လုပ်ငန်းခွင်မှာ ဖြစ်တတ်တဲ့ ပြဿနာများ
Part-1(5min)
1.ဆရာတို့ စီးပွားရေး လုပ်ငန်းခွင် ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတွေပေးနေတာ ဆိုတော့ သီအိုရီ အရရော တကယ် လုပ်ငန်းခွင်မှာကော ဆရာတို့ ကြားနေရတဲ့ လုပ်ငန်းခွင်ပြဿနာ တွေကို ပြောပြပေးပါဦး။
ပြသနာတွေဖြေရှင်းနေရင်းနဲ့ အချိန်ကုန်တက်ကြပါတယ်။
ဘာပြသနာတွေလဲလို့ မေးရင် လုပ်ငန်းနဲ့ မဆိုင်တဲ့ ပြသနာတွေ၊ လူမှုရေး၊ ပုဂ္ဂလိကအရေးတွေကို ဖြေရှင်းနေရင်နဲ့ အချိန်ကုန်နေတက်ကြပါတယ်။
2. လုပ်ငန်းခွင်ထဲမှာ ပြဿနာ ဖြစ်လာရင် ဘယ်လိုပုံစံမျိုး ဖြေရှင်းရင် အကောင်းဆုံးဖြစ်မလဲ။
ပြသနာရှိရင် အဖြေရှိရမှာပါ။
အခုပြသနာတွေပြီ။
ဒီပြသနာတွေရဲ့ အရင်းအမြစ်က လူတွေပဲ။
နားလည်းမှုလွဲနေတက်ကြတယ်။
ကိုယ်လုပ်မှအလုပ်လို့ ထင်တက်ကြတယ်။
ကိုယ့်အလုပ်ကမှ အရေးကြီးတယ် ထင်နေတက်ကြတယ်။
တကိုယ်ကောင်းဆန်တာများသွားတက်တယ်။
အဖွဲ့အစည်းစိတ်ဓါတ်နည်းသွားတက်တာတွေက အခြေခံတွေပါပဲ။
သူမှားသလားဆိုတော့ ဒီလိုလည်းမဟုတ်ဘူး။
သူမှန်သလားဆိုတော့လည်း ၁၀၀ ရာခိုင်နှူန်းမဟုတ်ဘူး။
ဒီလိုပြသနာမျိုးတွေက ဖြေရှင်းရတာ အဆိုးဆုံးပါ။
ဖြေရှင်းမဲ့သူအနေနဲ့ အချက်အလက်တွေအားလုံးကို အရင်စုစည်းထားသင့်တယ်။
ပွင့်ပွင့်လင်းလင်းဖြစ်အောင်ဖြေရှင်းရမယ်။
3. ပထမဆုံး ပြောချင်တာက နားလည်မှု လွဲတာပေါ့ တစ်ချို့က မဖြေရှင်းကြဘူး ဖြေရှင်းရင်ကော ဘယ်လိုပုံစံမျိုးနဲ့ ဆရာ့ အမြင်လေးကို ပြောပြပါဦး။
ဖြေရှင်းနည်းက နှစ်မျိုးပဲရှိတယ်။
လွတ်ထားတာရယ် ရင်ဆိုင်ဖြေရှင်းတာရယ်ပေါ့။
Part-2(5 min)။
1.နောက် တစ်ချို့က လူမှုဆက်ဆံရေး အားနည်းတာလို့ပြောရမလား ဆရာ သတ်မှတ်ထားတဲ့ အချိန်ထဲမှာ သတ်မှတ်ထားတာကိုပဲ တိတိကျကျလုပ်တယ် ။ ညှိနှိုင်းလို့မရတာမျိုးပေါ့ဆရာ.အဲလိုလူမျိုးနဲ့ ကြုံရင်ဘာလုပ်ရမလဲ။
မန်နေဂျာနှစ်မျိုးရှိနိုင်တယ်လေ။
အလုပ်ကို ဂရုစိုက်တဲ့သူရယ်။ လူကို ဂရုစိုက်တဲ့သူရယ်ပေါ့။ ပထမအမျိုးအစားဖြစ်မယ်။ အလုပ်မှ အလုပ်ပဲ။ ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲ လိုချင်တဲ့သူမျိုးပေါ့။ အခြေအနေ အချိန်အခါဆိုတာရှိတယ်လေ။
2.လုပ်ငန်းခွင်မှာ ဖြစ်တာဆိုတော့ နှစ်ဦးနှစ်ဖက် ပေါ့နော် ။ ခုနက လို ကိုယ်ကလိုက်လျော ညီထွေမှုမရှိတာကို ပြောင်းချင်တဲ့သူကကော ဘာလုပ်သင့်လဲ။
