PS Business School
Education: Globally Recognized Youth
Saturday, March 5, 2016
Quality
အရည်အသွေးက
စကားပြောတယ်။
အရည်အသွေး
ရှိမှ
အရည်အသွေး
သိတယ်။
အရည်အသွေးကောင်းတွေ
ထုတ်နိုင်မယ်။
Work Life Balance
အဆင့် တစ်ခု
နေရာ တစ်ခု
ရောက်မှ
အလုပ်ချိန်နဲ့
မိသားစုအချိန်
မျှတဖို့စဉ်းစား။
မဟုတ်ရင်
မဟုတ်တော့ဘူး။
ရာမ၊ လက္ခဏ၊ ဒသဂီရိ၊ မျိုးမင်း
ရှောင်တယ်။
အရှော့ပေးတယ်။
ထိပ်တိုက်တွေ့တယ်။
စီးပွားဖြစ်ဖို့
မကြိုက်တာကို
အလကားမပေးနဲ့။
စေတနာရှိမနေနဲ့။
လိုချင်တာကိုသာ
အားမနာဘဲ
ဈေးကြီးကြီးနဲ့ ရောင်း။
Thursday, March 3, 2016
မိုးခါးရေ
အများမိုးခါးရေ
ပုဏ္ဏားက
ဘုရင်ကြီးကို
လျှေက်တင်တယ်။
မိုးကြီးရွာမယ်။
ရွာတဲ့မိုးက
ရေတွေကို
သောက်တဲ့သူတွေ
ရူးမယ်။
.....
...
..
.
ဒါကြောင့်
သူတို့နှစ်ဦး
ရေကောင်းရေသန့်တွေ
စုထားကြတယ်။
လှောင်ထားတယ်။
မိုးကြီး တကယ်ရွာတယ်။
ရေကန်တွေ
ရေအိုင်တွေ
မိုးရေတွေနဲ့
ပြည့်ကုန်တယ်။
ဒီမိုးရေကို
မသိတဲ့
တိုင်းသူပြည်သားတွေ
စိတ်ချလက်ချ
သောက်သုံးကြတယ်။
ဒီလို
စိတ်ချလက်ချ
သောက်တဲ့လူတိုင်း
ပုဏ္ဏားကြီး
အတပ်ဟောထားသလို
ရူးကုန်တယ်။
.
..
...
ပုဏ္ဏားကြီးက
မတုန်လှုပ်ပေမဲ့
ဘုရင်ကြီးက အတော်
ထိတ်လန့်တုန်လှုပ်သွားတယ်။
မြင်မြင်သမျှ
မိုးရေသောက်ထားတဲ့
သူတွေ
အရူးတွေ၊
အရူးတွေ
...
ဒါကြောင့်
သိုလှောင်ထားတဲ့
ရေကောင်းရေသန့်တွေပဲ
သူတို့
စိတ်ချလက်ချ
သောက်သုံးကြတယ်။
..
သူတို့နှစ်ဦးအတော်
အစဉ်ပြေတယ်။
နေသာထိုင်သာရှိတယ်။
ဒါပေမဲ့..
..
..
မိုးခါးရေသောက်ထားတဲ့
လူတွေနဲ့ တွေ့တဲ့အခါ
အရူးတွေနဲ့
တွေ့တဲ့အခါ
...
တတိုင်းတပြည်လုံး
သူ့တို့နှစ်ယောက်ကို
အထူးအဆန်းသဖွယ်
ကြည့်ကြတယ်။
မြင်ကြတယ်။
အံအားသင့်ကြတယ်။
...
...
နောက်တော့
သူတို့နှစ်ဦးကို
တတိုင်းတပြည်လုံးက
အရူးလို့
ဝိုင်းသတ်မှတ်ကြတယ်။
သမုတ်ကြတယ်။
ခေါ်ဝေါ်ကြတယ်။
..
အရူးတွေက
မရူးတဲ့
ရှင်ဘုရင်နဲ့
ပုဏ္ဏားကို
အရူးတွေတဲ့။
...
