Saturday, April 9, 2016

ကာလာမသုတ်

ကာလာမသုတ်တော်လာ မြတ်စွာဘုရားဟောကြာတော်မူသော စကား ဆယ်ခွန်း
===================================================
"အို ကာလာမတို့-
(၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်
(၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။
(၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံ မျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည်ဖြစ်နိုင်ဖွယ်ရှိသည် ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့ ....
ဂေါတမဗုဒ္ဒ (ဘီစီ ၅၆၃ - ၄၈၃)
( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ် )
Credit to Yangon Media

မတူညီရခြင်း။

"ဘန္တေ နာဂသေန၊ 
အလုံးစုံသော သူတို့သည် ဘယ့်ကြောင့် မတူညီကြသနည်း။ 
အချို့အသက်တို၍ အချို့ရှည်ဧ။်။ 
အချို့ရောဂါများ၍ အချို့နည်းဧ။်။ 
အချို့မလှ၊ အချို့လှဧ။်။ 
အချို့တန်ခိုးနည်း၍ အချို့ တန်ခိုးကြီးဧ။်။
အချို့ဆင်းရဲ၍ အချို့ ချမ်းသာဧ။်။
အချို့ယုတ်နိမ့်၍ အချို့ မြင့်မြတ်ဧ။်။
အချို့ ပညာမဲ့၍ အချို့ ပညာရှိဧ။်။"

Thursday, April 7, 2016

ဘုရားဖူးကြတယ် (၁)

ရွှေတိဂုံစေတီကို ဒီနေ့ ဖူးမြှော်ခဲ့ကြတယ်။
အတွေးအခေါ်တော်လှန်ရေး နောက်တစ်ခု အနေနဲ့
အံဖွယ်ကိုးသွယ်ကို နည်းနည်းမှ မဆွေးနွေးဘူး။
တရားကိုမြင်မှ
ဘုရားကို မြင်မယ်။
သောဓမ္မံပသတ္တိ
သော မံ ပသတ္တိ။
ဘုရားရောက်ပြီး တရားမမြင်ရင် ဘုရားဖူးတယ်လို့ ပြောမရဘူးနော်။
ဘာတွေ ဆွေးနွေးဖြစ်လဲဆိုတော့
(၁) ဘုရားကို ဘယ်စိတ်နဲ့ လာဖူးလဲဆိုတာ မေးမိတယ်။
စိန်ဖူးတော်အကြောင်းနဲ့ ပန်းတင်ခုံ
(၂) အောင်မြေအကြောင်းနဲ့ ပတ္တမြားမျက်ရှင်အကြောင်းတွေဆွေးနွေးတယ်။
(၃) နောင်တော်ကြီးစေတီအကြောင်းနဲ့ ဆက်ပြီးတော့
မင်းကွန်းပုထိုးတော်ကြီးနဲ့ ဘိုးတော်ဗဒုံမင်းရဲ့ အကြောင်းတွေ ပြောဖြစ်တယ်။
ထူပါနဲ့ စေတီအကြောင်းပြောဖြစ်တယ်။
(၄) စေတီလေးမျိုးအကြောင်းပြောဖြစ်တယ်။
(၅) လူပုဂ္ဂိုလ်တွေအကြောင်းပြောဖြစ်တယ်။
ညီနောင်နှစ်ဦးဖြစ်တဲ့ တဖုသနဲ့ဘလိက၊ ဥက္ကလာပမင်းကြီး၊ မယ်လမုနဲ့ သိကြားမင်း၊ သီဟဗာဟု၊ ဓမ္မစေတီမင်းနဲ့ ရှင်စောပုမိဖုရားကြီး၊
(၆) ဘုရားကြီးရဲ့ ဖွဲ့စည်းပုံ
(စိန်ဖူးတော်မှ ပန်းတင်ခုံ)
(၇) ရုပ်တုတွေရဲ့ ရည်ရွယ်ချက်
(ကိုယ်စားပြု သင်္ကေတ၊ ကာကွယ်ခြင်းသင်္ကေတ၊ အလှအပသင်္ကေတနဲ့ ပုဂ္ဂလိကခံစားမှု့သင်္ကေတ) လေးမျိုး
(၈) ဆံတော်တွင်းနဲ့ မောင်ကံ ကျောက်ရုပ်
(၉) ပန်းပုတွေနဲ့ ဇာတကဇာတ်များ
(၁၀) အောင်ခြင်းရှစ်ပါး
( ဗြဟ္မာ၊ မာန်နတ်၊ ဘီလူး၊ ပုရဗိုဒ်၊ နဂါး၊ ဆင်၊ လူအမျိုးသား၊ လူအမျိုးသမီး)
(၁၁) ဓါတ်တော်ဝေခန်း၊ ထီးတော်စေတီများနဲ့ တံခွန်တိုင်အကြောင်းတွေ ပြောဖြစ်ခဲ့တယ်။

Saturday, April 2, 2016

ပြတ်သားရမဲ့ ပညာရေး

ဆရာကြီးခင်ဗျား။
ပညာရေးရဲ့ အရည်အသွေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးရတာဟာ သားတရားစီရင်ခန်းလို့ပဲ ကျနော်မြင်ပါတယ်။ ပျက်စီးနေတဲ့ ပညာရေးရဲ့ အရည်အသွေးနဲ့ အလွဲသုံးစားလုပ်ခဲ့ကြတဲ့အခြေအနေတွေဟာ အမြစ်တည်နေတာကြာနေပါပြီ။ ဒီအချိန်မှာ ဒီနေ့မှာ ကျနော်တို့ ခေတ်သစ်၊ လူသစ်၊ စိတ်သစ်နဲ့ တည်ဆောက်ကြရမှာဖြစ်ပါတယ်။

အရေအတွက်ကို ဦးစားပေးတာနဲ့ ငွေရေးအသပြာကို ဦးစားပေးတဲ့ ခေတ်တွေနဲ့ ရင်းနှီးနေခဲ့ အသားကြနေခဲ့ကြပါပြီ။
ဦးတည်ချက်ရှိရှိပဲ ပြောပြော။ စီမံညံ့ဖျင်းလို့ပဲဆိုဆို ထိုသူတွေရဲ့ လက်ချက်နဲ့ အပျက်အပျက်ဖြစ်နေတာကြာပါပြီ။

အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ခဲ့ကြရတယ်။ ချစ်သလိုနဲ့ နှစ်ခဲ့လို့ အတော်နစ်နေခဲ့ကြရတယ်။ မာတုပီတုနဲ့ တဂိုဏ်းထဲ ထားရတဲ့ ဆရာအစစ်တွေအတွက် ကျောင်းသား အကြိုက်လိုက်နေခြင်းဟာ သားတရားစီရင်ခန်းပါပဲ။ ချစ်လွန်းလို့ အလျော့ပေးလိုက်ရတာပါ။ ဒီအချိန်မှာ ကျနော်တို့ အဆုံးအဖြတ်ပေးကြရပါမယ်။ ရွေးကြရပါမယ်။ အဆုံးအဖြတ်ပေးရမဲ့ ပွဲမှာ နိုင်အောင်ဆွဲမလား။ အရှုံးပေးမလားဆိုတာကတော့ စိတ်ရင်းနဲ့ပဲ ဖြေရမှာပါ။ ဘယ်သူမဆို အနိုင်လိုချင်တာချည်းပါပဲ။ ကိုယ်နိုင်ချင်လို့ ကိုယ်ပြန်လိုချင်လို့ ဆွဲကြမဲ့လူတွေချည်းပါပဲ။

ကျနော်တို့ တဖက်စီနေကြရမဲ့ပွဲပါ။
နိုင်အောင်ဆွဲရမဲ့ အားစမ်းရမဲ့ ပွဲပါ။
နိုင်အောင်ဆွဲမှာပါ။
ဒါနဲ့ ဒိုင်က မဟော်သဓါမဟုတ်ခဲ့ရင်ကော။