အဓိကက အသင်းအဖွဲ့စိတ်ပေါ့ တင်းဝေါ့(ခ)ပေါ့ရှိအောင် ဖန်တီးပေးရမယ်။
အဖွဲ့ရဲ့ ခံယူချက်ကို မိမိခံယူချက်နဲ့ တသားဖြစ်အောင် ဖန်တီးရမယ်။
ပွင့်လင်းစွာဆက်ဆံရမယ်။ ပြောဆိုရမယ်။
3.နောက် ဆရာ ခုနက ဆရာပြောသလိုပဲ လုပ်ငန်းခွင်မှာ နောက်ကွယ်မှာပြောတဲ့ အဖြစ်တွေ လည်းရှိတယ်နော်။
နောက်ကွယ်မှာပြောတက်ကြတယ်။
နောက်ကျောဓါးနဲ့ထိုးတယ်ပေါ့။
ဒါက နိမ့်ကျတဲ့ စိတ်ဓါတ်တွေပေါ့။
ကျနော့်ကို သဘောမကျရင်
ကျနော့ကို သဘောကျရင်
4.နှစ်ဦးနှစ်ဖက် ၊ လုပ်ငန်းခွင်မှာ လူမှုရေးပြဿနည်းအောင်လို့ ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း ဆရာရဲ့ အတွေ့အကြုံနဲ့ မျှဝေပေးပါဦး။
ငါ ဆိုတာမရှိမှ ဖြစ်မှာ။
ငါတို့တတွေဆိုတဲ့ စိတ်ဓါတ်မွေးကြရမယ်။
They hate us, because they are not us.
Great People talk about Process, Small People talk about People.
Part-3(5min)
1.နောက် လုပ်ငန်းခွင်ဆိုတာ ဝန်ထမ်း အချင်းချင်းမှ မဟုတ်ပါဘူး customer တွေနဲ့လည်း တွေ့ရတာဆိုတော့ customer တွေနဲ့ပြဿနာတက်ရင် ဘယ်လို ဖြေရှင်းရင် အကောင်းဆုံး ဖြစ်မလဲ။
ဈေးဘာကြောင့်လာဝယ်ကြသလဲဆိုတဲ့ မေးခွန်းကို အရင်မေးကြည့်ရအောင်။
ပြသနာဖြစ်လို့ ပြသနာရှိလို့ ၀ယ်ကြတာပါ။
လိုအပ်လို့ ၀ယ်ကြေးဆိုရင် မောကြီးတစ်ခုလုံး ၀ယ်ထားရမယ်။
အပ်ကအစ လေယာဉ်ပျံအထိလိုနေတာပဲလေ။
ဒါကြောင့် ကိုယ့်အနေနဲ့က သူ့ပြသနာကို ဖြေရှင်းပေးဖို့ ကြိုးစားကြရမယ်။
ကိုယ့်ရဲ့ ပြသနာက ဈေးရောင်းရဖို့ဆိုတာကို ဦးစားပေးလွန်းရင် ပြသနာပေါ် ပြသနာထပ်နေလိမ့်မယ်။
သူ့ပြသနာကို ဖြေရှင်းရင်းနဲ့ ကိုယ့်ပြသနာကို သူဖြေရှင်းပေးပါလိမ့်မယ်။
သူက ပြသနာရှာတယ်ဆိုရင် နံပတ်တစ် စားသုံးသူ အမြဲတမ်းမှန်တယ်။
စဉ်းမျဉ်းနံပါတ် ၂။ မှားနေတယ် ထင်ရင်တောင် သူမှန်နေတယ်ပဲ စဉ်းစားရမယ်။
စားသုံးသူကို လေးစားရမယ်။
ကိုယ်တွေက သူတို့ကို အသုံးတော်ခံ ဖျော်ဖြေခံတွေပေါ့။
ကိုယ့်ရဲ့ အမူအရာတွေကို ဂရုစိုက်ဖို့လိုပါတယ်။
အကြည့်တချက်။
အပြောတခွန်း။
ရိုင်းပြသွားရင်။
2.နောက်လုပ်ငန်းခွင်မှာ ဘယ်လို ဆက်ဆံရေး တာဝန်ယူမှုတွေက အောင်မြင်မှုဖြစ်နိုင်မလဲ ဆိုတာပြောပြရင်း နှုတ်ဆက်ပေးပါဦး။
နားလည်းမှုကို တည်ဆောက်ဖို့ လိုပါတယ်။
ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့လိုပါတယ်။
ဖိုင်း (တစ်ခုမှားရင်) ဖိုင်း…. အမှားရှာနေတဲ့ ပတ်ဝန်းကျင်ကို ပြင်ရမယ်။
