Sunday, March 9, 2014

Saturday, March 8, 2014

ပညာရေး ဝေးသည် မရှိ။


ပညာရေး ငွေပေး၍မရ။ ပညာရေးအတွက် ငွေကုန်ကြေးကျများတာကို မြင်ကြတယ်။ တွက်ကြတယ်။ ပညာရှာရင် ငွေလိုတာမှန်ပါတယ်။ အချိန်လဲ ပေးပါအုံး။ သင်တန်းတစ်ခုပြီးဖို့ ငွေ ဘယ်လောက်ကုန်မလဲ မေးသလို၊ တွက်သလို၊ အချိန်ဘယ်လောက်ပေးရမလဲ။ အချိန်ဘယ်လောက်ယူရမလဲဆိုတာလဲ ထည့်တွက်ကြပါ။ You need to invest money in education. Don't forget, you also need to invest your time as well.

Thursday, March 6, 2014

ရွှေသမင်တွေသာများနေရင် သားရွှေအိုး ထမ်းတာ မမြင်ရဘဲ နေလိမ့်မယ်။


သားရွှေအိုး ထမ်းတာပဲ မြင်ချင်ပါတယ်။ ရွှေသမင်တွေသာများနေရင် သားရွှေအိုး ထမ်းတာ မမြင်ရဘဲနေလိမ့်မယ်။ ဘုရားအလောင်းဇာတ်တော်တွင် သု ဟူသော စကားလုံးသည် သုဝဏ္ဏသာမဇာတ်ဖြစ်ပါသည်။ ဇာတ်တော်တွင် အတိတ်ဘ၀ ကုသိုလ်ကံကြောင့် မျက်စိနှစ်ကွင်း အလင်းမရရှာသော ရသေ့ဝတ် မိဘနှစ်ပါးကို အလုပ်အကျွေးပြုနေသော သုဝဏ္ဏသာမ သတို့သားကို တောလည်ထွက်လာသော ပီလိယက္ခမင်းကြီးဧ။် မြှားချက်ကြောင့် အဆိပ်တက်မေ့မြောနေခဲ့သည်။ မြှားဆိပ်မိနေသော သတို့သားကို မှန်ကန်သော သစ္စာဆိုခဲ့ကြသဖြင့် အသက်ဘေးမှ လွတ်ကင်းခဲ့သည့်အပြင် ချမ်းသာစွာနေခဲ့ရသည်ကို ပြန်လည်အမှတ်ရမိပါသည်။ သစ္စာဆိုရာတွင် အတိတ်ဘဝက တော်စပ်သော မယ်တော်နတ်သမီး မျက်စိနှစ်ကွင်းအလင်းမရသော မယ်တော်နဲ့ ဖခမည်းတော် မြှားဖြင့်ပစ်ခွင်းခဲ့သော မင်းကြီးကိုယ်တိုင် လူစုံတက်စုံ ညီညီညာညာ သစ္စာဆိုခဲ့သည်။ သစ္စာဆိုရာတွင် ရွှေသမင်တို့မပါဝင်ခဲ့ကြပေ။ ရေခတ်ရာတွင်သာ လှလှပပ ကျော့ကျော့မော့မော့ ဘေးမှ လိုက်ပါလေ့ရှိသည်။ အကယ်ရွေ့သာ ကိုယ်နှင့်မဆိုင်သလို နေသာသလို နေနေကြသော ရွှေသမင်တွေသာများနေပါက သားသေဆုံးရမှာဖြစ်ပါသည်။ သစ္စာအစွမ်းထက်ခဲ့သည်အပြင် လူစုံတက်စုံပါဝင်ခဲ့ကြသည်။ အသက်မသေသည့်အပြင် သားရွှေအိုး ထမ်းခဲ့ပေသည်။ သစ္စာအစွမ်းကြီးမားလှပေစွ။ စုပေါင်းအားသည် ကြီးလှပေစွ။ ယခင် လက်ဖက်ရည်ဆိုင်များနေရာတွင် ဘီယာဆိုင်များနေရာယူလာကြပြီဖြစ်သည်။ တောရော မြိုပါမကျန် လှည်းနေ လှေအောင်း နေရာအနှံ အရက် ယမကာဆိုင်များ ပေါ်ပေါက်နေပေပြီ။ အရက်သီးသန့်ရောင်းချသော ဆိုင်များပါ အလှိုလှိုပေါ်လာနေကြပြီဖြစ်ပါသည်။ ရေနွေးကြမ်းဝိုင်းများနေရာတွင် ခွက်ပုန်းဝိုင်းများ အစားထိုးလာကြပြီ။ အရင်က လက်ဖက်ရည်ဆိုင်တွင် အမျိုးသားများထိုင်နေကြသဖြင့် အမျိုးကောင်းသမီးများက အခြားတဖက်မှ တက်နိုင်သမျှ ရှောင်ကွင်းသွားခဲ့သောကာလလွန်ပြီး ကိုရီးယားယဉ်ကျေးမှု့နှင့်အတူ ဘီယာယဉ်ကျေးမှု့က အမျိုးသား၊ အမျိုးသမီးများပါ အတူတွဲထိုင်နိုင်စေခဲ့ပြီ။ ကျင့်သားရနေပြီဖြစ်ပါသည်။ အရက်ကြောင့် နောက်ဆက်တွဲ အကျိုးဆက်များကို သတင်းစာများ၊ ဂျာနယ်များတွင်သာမ မိမိတို့နေထိုင်ရာ ရပ်ကွက်များတွင်ပင် ကြားသိ ခံစားနေကြရပြီဖြစ်ပါသည်။ လူငယ်များ။ လူငယ်တော်တော်များများသည် ညနေအချိန်များတွင် ဘီယာ၊ အရက်များဖြင့် ကုန်ဆုံးနေကြသည်။ တချိန်က အရက်သောက်ခဲ့လျင် အိမ်ကို ပိပိရိရိပြန်ရသည်။ အရက်သောက်ပြီး အိမ်ပြန်ရမှာကို သေမလောက်ကြောက်ခဲ့ကြသည်။ ယခုများစွာကွာခြားသွားခဲ့ပြီ။ လူငယ်များ ညနေတိုင်း အရက်ဝိုင်းများတွင်ထိုင်နေကြခြင်းသည် မည်သူနှင့်မျှ မဆိုင်သလို ထိုင်ကြည့်မနေသင့်တော့ပါပြီ။ ထို့ကြောင့် ဖြစ်စဉ်တွင်ပါဝင်ကြသူများ သစ္စာဆိုကြရမည့်အချိန်ဖြစ်ပါသည်။ သစ္စာဆိုသည်မှာ မှန်ကန်ခြင်းဖြစ်ပါသည်။ ပါဝင်သူများ တက်ညီလက်ညီ မှန်ကန်စွာ ဆောင်ရွက်ကြရမှာဖြစ်ပါသည်။ ထုတ်လုပ်သူများသည် အရည်အသွေးကောင်းမွန်သော ဘေးဥပဒ်ကင်းရှင်းသော အမျိုးအစားများကို ဈေးကွက်သို့ တင်ပို့ရမည်ဖြစ်ပါသည်။ အမှတ်တံဆိပ်တူတူဖြင့် ရေသန့်ဟု ဆိုကာ အရက်ကို အရက်ဖြင့် ကြော်ငြာပုံစုံများကလည်း မနည်းမနော။ တပိုင်တနိုင် သောက်နိုင်သော၊ ထုတ်ပိုးမှု့ပုံစံဖြင့် တခါသောက်ပုံစံများဖြင့် နမူနာဆိုကာ ဖြန့်ချီမှုများလည်းတွေ့နေရသည်။ တာဝန်ယူသောက်သုံးပါ၊ ရေချိန်ကို သိပါဆိုသော ကြော်ငြာများလည်း မြင်တွေ့ခဲ့ရဖူးသည်။ အရက်သောက်သဖြင့် ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သော ဆေးများလည်း တွင်တွင်ကြေငြာနေသည်။ အရက်ကြောင့် ဖြစ်ရသော နောက်ဆက်တွဲများဆိုးကျိုးများကို အလုံးစုံ ဖြေရှင်းပေးနိုင်သော ဆေးများလည်း ကြော်ငြာရောင်းချနိုင်ရန်လည်း ကြိုးစားရန်လိုသေးသည်။ ကြေငြာရာတွင် စည်းမျည်း၊ စည်းကမ်းများကို အတိအကျလိုက်နာရန်လိုသည်။ တာဝန်သိသော တာဝန်ရှိသော ကြေငြာများဖြစ်ရန် စွမ်းဆောင်ကြရမည်ဖြစ်ပါသည်။ ကြော်ငြာလက်ခံသူများကလည်း အရက်ကြေငြာမဟုတ်ဟုဆိုကာ ဇွတ်မျက်စိမှတ် လက်မခံသင့်ပါ။ ကြော်ငြာဗနိုင်းများကိုလည်း မိမိတို့ဧ။် အိမ်၊ ခြံနေရာပေါ်တွင် အလွယ်တကူလက်သင့်မခံသင့်ပေ။ လက်လီအရောင်းဆိုင်များသည်လည်း ရောင်းချရာတွင် စိစစ်ရောင်းချသင့်ပါသည်။ ဆိုင်းဘုတ်တပ်ရုံဖြင့် မပြီး၊ လက်တွေ့လိုက်နာနိုင်ရန် ကြိုးပမ်းရမည်။ ရင်းနှီးမြှုပ်နှံမှု့ကော်မရှင်သည်လည်း အမျိုးသားအကျိုးစီးပွားကို ရေရှည့်မျှော်ကိုးကြည့်သင့်ပါသည်။ အခွန်ကောက်သည်လည်း ထိရောက်မှု့ရှိသင့်ပါသည်။ ကျောင်းများ၊ သာသနိက အဆောက်အဦများအနီးတွင်လည်း မရှိသင့်ပါ။ နယ်စပ်မှတင်သွင်းသူများကိုလည်း စနစ်တကျ ကြပ်မတ် ဆောင်ရွက်သင့်ပါသည်။ သောက်သုံးသူများကလည်း တာဝန်သိသိ သောက်သုံးသင့်ပါသည်။ ဥပဒေအရမဟုတ်သော်လည်း ကောင်းမွန်သော အလေ့အထကောင်းများမွေးမြူသင့်ပါသည်။ သူငယ်ချင်းအချို့ ဘုရားတွင် အရက်လှူဒါန်းသည်ကို မြင်တွေ့ဖူးပါသည်။ လက်လီဆိုင်များတွင် မှတ်ပုံတင်ကဒ်ပြသပြီးမှ ရောင်းချပေးသည်ကိုလည်း မြင်တွေ့ဖူးပါသည်။ ညနေချိန်တွင် အရက်ရောင်းချခြင်းမရှိသည်ကိုလည်း ကြားသိရပါသည်။ တရားပွဲလမ်းများတွင် ဆိုင်များပိတ်ပေးထားကြသည်များကိုလည်း မြင်တွေ့ဖူးပါသည်။ ကြေငြာများတွင်လည်း တာဝန်အသိပေးသော စာများတွေ့ရဖူးပါသည်။ ကျင့်ဝတ်နှင့်အညီကြေငြာများလည်းတွေ့ရဖူးပါသည်။ မိမိတို့ နေအိမ်၊ ခြံများတွင်လည်း နေကာ၊ လေကာ၊ မိုးကာပြီးစလွယ်ဖြင့် နေရာမပေးသော သူများကိုလည်း တွေ့ဖူးပါသည်။ အများပြည်သူများ သွားလာ အပန်းဖြေရာများတွင်လည်း အသိပေးဆိုင်းဘုတ်များဖြင့် အသိပေးတားမြစ်ထားသည်ကိုလည်း တွေ့မြင်ဖူးပါသည်။ အတိတ်ဝတ်ကျွေးကြောင့် မျက်စိကွယ်နေသော မိဘပြည်သူများကို အလုပ်အကျွေးပြုမည့် နိုင်ငံအနာဂါတ် လူငယ်မျိုးဆက်သစ်များ ယစ်ရွှေရည်မျှားဆိပ်မှ အမြန်ပျောက်ကင်း သက်သာရန် သစ္စာဆိုကြရမည့် အချိန်အခါဖြစ်ပါသည်။ သစ္စာအစွမ်းကြီးမားလှပါသည်။ စုပေါင်းအားသည် ကြီးလှပါသည်။

