စာမေးပွဲ အောင်မြင်ဖို့ အတွက်
ဖြေဆိုရမည့် ဘာသာရပ် ကို သိရှိကျွမ်းကျင်ရုံနဲ့ မရပါဘုး။
စာမေးပွဲ ဖြေဆိုစဉ် သိရှိလိုက်နာသင့်
သည့်  အခြေခံ နည်းလမ်း များ ကို သိရှိခြင်းသည် စာမေးပွဲ အောင်မြင်ခြင်း ကို အထောက်အကူ
ဖြစ်စေပါတယ်။
စာမေးပွဲ မဖြေမှီ ၁ ပတ်
၁။ မေးခွန်းဟောင်းများကို
လေ့ကျင့်ပါ။
၂။ မေးခွန်းစာရွက် တွင် ဖော်ပြထားသော
ညွှန်ကြားချက်များကို လေ့လာပါ။ မေးခွန်း ဘယ်နှစ်ပုဒ် ဖြေရမယ်ဆို တာ လေ့လာပါ။
၃။ မေးခွန်းဟောင်းများ လေ့ကျင့်ရာတွင်
ဖြေဆိုရမည့် အပုဒ် အရေအတွက် အပေါ် မုတည် ၍ အချိန်သတ်မှတ်ပါ။
၎။ တစ်ပုဒ် အတွက် သတ်မှတ်ထားသော
အချိန်စေ့ ပါက နောက်တစ်ပုဒ် ဆက်ဖြေပါ။
၅။ ဖြေဆိုထားတာများကို
ပြန်စစ်ရန် အချိန် (၅) မိနစ်ချန်ထားပါ။
စာမေးပွဲ ခန်း သို့  မလာမှီ
၁။ ညဥ့်နက်တဲ့အထိ စာမကျက်ပါနဲံ့။
အိပ်ရေးဝဝအိပ်မှသာ မှတ်ဥာဏ်ကောင်းမှာပါ။
၂။ အာဟာရ ပြည့်ဝသော မနက်စာစားပါ။
၃။ စာမေးပွဲ ဖြေရမည့် နေရာ
နှင့် အချိန် ကို ပြန်စစ်ပါ။
၎။ စာမေးပွဲဖြေရမည့် နေရာ
ကို ဘယ်လို လာရမလဲဆိုတာ သိပါသလား။ မသိရင် ကြိုတင်မေးမြန်းပါ။
၅။ စာမေးပွဲသို့  ယုသွားရမည့်
ပစ္စည်းများ ကို သေချာစွာ စစ်ဆေးပြီး ထည့်ပါ။
(စာရေးကိရိယာ၊ မှတ်ပုံတင်၊
exam slip)
၆။ စာမေးပွဲခန်းမ သို့ 
အချိန်မှီ ရောက်အောင်သွားပါ။ ကားပိတ်တက်သည်ကို ဂရုပြူပါ။
စာမေးပွဲ စမဖြေခင်
၁။ မေးခွန်းစာရွက် သည် မိမိဖြေဆို
ရမည့် ဘာသာ ဟုတ်၊ မဟုတ် သေချာ ကြည့်ပါ။
၂။ မေးခွန်းအားလုံးကို
ဖတ်ပါ။
ဘယ်မေးခွန်း ကို အရင် ဖြေမလဲ စဉ်းစားပါ။ အမှတ်အသားလုပ်သွားပါ။
စာမေးပွဲ ဖြေဆိုနေစဉ်
၁။ အဖြေ နိုင်ဆုံးမေးခွန်းကနေ
စဖြေပါ။
၂။ ဖြေဆိုမည့် မေးခွန်းကိုသေချာ၊
မှန်ကန်စွာ ရွေးပါ။
၃။ မေးခွန်း တစ်ပုဒ် ထဲ
ကို အချိန် အများကြီး မပေးပါနဲ့။
၎။ အပုဒ်စေ့ဖြေပါ။
၅။ တစ်ပုဒ်စီ အတွက် သတ်မှတ်ထားသော
အချိန် အတွင်းတွင် ဖြေပါ။
၆။ ဘာမှ မဖြေဘဲ အလွတ်မထားခဲ့ပါနဲ
့။ ရသလောက် စဉ်းစားပြီးဖြေပါ။
၇။ Essay type အဖြေများ အတွက်
၅ မိနစ် ခန့်  အချိန်ပေး၍ အချက်အလက်များကို ကြိုတင်ပြင်ဆင်ပါ။
·
အဖြေအတွက် နိဒါန်း
·
အဓိက အချက်အလက်များ
·
နိဂုံး
မိမိစဉ်းစားထားသော အချက်အလက်များကို အစီအစဉ်တကျရေးပါ။
မိမိစဉ်းစားထားသော အချက်အလက်များကို အစီအစဉ်တကျရေးပါ။
စာမေးပွဲပြီးခါနီး အချိန်
·
စာမေးပွဲခန်းမှ
ဘယ်တော့မှ စောမထွက်ပါနဲ့ ။
·
ပြန်စစ်ပါ၊ လိုအပ်တာထပ်ဖြည့်ပါ။
·
၅ မိနစ် အချိန်ချန်ထားပြီး
ဖြေထားသမျှကို ပြန်စစ်ပါ။ မေးခွန်း နံပါတ် တပ်ထားမှု မှန်၊ မမှန် ပြန်စစ်ပါ။
·
စာမေးပွဲခန်း
မှ မထွက်ခင် ယူဆောင်လာသော စာရေးကိရိယာ၊ မှတ်ပုံတင်၊ exam slip များ ကို ပါ၊ မပါ သေချာစွာ
စစ်ဆေး ပြီးမှ ထွက်ပါ။
·
စာမေးပွဲ မေးခွန်းများကို
အပြင်သို့ မယူဆောင်ရပါ။