Thursday, March 27, 2014

Succession plan

A company is a small size of country and a big size of family. Ensure your success, with Succession Plan.
 (၁) အနော်ရထာနှင့် ကျန်စစ်သား(စောလုး)
(၂) ကျန်စစ်သားနှင့် အလောင်းစည်သူ (ရာဇကုမ္မာ)
(၃) ထီးလိုမင်းလို
(၄) တပင်ရွှေထီးနဲ့ ဘုရင့်နောင်
(၅) ဘုရင့်နောင်နဲ့ သားတော်
(၆) အလောင်းမင်းတရား (သားတော်အစဉ်အတိုင်း)
(၇) မင်းတုန်းမင်းနဲ့ ညီတော် ကနောင်
(၈) မင်းတုန်းမင်းနဲ့ သီပေါ အကူးအပြောင်းကာလအတွက် ပြင်ဆင်ပါ။
ဆက်ခံမည့်သူကို ရွေးချယ်ပါ။ ဆက်ခံမည့်သူကို သင်ကြားပေးပါ။ လက်ဆင့်ကမ်းပါ။

Wednesday, March 26, 2014

သူရဲကောင်းတွေ ပေါတဲ့ တိုင်းပြည်

Employer Branding - The best place to work - Employer of Choice - မောင်မာဃ သုံးကျိပ် သုံးယောက် = - ပုဂံသူရဲကောင်းလေးယောက် ကျန်စစ်သား။ ငထွေးရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး။ = အလောင်းမင်းတရား မင်းရည်တက် ခြောက်ကျိပ်လေးယောက်။ = ဗိုလ်အောင်ဆန်း ရဲဘော်သုံးကျိပ် = မိဖုရားကို စွဲလန်းမိလို့ စစ်ထွက်နောက်ကျနေရတာပါ ဘုရား။