အရည်အသွေးနဲ့ ပတ်သတ်တဲ့ မေးခွန်းအနေနဲ့ မေးခဲ့မိပါတယ်။ အရည်အသွေးကို ဘယ်သူက ဆုံးဖြတ်ပါသလဲ။ မေးခွန်းထဲမှာတော့ (၁) စားသုံးသူ (၂) ထုတ်လုပ်သူ (၃) နှစ်ဦးပေါင်းဆိုပြီး ရွေးစေခဲ့ပါတယ်။ အများစုကတော့ နံပါတ် (၁) လို့ဖြေကြပါတယ်။ ဒါဟာ ပညာရေးမဟုတ်တဲ့ ၀န်ဆောင်မှုတွေမှာဖြစ်နိုင်ပါတယ်။ အစားအသောက်ဆို စားသုံးသူအကြိုက် အရသာ၊အရောင်တွေကို ရွေးချယ်ကြရတယ်။ ဖျော်ဖြေမှု့တွေမှာလည်း စားသုံးသူအကြိုက်ပါပဲ။ အနုပညာသည် အနုပညာရှင်အတွင်မဟုတ်တော့ဘဲ ခံစားသူ စိတ်ကြိုက်ဖြစ်လာရပါတယ်။

ကျနော့်အနေနဲ့ ပညာရေးရဲ့ စံကို သတ်မှတ်ဖို့အတွက် နံပါတ် (၁) လည်း မဟုတ်သလို နံပါတ် (၂) နဲ့ (၃) လည်းမဟုတ်ပါဘူဆရာဒေါက်တာတင်ဝင်းရေးသားပြောပြသွားတဲ့ အထဲက (Third Party) တတိယလူ တတိယအဖွဲ့အစည်းပဲဖြစ်ရမယ်လို့ ကျနော်ကတော့ တထစ်ချယုံကြည်ပါတယ်။ ဒီအဖွဲ့မှာ Professional တွေနဲ့ဖွဲ့စည်းထားရမယ်။ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိရမယ်။ သမာသမတ်ကျရမယ်။ ဒါမှ သားတရားစီရင်ခန်းက အစစ်တွေ အနိုင်ရမယ်။ အင်္ဂလန်မှာတော့  Third Party ဟာ အင်္ဂလန် ပါလီမန် နဲ့  မြောက်ပိုင်းအိုင်ယာလန်ပါလီမန်ကိုတိုက်ရိုက်အစီရင်ခံရတဲ့  Ofqual အစိုးရ ဌာန ဖြစ်နေပါတယ်။

ဒီနေရာမှာ စကားလုံးရွေးချယ်မှု့တွေက အထိအခိုက်မခံဖြစ်လာရတယ်။ အစစ်၊ အတုဆိုတာတွေပါပဲ။ ကျနော်ကတော့ ပြတ်ပြတ်သားသားဆုံးဖြတ်စေချင်ပါတယ်။ အစစ်မဟုတ်ရင် အတုလို့၊ အစစ်တော့မဟုတ်ဘူး၊ ဒါပေမဲ့အတုလားဆိုတော့မဟုတ်ဘူးဆိုတာက ကွက်လပ်လေးတွေဖြစ်နေစေတယ်။ အားနည်းချက်တွေဖြစ်ပေါ်စေပါတယ်။ အဲဒီဂယ်ပေါက်တွေကနေ လစ်ဟာမှုတွေကနေ အကွက်တွေ၊ ဂွင်တွေဖြစ်ပေါ်လာနိုင်တယ်လို့ ယူဆလို့ ကျနော်တို့ အနာဂါတ်ပညာရေးအတွက် ပြတ်သားစေချင်ပါတယ်။