သူတို့က
အရူးတွေတဲ့။
အရူးတွေက
သူတို့ကို
အရူးတွေတဲ့။
တတိုင်းတပြည်လုံးက
သူတို့ကို
အရူးတွေတဲ့။
.
.
.
.
.
.
.
နောက်ဆုံး
သူတို့နှစ်ဦးလည်း..
....
....
....
မိုးခါးရေ
ပွင့်လင်းမြင်သာမှု့မရှိလို့
တကိုယ်ကောင်းဆန်လို့
ဖြစ်ရတာလို့ပဲ
ကောက်ချက်ချချင်တယ်။
အခုလို အပြောင်းအလဲအချိန်မှာ
ပွင့်လင်းမြင်သာမှု့အားနည်းတဲ့အချိန်မှာ
တာဝန်ခံ တာဝန်ယူမှု့မရှိကြတဲ့ အချိန်မှာ
တောမီးလောင်
တောကြောင်
လက်ခတ်မောင်းခတ်စမြဲပါ။
တောကြောင်တွေ တစခန်းမထစေဖို့
လူတိုင်းတာဝန်ကိုယ်စီရှိပါတယ်။
ကောင်းမွန်တဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့လိုပါတယ်။
ဥပဒေ၊ နည်းဥပဒေတွေ ခိုင်မာဖို့လိုပါတယ်။
ပညာရေးလောကမှာလည်း
မိုးခါးရေတွေသောက်နေကြတာ
တနေ့တခြားများပြားလာတာကို
တွေ့နေမြင်နေကြရပါတယ်။
အများညီတော့
စာရွက်ကို စာတီဖီကိတ်လုပ်ကြတယ်။
စာတီဖီကိတ်ကို ဒီပလိုမာတပ်ကြတယ်။
ဒါကြောင့်
ပိုမိုပွင့်လင်းမြင်သာမှု့ရှိအောင်၊
တာဝန်ခံတာဝန်ယူမှု့ရှိအောင်၊
ကျင့်ဝတ်နဲ့ညီအောင်
ကျနော်တို့ အားလုံးဝိုင်းဝန်းကြိုးပန်းကြဖို့လိုပါတယ်။
မဟုတ်ခဲ့ရင်
သူတို့က
..
သူတို့က
ကျနော်တို့တတွေကို
သမုတ်ကြလိမ့်မယ်။
Tuesday, March 1, 2016
အပိတ်တွေ
မျက်စိ
တဖက်
ပိတ်တော့
မုဒိတာ
နည်းမယ်။
နား
တဖက်
ကန်းတော့
မစ္ဆိရိယစိတ်
များမယ်။
ဦးခေါင်းနဲ့
ဦးနှောက်ပိတ်တော့
ဖင်ပိတ်ငြင်းတယ်။
မြင်ပါ။
ကြားပါ။
တွေ့ပါ
များတာတောင်
ဥပက္ခာတော့
မပြုနိုင်ဖြစ်နေတယ်။
ညှော်မယ်ဗျို့။
တချိန်ကတော့
ညှော်မယ်ဗျို့လို့
အော်ပြီး
သတိပေးတယ်။
တကယ်ကြော်မှ
ညှော်မယ်
အော်စမ်းပါ။
တကယ်ဆိုရင်
များများကြော်
ရဲရဲညှော်။
ရဲရဲအော်၊
ရဲရဲစော် စမ်းဗျာ။
နေမကောင်းတဲ့ သူတွေ
ပြေးလိမ့်မယ်။
များများဖြူးဗျာ။
အနာရှိတဲ့သူတွေ
စပ်လိမ့်မယ်။
လူအထင်ကြီးအောင်တော့
မကြော်ဘဲနဲ့
ညှော်မယ်လို့
အော်နဲ့ဗျာ။
ကိုယ်တွေ အိမ်မှာ
အသက်ကြီးတဲ့ သူလည်း ရှိဘူး။
နေမကောင်းတဲ့ သူလည်း ရှိဘူး။
ဆေးတို့ဖတ်လည်း ရှိဘူး။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)