရေးသားနေတဲ့
ဒီစကားကို
ဆက်ပြောနေ၊
ရေးနေ
လူထုကို
အားပေးရမယ်။
လမ်းညွှန်နေရမယ်။

စနစ်တကျဖျက်ဆီးခဲ့သည်ကို
လက်ခံသူများ
စနစ်တကျတည်ဆောက်ရန်သာ
အားပေးတိုက်တွန်းကြဖို့
လိုအပ်တယ်။

ဥပဒေမစိုးမိုးသည်ကို
တိုက်ဖျက်မည့်သူများ
ဥပဒေကို
လေးစားလိုက်နာဆောင်ရွက်ခြင်းကို
အားပေးကြရန်။

အာဏာရှင်စနစ်ကို
တော်လှန်ခဲ့သည်နည်းတူ
တကျော့ပြန်
အာဏာရှင်စနစ်ပုံစံကို
ပြန်လည်အသက်မသွင်းစေရန်
ဆောင်ရွက်နိုင်ဖို့လိုပါမည်။

နောင်တကြိမ်
နောက်တခေါက်
နောင်အခါများတွင်
တောင်ပြို ကမ်းပြို
နိုင်ဖို့
သင်တို့
တာဝန်ရှိသည်။

Monday, March 13, 2017

Elephant

ဆင်တစ်ကောင် ဘယ်လောက်မြန်မြန်ပြေးနိုင်သလဲ
(ဟို အရင်က)
ဆင်စီးပြီး၊
မြင်းရံတာကို
မြင်ချင်တယ်ကွာ
ဆိုလို့
......
........
...........
.............
ဒါပေမဲ့
ဆင်ပြောင်ကြီး
အမြီးကျမှ
တစ်တစ်နေတာ
ကြည့်မကောင်းဘူး။
......
.......
ဆင်သွားရင်
လမ်းဖြစ်တယ်ဆိုလို့
ဆင်ကန်းတောတိုးလိုက်တာ
....
........
ဆင်ဖြူတော်မှီပြီး
ကြံစုပ်တဲ့သူတွေ
အစွယ်ကိုလို
အသားကိုမျိုမဲ့
သောနုတ္တရ်တွေနဲ့
တွေ့သွားခဲ့တော့
....
...........
အဆွယ်လည်း
ဘုံးဘုံးမြေသို့
ကျသွားတယ်။
...
ဆင်သေကို
ဆိတ်သားရေနဲ့
ဖုံးဖို့မကြိုးစားဘဲ
......
အသားတွေကိုလည်း
အရပ်ထဲဝေ
နေကြလို့
....
......
ခါချဉ်တွေလည်း
အင်ကြင်းပင်ပေါ်က
ခုန်ခုန်ချနေကြလေရဲ့။