Ofqual ဟာအစိုးရ ဌာန မှာမှတ်ပုံမတင်ထားတဲ့  အဖွဲ့ အစည်း၊လက်မှတ် စတာတွေကိုယူကေအစိုးရကိုယ်တိုင်တာဝန်မယူနိုင်တဲ့ အတွက် ကျောင်းအတုစစ်ဆေးဖို့  Bogus colleges - Advice for students ဆိုပြီးတရားဝင်ထုတ်ပြန်ခဲ့ ပါတယ်။ ကျောင်းသားတွေကိုလဲ Ofqual မှာမေးမြန်းဖို့ တရားဝင်ပြောကြားထားပြီးဖြစ်ပါတယ်။
ဒီနေရာမှာ ပုဂ္ဂလဓိဌာန်လို့မှားယွင်းအမှတ်မမှားစေချင်ပါဘူး။ ကျနော်တို့ ကိုညီညီမောင်တို့ နမ်ဘီယီရားကစာကို အေဘီအီးရဲ့ တည်ထောင်သူ မစ္စတာလင်ဒန်ဂျုံးကိုယ်တိုင်ပေးခဲ့တာ နှစ်နှစ်ကျော်ခဲ့ပါပြီ။ Ofqual က စာကို ကိုဝင်းသူနဲ့တွေ့ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဘီစီကို ယူကေရဲ့ ဒီပလိုမာတွေရဲ့ အရည်အသွေး ပြန်လည်ဆန်းစစ်ဖို့ တွေ့ဆုံပြီးပြောတာတွေရော မေးလ်ကတဆင့် ဖုန်းနဲ့တဆင့် (ကိုကျော်မင်းထွန်းနဲ့တဆင့်) ပြောနေတာလည်း ကြာပါပြီ။ ဒီစာတွေကို ကျနော်တို့ အမည်မခံဘဲ တနေရာရာကနေ ပို့လိုက်လို့လဲရပါတယ်။ မလုပ်ခဲ့ပါဘူး။ အခုနောက်ပိုင်း ပြည်တွင်းဒီပလိုမာတွေထွက်လာဖို့တာဆူနေတာရယ်၊ Ofqual အသိအမှတ်မပြုတဲ့ ဒီပလိုမာပေးတဲ့ သင်တန်းကျောင်းတွေ နယ်မှာ မှိုလိုပေါက်တော့မယ့်အခြေအနေတွေကြောင့် ကျနော်တို့ စုပြီး စီစဉ်ဖြစ်ကြတာဖြစ်ပါတယ်။ ပုဂ္ဂလဓိဌာန်မဟုတ်ပါဘူး။ မည်သည့်ကျောင်းတစ်ကျောင်းကို မရည်ရွယ်ပါဘူး။ သူများတွေပွဲကြီးတွေ စီစဉ်နေတဲ့ အချိန်မှာလည်း မဖွပါဘူး။ ဘီစီကို နောက်ဆုံး ကျနော်တို့ ကြာသပတေးနေ့မှာ အကြောင်းကြားပါတယ်။ ကျနော်တို့တတွေ ပညာရေးမြှင့်တင်ရေးနဲ့ ပတ်သတ်တာတွေ လုပ်တော့မယ်ဆိုတဲ့အကြောင်းနဲ့ သက်ဆိုင်ရာကျောင်းတွေကို အသိပေးဖို့ ပြောခဲ့ပါတယ်။ ဘီစီကလည်း သောကြာနေ့မှာ အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။ အင်္ဂါနေ့ရောက်မှ သတင်းကြားရပါတယ်။ သိသိခြင်း ကျနော်တို့တိုင်ပင်ခဲ့ကြပြီး သုံးဦးသား ဘီစီကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။ (၁) Ofqual အသိအမှတ်မပြုတဲ့အတွက် ဘီစီမှနေပြီး ဆက်လက်ဝန်ဆောင်မှု့ပေးဖို့ရပ်ဆိုင်းမယ်လို့ ကြားသိခဲ့ရပါတယ်။ ကျနော်တို့အနေနဲ့ တရားဝင်စာထုတ်ပြန်ပေးဖို့ ပြောဆိုခဲ့တဲ့အခါမှာ ဘီစီရဲ့အကြီးအကဲဖြစ်သူ ခရီးလွန်နေလို့ ပြန်ရောက်မှသာ ထုတ်ပြန်နိုင်ပါမယ်။ အင်္ဂါနေ့ညနေ ၂ နာရီမှာ ကျောင်းသုံးကျောင်းကို တရားဝင်ခေါ်ယူအသိပေးမယ်လို့ ကြားသိခဲ့ရပါတယ်။ ကျနော်တို့ ကျေနပ်ပါတယ်။ ဒါက အတုအယောင်ပညာရေးကို အရှိန်အဟုန်ရပ်တန့်သွားမယ်လို့ ယူဆရပါတယ်။ ပြည်တွင်းကပဲ ထုတ်ထုတ်၊ ပြည်ပကပဲ သွင်းလာလာ သတ်မှတ်ချက်နဲ့ မကိုက်ညီရင် အတုလို့ သတ်မှတ်ပြီး ဆန့်ကျင်ရမှာပါ။