Wednesday, March 5, 2014

Proberv

Learning can happen everywhere. It doesn't exist only in the classroom. သွားပါများ ခရီးရောက်။ မေးပါများ စကားရ။ မအိပ်မနေ အသက်ရှည်။ တန်ဆေးလွန်ဘေး။

Lenses


We must have two lenses. One for short term and the other for long-run. If you are too short-sightedness, you will be tremble with daily operation and implementation. If you are too long-sightedness, you will be loss your way. In the age of Globalization, we must have two perspectives, one for Local and the other for Global. We must take advantage of localized knowledge into Global Village. Absorbing too much Global perspective, will harm your way, your value, your culture.

Monday, March 3, 2014

Creative destruction


Destroy your self before you were destroy by your enemy. That's why the term creative destruction is used. If you content with your success, you will be a loser very very soon. Success itself is self-destruction. Creation is also a destruction. Which one do you prefer? ပိုမိုကောင်းအောင် ဖျက်စီးရအောင်။ တီထွင်ခြင်းသည် ဖျက်စီးခြင်းဖြစ်သည်။ (Creative destruction) အသစ်က အဟောင်းကို အစားထိုး အနိုင်ယူသွားလေ့ရှိသည်။ မိမိတို့ အသစ်ကို မဖန်တီးနိုင်လျင် ပြိုင်ဖက်(သို့)အခြားသူများက မိမိတို့အစား ဖန်တီးပေးသွားလိမ့်မည်။ ဒါ့ကြောင့် အသစ်များဖန်တီးနိုင်အောင် ဓလေ့ကောင်းများ မွေးမြူပေးကြရမည်။ ကိုယ့်ဘာသာ ကိုယ့်စံချိန်ကို ချိုးဖို့လိုသည်။ ကိုယ့်ရောင်းအား ကိုယ်ပြန်သတ်ဖို့လိုသည်။ (Carnivalize your sales) အောင်မြင်သည်ဟု ယူဆလျင် ကျဆုံးဖို့ခြေလှမ်းအစဖြစ်သည်။ အောင်မြင်ချင်းသည် မိမိကိုယ်ကို ကျဆုံးစေသည်။ သူများမဦးခင် ပိုမိုကောင်းအောင် တီထွင်ဖျက်စီးရအောင်

Sunday, March 2, 2014

အလုပ်လိုချင်ပါသည်


အလုပ်မရနိုင်သည့် အဓိက အကြောင်းအရင်း အလုပ်မလုပ်လို့ အလုပ်ရချင်လျှင် ဒီမေးခွန်းတစ်ခုသာဖြေပါ။ ဒီလုပ်ငန်းကို ပိုမိုအောင်မြင်စေချင်ရင် ဒီလိုလုပ်။