အပြုသဘောဆောင်တဲ့ ရိုင်းပင်းတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ကြရမယ်။
အလုပ်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရတာက အတော်ဆိုးတဲ့ ပြသနာပါ။
ဘုရားဟောထဲမှာလည်းရှိတယ်။ ပုဂ္ဂလသဘ္ဘာရ မတည့်ရင် တရားထူးမရနိုင်ဘူး။
စိတ်ခွန်အားတိုးဖို့အတွက် Colleageus and Sကpervior
Monday, January 12, 2015
မြွေပွေးတွင်းလူး
မြွေပွေးတွင်းလူး ရေးနည်း
ဒီတိုင်းသွား...
အရှင်လတ်..
မြေမြှုပ်ခံ..
မြင်နေရ...
ရင် လတ် ကိန်း သည်......
Your environment is keep moving and changing faster than ever. So keep moving with the current and keep abreast with the time.But one thing is "Inertia," we have been in the state of rest and motionless for long, so we must change this habit or culture, unless you will be buried alive
Wednesday, January 7, 2015
အခုတော့
တချိန်က
ထုတ်လုပ်ရေးကို
ဦးစားပေးတယ်။
ဲပြီးတော့
အရည်သွေးအလှည့်
ကျတယ်။
နောက်တော့
သူများထက်
ထူးအောင်ကျိုးစားကြတယ်။
အခုတော့
တန်ဖိုးမြှင့်ဖို့
ကြိုးစားကြရမယ်။
Monday, January 5, 2015
အပြည်ပြည်ဆိုင်ရာ အတင်းပြောသူများနေ့
ဆေးမှီဝဲသူ
ကျန်းမာ ချမ်းသာမည်။
ဦးချိန်တီ။
လေပုတ်ထုတ်ဆေး
အနောက်ကလယ်ရင်
အနံထွက်မယ်။
အသံကျယ်ရင်
စိုးတယ်။
လေပုတ်ထုတ်ဆေးစားလို့
ကျန်းမာရေးကောင်းတယ်။
ရောင်းတဲ့သူလည်း
စီးပွားဖြစ်တယ်။
ခေတ်သစ်မမြလေးတံဆိပ်နဲ့
လေပုတ်ထုတ်ဆေး
ရောင်းတဲ့သူတွေရှိတယ်။
လေပုတ်တွေက
နောက်ကမထွက်ဘဲ
အရှေ့ကထွက်တယ်။
အညှီရှိရင်
ရင်အုံမယ်။
ဝယ်တဲ့ စားသုံးတဲ့သူရှိရင်
ရောဂါပြန့်ပွားနိုင်တယ်။
လေမှတဆင့်
ကူးဆက်ကုန်တယ်။
သူများမကောင်းကြောင်း
ပြောပြီး
အနိုင်မယူချင်နဲ့။
သူများထက်ပိုကောင်းအောင်
လုပ်ပြပြီး
အနိုင်ယူပါ။
ဝိသာခါကပြောဖူးတယ်။
အတွင်းမီး အပြင်မထုတ်နဲ့။
အပြင်မီး အတွင်းမထုတ်နဲ့။
ငါလည်းပြောမယ်။
လေပုတ်တွေကို
ပါးစပ်က မထုတ်နဲ့။
အပြည်ပြည်ဆိုင်ရာ
အတင်းပြောသူများနေ့က
နင့်မွေးကို
ရွေးပေးလိမ့်
သတ်မှတ်ကြမယ်။
ထင်ပေါ်တဲ့
နင့်ကို၏ ဂုဏ်ပြုကြလိမ့်မယ်။
တမိပေါက်
တယောက်ထွန်းတဲ့
နင့်ကို
မမြလေးလဲ
တမလွန်က
ဂုဏ်ယူလိမ့်မယ်။
ပီတိပြုံးနေမယ်။
အကယ်ဒမီ အီယာဂို ဘရူတယ် မမြလေး။ March 15
ဒီနေ့ မတ်လ ၁၅ ရက်....