ပြတ်သားကြရမှာပါ။

ကျနော်တို့အနေနဲ့ ယုံကြည်တာက ပညာရေးဟာ အရေးကြီးတယ်လို့ခံယူပါတယ်။ ဒါကြောင့် တိကျမှု့တွေလိုအပ်ပါတယ်။ ဒီနေရာမှာ ဖွင့်ဆိုချက်တွေကို ရှင်းလင်းဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ ကိုယ်စီးတဲ့ မြင်း အထီးအမတော့ သိသင့်ပါတယ်။ အထီးမဟုတ်ရင် အမ၊ အမမဟုတ်ရင် အထီးပေါ့လို့ရှင်းရှင်းလင်းလင်းဖြစ်စေချင်ပါတယ်။

ကျနော်တို့ စံအနေနဲ့ ဒီပလိုမာအတုဟုတ် မဟုတ်စစ်ဆေးရာမှာ

(၁) ကျောင်းသည် ပြည်တွင်းတွင် တရားဝင် မှတ်ပုံတင်ထားခြင်းရှိရမည်။ (ပညာရေးဥပဒေထွက်ပေါ်လာလျင် ပညာရေးအဖွဲ့မှ အသိအမှတ်ပြု မှတ်ပုံတင်ရှိရမည်။)

(၂) ပြည်ပရှိ မိတ်ဖက်ကျောင်းနှင့် တရားဝင် သဘောတူစာချုပ်ချုပ်ဆိုထားသော ပညာရေးအဖွဲ့အစည်းသည် အဆိုပါနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားရမည်။

(၃) သင်ကြားပို့ချနေသော ဘာသာရပ်၏ အောင်လက်မှတ်ကို အဆိုပါနိုင်ငံရှိ ပညာရေးကြီးကြပ်ရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုရမည်(မှတ်ပုံတင်ထားရပါမည်)။ ဆိုတဲ့သုံးချက်နဲ့ တိုင်းတာချင်ပါတယ်။ တစ်ခုခုဖေါက်ဖျက်ခဲ့ရင် ချွတ်ယွင်းခဲ့ရင် ဒါကို အသိအမှတ်မပြုတဲ့ ဒီပလိုမာ (၀ါ) အတုလို့ သတ်မှတ်ချင်ပါတယ်။

အခုဘီစီဖက်က ရှင်းသွားပါပြီ။ Ofqual အသိအမှတ်မပြုရင် မည်သည့်ဝန်ဆောင်မှု့မျှမပေးရလို့ သတ်မှတ်ချက်ကို လိုက်နာပါပြီ။ ကျနော်တို့ အဖွဲ့ရဲ့ဆောင်ရွက်ချက်ကြောင့် Ofqual စည်းကျပ်ခြင်းမရှိတဲ့ (၀ါ) ဒီပလိုမာအတုတွေ ရပ်ဆိုင်းသွားပါပြီ။ Ofqual အသိအမှတ်မပြုပဲပေးနေတဲ့ကျောင်း ရန်ကုန်မှာ သုံးကျောင်းရှိပါတယ်။

Ofqual ရဲ့ ပြန်စာကို ဖတ်မိတော့ အတော်လေးမှင်သတ်သွားမိပါတယ်။ သူ့ရဲ့အသုံးအနှူန်းက May be ပါ။ May be ဆိုတာက မေဘီပါပဲ။ သေချာတာတစ်ခုက ငါတို့တော့ အသိအမှတ်မပြုဘူး၊ ငါတို့နိုင်ငံက မသုံးဘူး။ မင်းတို့တော့ သုံးချင်သုံးပေါ့ဆိုတဲ့ လေသံကို နားမလည်ဘဲ ခပ်တည်တည်နဲ့ အဟုတ်လုပ်ပြီးနေတာကို မအံသြဘဲမနေနိုင်ဘူး။ ဒါဗြိတိသျှတွေရဲ့ ရေးဟန်ပဲလေ။ ဒီလို Sub-standard တွေကို မှေးပြီးလည်း မထားရှိစေချင်ပါဘူး။ Ofqual အသိအမှတ်မပြုရင် At your own risk လို့ရေးပါတယ်။ သုံးပါတယ်။ အင်္ဂလန်မှာ Ofqual အသိအမှတ်မပြုတဲ့ သင်တန်းများဖွင့်ခွင့်ရှိ၊ မရှိကတော့ ရှင်းနေပါတယ်။