လူပီတီ

အမ်ပီတီကို ချစ်ရင် လက်ထောင်ပါ။ ဘယ်သူမှ လက်မထောင်ကြဘူး။ မျက်နှာတွေကလည်း သုန်သုန်မှုန်မှုန်နဲ့။ ကိုယ့်ကိုကို ချစ်ရင် လက်ထောင်ပါ။ ဘာပြောကောင်းမလဲ ပရိတ်သတ်ကြီး။ လက်တွေ လက်တွေ မြှောက်လိုက်တဲ့ လက်တွေ။ ဒါနဲ့ အမ်ပီတီကို မချစ်ရတာလဲ။ အရင်တုံးကတော့ မျက်စိမှတ်ပြီး ချစ်ခဲ့ကြိုက်ခဲ့ကြသေးတယ်လေ။ လူအတော်များများ အမ်ပီတီကို ဈေးကြီးကြီးနဲ့ ကာလပေါက်ဈေးထက်ပိုပေးပြီး ၀ယ်ကိုင်ခဲ့ကြသေးတာပဲလေ။ ဘာဖြစ်လို့ အမ်ပီတီကို အခုမှ မချစ်ရတာလဲ။ အဖြေက ရှင်းပါတယ်။ ကြားလေသွေးလို့အေးလာတာပါ။ ပြိုင်ဖက်တွေ ၀င်လာနေပါပြီ။ ၀န်ဆောင်မှု့တွေပြိုင်ဆိုင်ကြတော့မှာဖြစ်ပါတယ်။ ဈေးနှူန်းတွေပြိုင်ဆိုင်ကြရတော့မှာဖြစ်ပါတယ်။ ပြိုင်ဖက်တွေက လက်တွေဆောင်ရွက်ခွင့် မရသေးပေမဲ့ အချက်ပြနေပါပြီ။ သရီးဂျီရမယ်။ အင်တာနက်ရမယ်။ တမိနစ်ခေါ်ဆိုခ ဘယ်လောက်ပဲပေးရမယ်ပေါ့။ စသည် စသည်ဖြင့်... ၀န်ထမ်းအင်အား ကြော်ငြာအင်အား... အင်နဲ့အားနဲ့ ထိုးဖေါက်ဖို့တာဆူနေကြပါပြီ။ ပြည်တွင်းဖြစ်ကို အားပေးချင်ပါတယ်။ အားပေးခဲ့ပါတယ်။ အားပေးနေပါတယ်။ ဒါပေမဲ့ ဆက်အားပေးဖို့ မသေချာတော့ဘူး။ ဆက်လက်သစ္စာမရှိနိုင်တော့ဘူး။ လက်တွဲဖို့ မဖြစ်နိုင်တော့ဘူး။ အမှတ်တံဆိပ်တစ်ခုတည်းကို ဆက်တိုက် တစိုက်မတ်မတ် အားပေးတယ်ဆိုတာ သူထက် ကောင်းတဲ့ဝန်ဆောင်မှု့ မပေါ်သေးလို့ဆိုပါတယ်။ သီအိုရီတွေ မှန်ပါတော့မယ်။ အခု အမ်ပီတီကိုလည်း အတော်များများ ဒီလိုမြင်နေကြပါပြီ။ အဝိုင်းလေး လည်နေတယ်။ World Wide Wait ပဲ။ လိုင်းမမိဘူး။ လိုင်းကျပ်တယ်။ ဈေးကြီးတယ်။ လိုသလောက်မရဘူး။ ဝန်ဆောင်မှု့ညံဖျင်းတယ်။ ဆန်းသစ်တီထွင် အားမရဘူး။ မကောင်းတာတွေစုံလို့..... အရင်က သစ်မရခင် ၀ါးပေါင်းကွပ်ခဲ့ကြတယ်။ အခုတော့ ငြမ်းဖျက်ရတော့မယ်။ အမဲဖျက်ကြတော့မယ်။ အခုလို အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးမှာ စားသုံးသူ မကြိုက်တဲ့ အားမရတဲ့ မပြုပြင်တဲ့သူတွေရဲ့ နေ၀င်ချိန်တွေဖြစ်လာတော့မှာပါ။ ဒီမှာ Disinvest နဲ့ Harvest တွေကို ရှင်းချင်ပါတယ်။ လုပ်ငန်းကြီးတွေဟာ အရှုံးပေါ်တယ်ဆိုပြီး ရောင်းချတယ်။ တနည်းပြောရရင် ရတဲ့ဈေးနဲ့ရောင်းတယ်။ တိတ်တိတ်ဈေးနဲ့ရောင်းတယ်။ လက်သိပ်ထိုးပြီးရောင်းတယ်။ နိုင်ငံအနေနဲ့ Disinvest ပါ။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကတော့ Harvest ပါ။ အချီကြီးဝါးမျိုသွားကြတယ်။ ပြိုင်ဖက်တွေက ဆက်သွယ်ရေးလုပ်ငန်းကြီးကို ဈေးကွက်ကြီးတစ်ခုအနေနဲ့မြင်ပါတယ်။ ဈေးကွက်ကြီးက အဆပေါင်းများစွာ ကြီးလာတော့မှာကို။ ကိုယ့်ပြိုင်ဖက်တွေက အင်နဲ့အားနဲ့ ဈေးကွက်တည်ဆောက်နေချိန်မှာ အမ်ပီတီကို ကျနော်တို့တတွေ အားမရဘူး။ အားမရှိဘူး။ ဒါကြောင့် သူ့ရဲ့ဝန်ဆောင်မူ့ကို လုံးဝမလိုချင်တော့ဘူး။ Double or Quit လေးငါးဆယ်လှမ်းလှမ်းနိုင်မှ တော်ကာကြမယ်လို့ ဗိုလ်ချုပ်က ၁၉ ၄၀ ခန့်က မိန့်ခွန်းပြောခဲ့ဖူးတယ်။ ယနေ့ ၂၀၁၄ ...... လုပ်ငန်းက စွဲဆောင်မှုရှိတယ်။ အမြတ်ကမနည်းမနော။ သုံးစွဲသူတွေကလည်း အရှိန်အဟုန်နဲ့များလာအုံးမှာ။ ခေတ်ကလည်း မိုဘိုင်းခေတ်ဖြစ်အုံးမှာ။ ကိုယ်ရဲ့ စွမ်းရည်က လည်းကောင်းတယ် ဒါဆိုရင် ... ဒီဈေးကွက်ကြီးဟာ.... သံလျက်ဖြစ်ငြား သွေးမထား (ချင်း) ဓါး လိုခါ မခက်လော။ ရင်လေးတယ်။ အမ်ပီတီရယ်ပေါ့။ သူများအကြောင်းပြီးတော့ ဒါဆိုရင် ကိုယ်ကိုကိုယ်ရော ဘယ်လိုမြင်ပါသလဲ။ လူငယ်တွေဆိုတော့ အတက်ကြွဆုံးအချိန်ပေါ့။ လုပ်ကိုင်လို့ အကောင်းဆုံးအချိန်ဆိုပါတော့။ အားအင် အရှိဆုံးအချိန်ဆိုပါတော့။ အနာဂါတ်ကလည်း အရင်ကထက်စာရင် အများကြီး မျှော်လင့်ချက်တွေ အပြည့်နဲ့ ကုမ္ဗဏီကြီးတွေ တဖြည်းဖြည်းများလာတယ်။ နေရာတွေ။ ရာထူးတွေ။ လခတွေ အရင်ကထက်ပိုပြီး စွဲဆောင်မှု့ရှိလာတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ လိုအပ်ချက်က ..... တချို့လုပ်ငန်းတွေဆို စင်္ကာပူအထိသွားပြီ အလုပ်သွားခေါ်နေတာတွေ။ အလုပ်မှာ နိုင်ငံခြားသားအရာရှိတွေများ လာနေတာတွေက ကျနော်တို့ရဲ့ အနာဂါတ်ကို စိန်ခေါ်နေလေရဲ့။ ဒီလိုအချိန်မှာ ကျနော်တို့တတွေရဲ့ ကြိုးစားမှု့က တကယ်ပဲ နှစ်ဆလား။ လစာကိုရော များများစားစား မရလဲ အေးဆေးပါ ရပါတယ်ပဲလား။ လုပ်တက် ကိုင်တက် မျက်နှာလွဲလို့ ရနိုင်နေပြီလား။ စိန်ခေါ်မှု့အသစ်တွေအတွက် ရင်ဆိုင်နိုင်ကြပြီလား။ ဆန်းသစ်တီထွင်နိုင်ရဲ့လား။ မဟုတ်ခဲ့ရင်တော့ အမ်ပီတီကို တူးတူးခါးခါး ကိုယ်က လက်မခံသလို ကိုယ့်ကို နိုင်ငံတကာလုပ်ငန်းကြီးတွေကလည်း ဘယ်သောအခါမှ လက်ခံမှာ မဟုတ်ဘူး။ လစာကလည်း များများလိုချင်တယ်။ ရာထူးကလေးကလည်း ကောင်းအုံးမှ။ ကုမ္ဗဏီကြီးကြီးမှာလည်းလိုချင်တယ်။ ရပိုင်ခွင့်တွေကိုလည်း စိတ်ဝင်စားတယ်။ ဒါပေမဲ့ တစ်ခုခု မေးလိုက်ရင် ခေါင်းလေးကုတ်နေ။ တစ်ခုခု ပြောလိုက်ရင် ပြူးတူးပြဲတဲပြန်ကြည့်။ အေး ဒါဆိုရင် ငါလဲ အမ်ပီတီလိုပဲပေါ့။ လူအမ်ပီတီ။ လူပီတီ။ ကိုယ်ကိုကိုယ် တကယ်ချစ်တဲ့သူတွေ လက်ထောင်။ အမ်ပီတီကို မုန်းတဲ့သူတွေ လက်ထောင်။