Friday, March 10, 2017

အိုးမဲ

အိုးမဲသုတ်ခံထားရတဲ့
မျက်နှာသည်
ဆေးဆိုးပန်းရိုက်
မျက်နှာမဟုတ်။
မိဘမျက်နှာကို အိုးမဲသုတ် (အရှက်ရစေတယ်)
အိမ်ကြက်ခြင်းအိုးမဲသုတ် (အထင်အမြင်လွဲမှားစေတယ်)
အိုးမဲ
သင်္ကြန်ကာလတွင်
အချင်းချင်း
စကြနောက်ကြပြောင်လှောင်သည့်
သဘောဖြင့်
အိုးမဲသုတ်ကြသည်။
အိုးမဲကြောင့်
မျက်နှာသည်
ဟားစရာ
အရယ်ခံစရာ
လူအထင်သေးစရာ
ဖြစ်သွားရသည်။
ဆေးဆိုးပန်းရိုက်နှင့်
ဆန့်ကျင်ဖက်ဖြစ်ရသည်။
အိုးမဲ
အသုတ်ခံရပါများလာလျင်
ကြည့်မကောင်း။
ပိုဆိုးသည်က
အရှက်ရစေနိုင်သလို
အထင်အမြင်လွဲမှားစေနိုင်သည်။
အပျော်မှ
အပျက်သို့
ရောက်ရှိသွားနိုင်သည်။
အိုးမဲသုတ်ခြင်းတွင်
အိုးမဲသုတ်သူသာ
ပြသနာဖန်တီးနေသည်မဟုတ်
တာဝန်ရှိသည်မဟုတ်။
အိုးမဲသုတ်ခံထားရသော
မျက်နှာကို
လှသည်ဟု
လက်ခံယူဆ
ထားသူတိုင်းသည်လည်း
ပြသနာဖန်တီးသူ
တာဝန်ရှိသူများဖြစ်သည်။
တာဝန်အရှိဆုံး
ပြသနာဖန်တီးသူသည်
အိုးမဲအသုတ်ခံရသူ
ကိုယ်တိုင်ပင်ဖြစ်သည်။
အကြောင်းမှာ
အိုးမဲအသုတ်ခံရအောင်
နေသောကြောင့်
ဖြစ်သည်။
အိုးမဲသုတ်ခွင့်ပြုထားခြင်းကြောင့်
ဖြစ်သည်။
အိုးမဲသုတ်ခံထားသည်ကို
ပြန်မဖျက်မိသောကြောင့်
ပြန်လည် မချယ်သထားသောကြောင့်ဖြစ်သည်။
စနောက်ပြီး
အိုးမဲအသုတ်ခံရပါများလျင်
ချစ်ခင်လေးစားကြည်ညိုစိတ်ဖြင့်
ရွှေချခံသည်ထက်ပိုဆိုးနိုင်သည်။
မူလပုံစံပျောက်သွားပြီး
ပုံစံသစ်တမျိုးပေါ်လာနိုင်သည်။
အိုးမဲသုတ်သူ
အများစုသည်
တခြားတစိမ်းတရံများ
မဟုတ်တက်
မိမိ၏ အသိအကျွမ်း
မိတ်ဆွေများထဲက
ဓါတ်သိလူယုံများ
ဖြစ်နေတက်သည်။
လုပ်ငန်းတစ်ခု သို့
အဖွဲ့အစည်းတစ်ခု၏
အောင်မြင်မှုကို
ဆောင်ကြဉ်းပေးနိုင်တဲ့သူများသည်
မိမိအဖွဲ့ဝင်တွေက လွဲလို့
တခြားမည်သူမှ
မဖြစ်နိုင်သလို၊
မိမိအဖွဲ့ကို
ရစရာမရှိအောင်
ပျက်သုဉ်းအောင်
ဆောင်ရွက်နိုင်သူတွေဟာလည်း
မိမိ အဖွဲ့ဝင်တွေကလွဲလို့
တခြားမည်သူမျှမဖြစ်နိုင်ပါ။
လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ
သိစရာတွေ
နားလည်စရာတွေ
များပြားလွန်းလှပါသည်။
စားသုံးသူကို သိရမယ်။
ပြိုင်ဖက်တွေကို သိရမယ်။
ဈေးကွက်အကြောင်း
သိဖို့လိုသည်။
ထိုအထဲတွင်
မေ့မသွားသင့်သည်က
ကျော်မသွားသင့်သည်က
မိမိလူတွေရဲအကြောင်းကို
မိမိသိဖို့ဖြစ်သည်။
နောကြေဖို့လိုသည်။
အဖွဲ့ထဲတွင်
အိုးမဲသုတ်သူများများ
မပါလာဖို့လိုသည်။
သက်ကြီးရွယ်အို
လူကြီးသူမ
အထက်အရာရှိများကို
မလေးမစား
အိုးမဲမသုတ်မိဖို့လိုသည်။
အိုးမဲသုတ်နေသည်ကို
သုတ်ထားသည်ကို
အားမပေးဖို့
လက်ခုတ်မတီးဖို့လိုသည်။
အိုးမဲအသုတ်
မခံရအောင်နေဖို့လိုသည်။
ခံခဲ့ရလျင်လည်း
အမြန်ပြန်ဖျက်နိုင်အောင်
ကြံဆောင်ရမည်။
သင်္ကြန်မဟုတ်ဘဲ
အိုးမဲသုတ်ခြင်းဓလေ့မှ
ကင်းဝေးနိုင်ပါစေ။

Tuesday, March 7, 2017

Bicycle on Road

၁။ စက်ဘီးတွေများလာတယ်။
(က) ရောင်ပြန်တွေ မတပ်ထားတာများတယ်။
(ခ) တခါတရံ လမ်းစည်းကမ်းနားမလည်ဘူး။
(ဂ) ရောင်ပြန်တွေ ၀တ်တဲ့အလေ့မရှိဘူး။
ဒါကြောင့် 
(a) တာဝန်ရှိတဲ့သူတွေဟာ စက်ဘီးအများဆုံးစီးတဲ့ ဆိုဒ်တွေကို ရှာဖွေပြီး ပညာပေးသင့်တယ်။
(b) လုပ်ငန်းရှင်တွေကလည်း တိုက်တွန်းသင့်တယ်။
(င) အသုံးပြုသူတွေကလည်း ပူးပေါင်းလိုက်နာသင့်တယ်။