ကိုဝင်းသူရဲ့ အကူအညီနဲ့ နမ်ဘီးရီးယားရဲ့ ယူကျူလေးကြည့်လိုက်မိတော့ ကွက်ကွက်ကွင်းကွင်းသွားမြင်ရတယ်။ Double Standard ပါ။ သူတို့နိုင်ငံအတွက်မဟုတ်တဲ့ မရည်ရွယ်တဲ့ ပညာရေးကို ပြည်ပနိုင်ငံတွေမှာ ဦးတည်ပြီးသွားနေတာကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် Nambeia ရှိ Namibia Qualifications Authority (NQA) ရပ်ဆိုင်းရခြင်းဖြစ်ပါတယ်။ ဒါကြောင့် NQA ကိုလည်း ချီးကျူးးမိပါတယ်။ လေးစားအားကျမိပါတယ်။  

ဒီအချက်သုံးချက်က ကျနော်တို့အနေနဲ့ ပြည်တွင်းဖြစ် ဒီပလိုမာတွေအတွက်လည်း လတ်တလော တားဆီးထားနိုင်မယ်လို့ ယုံကြည်ရင်း။

Friday, April 1, 2016

လမ်း

လွတ်လမ်း။ အလွယ်လမ်း။ အလွဲလမ်း။ လမ်းတွေစုံတယ်။ လမ်းတွေပေါတယ်။ အမြန်လမ်းတွေ၊ မပြန်လမ်းတွေ၊ ထွက်ရပ်လမ်းတွေ၊ နှစ်ထပ်လမ်းတွေနဲ့လမ်းသွယ်များတယ်။ ကိုယ်ပိုင်လမ်းတွေရှိတယ်။ လမ်းလွဲတွေရှိတယ်။ တဖက်ပိတ်လမ်းတွေရှိတယ်။ လမ်းဆုံတွေရှိတယ်။ လမ်းတိုတွေရှိတယ်။ လမ်းမချော်စေနဲ့။ လမ်းမမှားစေနဲ့။ လမ်းမပျောက်စေနဲ့။ လမ်းပျက်တွေရှိတယ်။ လမ်းမမှောက်စေနဲ့။ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ။ ခလုတ်မထိ ဆူးမညှိကြပါစေနဲ့။

ဘာသာရေးက တင်းကြပ်လွန်းအားကြီးလို့ ပိတ်ထားလွန်းအားကြီးလို့ ပြေးထွက်ပြီး အဲဒီအယူအဆအတွေးအခေါ်တွေကြားက ဖွင့်ထွက်၊ ထိုးထွက်၊ ဖေါက်ထွက်ခဲ့ကြပြီး လစ်ဘရယ်လို့ ခံယူကြတယ်။ အတွေးအခေါ်အယူအဆတွေကို အမြစ်က လှန်ကြတယ်။ အသုံးအနှူန်းကအစ ပြောင်းလဲခဲ့ကြတယ်။