Friday, March 21, 2014

Starving

When I was eating, my parents told me, "Finish your dinner. People in China are starving." When I was studying, my lecturer told me, "Finish your homework, People in Singapore are starving for their success." When I was doing team work, my leader told me, "Finish your project, People in Japan are starving for Quality." When I was working, my boss told me, "Finish your work, People in neighboring countries are starving for your job." When I met with these questions, Don't you think, I am starving for nothing."

Success Formula


အောင်မြင်ဖို့အတွက် ဖေါ်မြူလာရှိတယ်။ သူများထက် ပိုကောင်းအောင်လုပ်တာရယ်။ ဈေးပေါတာရယ်။ ၀န်ဆောင်မှု့ကောင်းတာရယ်။ ဒီသုံးခုထဲက နှစ်ခုကို ပေးနိုင်ရမယ်။ ပြိုင်ဆိုင်မှု့အရမ်းများတဲ့ ခေတ်မှာ အောင်မြင်ရုံနဲ့ အလုံလောက်တော့ဘူး။ အကောင်းဆုံး ဖြစ်နေအောင် ပြင်ဆင်ထားရမယ်။ The culture is not the past and tradition, brings the success and excellence to you, your organization and your country. မရှိလို့ လုပ်စားတာ ဖြည်းဖြည်းပေါ့။ တစ်သက်လုံး လုပ်ရမဲ့ အလုပ် ဖြည်းဖြည်းပေါ့။ တကယ်ဖြစ်ချင် တကယ်လုပ်အဟုတ်ဖြစ်ရမယ်။ သူများထက် သာရမယ်၊ ကောင်းရမယ်။

Owner and Management


စကားလုံးများ


ကျနော် ရောနေသော စကားလုံးများ ပြည်သူပိုင် အများပိုင် ပုဂ္ဂလိကပိုင် တစ်ဦးပိုင် အစုစပ် အများပိုင် ကုမ္မဏီ