ဆီဇာ
အတော်ကံကောင်းတယ်။
You too, Brutus, လို့
ရေရွတ်ပြီး
တခါတည်း
ပြိုလည်းသွားတာ
ရောမအတွက်
အခုထိ
ပြန်ထမလာနိုင်တော့ဘူးဘဲ။
ငါကတော့
တကယ် ကံဆိုးတယ်။
နောက်ကျောကနေ
ဓါးနဲ့ထိုးနေလို့
မင်းတို့ရဲ့ နာမည်ကို
တဖွဖွ
ခဏဏ
ရေရွတ်နေရတယ်။
မင်းတို့
လက်ချက်ကြောင့်
ငါ အကြိမ်ကြိမ်
ပြိုလဲနေရတယ်။
ဆီဇာသာ
အသက်ရှင်ခဲ့ရင်
ဘရု(စ)တပ်တို့အဖွဲ့
ငွေရောင် ပိတ်ကားပြင်မှာ
အကယ်ဒမီရမှာ
သေချာတယ်။
အသက်ရှင်နေတဲ့
ငါကတော့
မမြလေးနဲ့ ကိုအောင်လေးတို့အဖွဲ့ကို
ဆင်ဆာမဖြတ်ဘဲ
အကယ်ဒမီရှော့အတွက်
ကြိုးစားခွင့်တွေပေးထားတယ်။
ဒီနှစ်မရလဲ
နောက်တစ်နှစ်ပေါ့။
ဆီဇာ့မှာ
အန်ထော်နီနဲ့
သူတူ့ရှိသလို
ငါ့မှာလည်း
နန္ဒသိန်းဇံနဲ့
ရွှေသွေးရှိတယ်။
ဘရု(စ)တပ်တို့
လူစုက
ဆီဇာကို
ပွန်ပေပြဇာတ်ရုံနားမှာ
လုပ်ကြံကြတယ်။
ငါကတော့
လူ့ဇာတ်ခုံ
အရှုပ်ထုတ်
ပြဇာတ်ကြီးထဲမှာ
ချာချာလည်နေတယ်။
လူစုလိုက်ပါအုံး။
ဓါးသွေးလိုက်ပါအုံး။
ရှုံချလိုက်ပါအုံး။
ပြောပြလိုက်ပါအုံး။
ငါ့ကိုယ်ထဲ
ငါ့နောက်ကျောကနေ
သွားတွေ။
ဓါးတွေ။
ထိုးသွင်းလိုက်ပါအုံး။
မမြလေးနဲ့
ကိုအောင်လေး။
ဘရူတယ် မမြလေး။
အီရာဂို ကိုအောင်လေး။
ဘရူတယ် အီရာဂို မမြလေး။
အကယ်ဒမီ
အီယာဂို
ဘရူတယ်
ကိုအောင်လေး။
Friday, January 2, 2015
မကောင်းလည်း ကိုယ်ပဲ ကောင်းလည်းကိုယ်ပဲ
မိတ်ဆွေအစစ်နဲ့ မိတ်ဆွေအတု
ကျနော် မကောင်းလျင်
သူများကို ပြောပါ။
ကျနော် အရွဲ့တိုက်တက်
ဆိုးပြတက်ပါသည်။
ကျနော်ကောင်းတာ
မသိချင်ယောင်ဆောင်နေပါ။
ကျနော် နောင်လုပ်မပြတော့ပါ။
ကောင်းမပြတော့ပါ။
ကျနော် မကောင်းလျင်
ကျနော့ကိုသာ
ိတိုက်ရိုက် ပြောပါ။
ကျနော် ကြိုးစားပြင်ပါမည်။
ကျနော်ကောင်းလျင်
သူများကို
တခြားသူများကိုပြောပါ။
ကျနော် ဒီထက်ပိုကြိုးစားပါမည်။
Subscribe to:
Posts (Atom)