ပြောင်းလဲနေတဲ့ သြကာသလောကကြီးထဲမှာ အားလုံးပြောင်းလဲနေကြတယ်။ စက္ကန့်ပိုင်းအတွင်း မျက်စိတမှိတ် လျက်တပျက်အတွင်း ဖြစ် ပျက်တွေ မရေတွက်နိုင်အောင် ဥပဒ်၊ ထီ၊ ဘင်ဆိုပြီး ဖြစ် တည် ပျက်နေကြတယ်။ အားလုံးပြောင်းလို့ရတယ်။ အားလုံးပြောင်းကြရမယ်။ အိမ်ကမိန်းမ မပါဆိုတဲ့ ဆမ်ဆောင်းစီအီးအိုရဲ့ အဆိုအမိန့်သွားပြေးမြင်တယ်။ နိစ္စ ဝါ အနိစ္စာဝါတိ။ အနိစ္စ ဘန္ဒေ။ 
အခုကျနော်တို့လည်း ပြေးထွက်ပြီးြေ ပာင်းလဲကြရတော့မယ်။ ပြေးထွက်ြေ ပာင်းလဲဖို့စဉ်းစားနေတယ်။
ကျနော်တို့ပြေးထွက်ရမှာက ဖေါက်ထွက်ရမှာက မတရားတဲ့ အုပ်ချုပ်ရေး၊ လူလုံးမလှတဲ့ နိုင်ငံရေး၊ နိမ့်ကျနေတဲ့စီးပွားရေး၊ ချွတ်ချုံကျနေတဲ့ လူမှုရေး
စစ်မှန်တဲ့ အဆုံးအမ မပါဘူး။ 
နှစ်သစ်ကူးတဲ့ ညမှာ ခဝါချရမှာက လောဘ၊ ဒေါသ၊ မောဟ။ သစ္စာတွေ၊ မေတ္တာတွေ ဗြဟ္မစိုရ်တရားတွေ မပါကြေး။
မှန်ကန်တဲ့ အယူအဆ အဆုံးအမအောက်က ထွက်ပြေးပြီး လစ်ဘရယ်လို့ ခံယူရင်တော့ မင်းသေချာပြီ။
တစ်ဘဝစာအတွက် အခွင့်အရေး တသံသရာအခွင့်အရေးတွေမလဲချင်စမ်းပါနဲ့။ 

ပြည်ပပို့ရန်အတွက်သာ

Export Quality ဆိုရင် ကောင်းလား၊ ဆိုးလား။
ီကြီကပ်သူတွေ မရှိရင် အတက် ပြောရခက်တယ်။

တင်သွင်းတဲ့နိုင်ငံနဲ့ တင်ပို့သူရဲ့ ရည်ရွယ်ချက်တွေနဲ့ တာဝန်ပေးထားတဲ့၊ 
တာဝန်သိတဲ့အဖွဲ့အစည်းတွေနဲ့ စားသုံးသူရဲ့ ရင့်ကျက်မှု့တွေပေါ်မူတည်ပါတယ်။

အကြမ်းအားဖြင့်ပြောရရင် ကျနော်တို့တတွေအထူးသဖြင့် တတိယနိုင်ငံတွေက Export Quality လို့ဆိုရင် အထင်ကြီးတက်တယ်။ ပြည်တွင်းဖြစ်ဆိုရင် အထင်သေးတက်ကြတယ်။ နာမည်တွေတောင် အင်္ဂလိပ်လိုပဲပေးတက်ကြတယ်။ ပြည်တွင်းထုတ်လုပ်သူတွေအနေနဲ့ ပြည်တွင်းဖြစ်တွေထုတ်တဲ့အခါမှာ "Export Quality" ဆိုတဲ့ စကားလုံးတွေနဲ့ စားသုံးသူကို ဖမ်းစားတက်ကြသေးတယ်။ ပြည်ပပို့လိုက်လို့ ပုဇွန်ထုပ်တွေ မစားလိုက်ကြရဘူး။ ပြည်ပက မ၀ယ်မှ ဈေးထဲရောက်လာမှ စားရတာလဲ ကျနော်တို့ ကြံဖူးကြမယ်ထင်ပါတယ်။

ပြောင်းပြန်ပြန် စဉ်းစားရင် ဖွံဖြိုးပြီးနိုင်ငံတွေအတွက် Export Quality ဆိုတာ ဘာလဲလို့ မေးစရာဖြစ်လာနိုင်ပါတယ်။ ဖွံဖြိုးပြီးနိုင်ငံတွေဖက်ကကြည့်ရင် ပြည်ပပို့ရန်အတွက်သာဆိုရင် အရည်အသွေးကောင်းမယ်ထင်သလားလို့မေးစရာရှိပါတယ်။

ထိုနည်းတူတူပဲ တရုပ်ဖြစ်ပစ္စည်းတွေ အရည်အသွေးကောင်းလားလို့မေးရင် နာခေါင်းရှုံကျမယ် ထင်ပါတယ်။ ကျနော်တို့ ကြားနေကြက တရုပ်ဖြစ်တွေက မြန်မာနိုင်ငံအတွက်ဆိုရင် ဈေးပေါပေါနဲ့ အရည်အသွေးနိမ့်နိမ့်တွေ လှိမ့်သွင်းတယ်။ ဘာမှ အရည်အသွေးစည်းကျပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ စားသုံးသူဖက်မှ ကာကွယ်ခြင်း အလျင်းမရှိခဲ့ပေမဲ့ ဈေးကွက်ရောက် ဈေးကွက်ပေါက်သွားတက်ပါတယ်။ အမေရိကားရောက်တုံးက ၀ယ်သမျှတွေက တရုပ်ဖြစ်တွေပါ။ ဒါဆို ဘာတွေကွာကြလဲပေါ့။ စဉ်းစားစရာ။ ကျနော်တို့ ကြားဖူးသေးတာက အားဖြည့်အချိုရည်အချို့ဆိုရင်သူတို့နိုင်ငံအတွက်သက်သက်နဲ့ မြန်မာပြည်ကို ပို့မဲ့ဟာတွေက သက်သက်ဆိုတာလဲ ကြားခဲ့ဖူးသေးပါတယ်။
ဒီနေရာမှာ အီလက်ထရွန်းနစ်ကအစ အစားအသောက်အလည် ဆေးဝါးအဆုံး ဂရုစိုက်စရာတွေချည်းပါပဲ။ ပညာရေးကတော့ ချန်လှပ်ထားခဲ့လို့ မဖြစ်ပါဘူး။ တရုပ်ဖြစ် ပစ္စည်းတွေက အမေရိကန်မှာဆို နေရာအနှံနေရာယူထားကြပါတယ်။ ကွာခြားချက်က အရည်အသွေးစိစစ်တဲ့အဖွဲ့တွေ တာဝန်သိ၊ တာဝန်ရှိတဲ့ အဖွဲ့တွေကြားမှာ ရောက်နေရတဲ့အတွက် အရည်အသွေး အာမခံချက်ရှိတဲ့အတွက် စိတ်ချလက်ချရဲရဲသုံးစွဲနိုင်ကြပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံတူပေမဲ့ တင်ပို့မဲ့ နိုင်ငံကွဲရင် အရည်အသွေးပြောင်းလဲနိုင်ပါတယ်ဆိုတဲ့အချက်ကို ကျနော်တို့ ဂရုစိုက်ကြရမှာဖြစ်ပါတယ်။

ဒီလိုပဲ ပညာရေးမှာလည်း ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံက ပညာရေးအရည်အသွေးတစ်ခုကို မြန်မာနိုင်ငံအတွက် သီးသန့် (၀ါ) တတိယနိုင်ငံအတွက် Export Quality Only ဆိုရင် ......

Son

သားတရားစီရင်ခန်းပါ။

တချိန်က ပညာရေးရဲ့ အရည်အသွေးကို ဖျက်စီးခဲ့ကြတယ်။ အလွဲသုံးစားလုပ်ရင်း အကျင့်ပါပြီး စားသုံးသူလက်ထဲ အပ်ထားတယ်။ အရည်အသွေးထက် အရည်အတွက်နောက်လိုက်ရင်း ကျောင်းသားအကြိုက် လိုက်ကြရတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ခဲ့ကြရတယ်။ ချစ်သလိုနဲ့ နှစ်ခဲ့လို့ အတော်နစ်နေခဲ့ကြရတယ်။ မာတုပီတုနဲ့ တဂိုဏ်းထဲ ထားရတဲ့ ဆရာအစစ်တွေအတွက် ကျောင်းသားအကြိုက်လိုက်နေခြင်းဟာ သားတရားစီရင်ခန်းပါပဲ။ ချစ်လွန်းလို့ အလျော့ပေးလိုက်ရတာပါ။