ကျနော်တို့မှာ ရွေးချယ်စရာ များများမရှိပါဘူး။
မျက်စိမှိတ်ရွေးမှာပါ။
မျက်စိမှိတ် မယုံခိုင်းပါနဲ့။
Thursday, November 3, 2016
Monday, October 31, 2016
အခုပြောင်း
ကျနော် Change နဲ့ ပတ်သတ်လို့ Channel 7 ကနေ ညနေ ရှစ်နာရီမတိုင်မီ ဆွေးနွေးသွားချင်ပါတယ်။ တခုတော့ရှိတယ်။ အချိန်က သုံးမိနစ်စာရတယ်။ ခေါင်းစဉ်က စီမံခန့်ခွဲခြင်းပါ။ ဒီဘောင်နှစ်ခု အောက်ကနေ ဆွေးနွေးသွားမှာဖြစ်လို့ လိုအပ်ချက်များလည်း ရှိနိုင်ပါတယ်။ တစ်ခု ယုံကြည်တာက အခုအချိန်ဟာ ပြုပြင်ပြောင်းလဲရမဲ့ အချိန်ကောင်းပဲဖြစ်တယ်ဆိုတာပါပဲ။ အခုမပြောင်းနိုင်ရင် နောင် ဘယ်အခါမှ ပြောင်းဖို့ မလွယ်လို့ ကောင်းဖို့မမြင်တော့ဘူးလို့လဲမြင်ပါတယ်။
အရင်က အပြောင်းအလဲတွေကို လူတွေလက်မခံကြဘူး။ အကြောင်းက သူတို့ကို လက်မခံကြလို့ပါ။ ကိုယ်သဘောမကျတဲ့သူက ကိုယ်အပေါ်ဘယ်လောက်ကောင်းကောင်း သံသယတွေဝင်မိကြမှာမလွဲပါဘူး။ အကောင်းစားတွေ လာပေးရင် ကိုယ်ကပြန်ပြီး ဘာလဲလူကို မတက်နိုင်ဘူး။ မဝယ်နိုင်ဘူး ထင်နေလို့လားဆိုပြီး ပြန်ပက်ပါလိမ့်မယ်။ မကောင်းတာပေးရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။ အရင်အစိုးရအနေနဲ့ အဓိကထား တည်ဆောက်ရမှာက ယုံကြည်မှုတည်ဆောက်ရမှာဖြစ်တယ်လို့ ယူဆမိပါတယ်။ ဒါပေမဲ့ ရမသွားရှာပါဘူး။ ဒါ့ကြောင့် ကျရှူံးသွားတယ်လို့ ထင်မြင်ယူဆမိပါတယ်။
အခု ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရခေတ်မှာ ယုံကြည်မှုဆိုတာ တည်ဆောက်ခြင်းဆိုတာက လိုကို မလိုတာပါ။ ယုံကြည်ပြီးသား။ မျက်စိမှိတ်ယုံပြီးသား။ ဘာပြောပြော ယုံတယ်။ ကျေနပ်တယ်။ ဝမ်းသာတယ်။ အားရတယ်။ ပီတိဖြစ်တယ်။ ချစ်တာကိုး။ မှားသွားလည်း ခွင့်လွှတ်တယ်။ (တစ်ခုတော့ရှိတယ်။ ခပ်ပိန်းပိန်းဆွယ်တာတွေကိုတော့ တာဝန်ရှိတဲ့သူတွေ တာဝန်သိတဲ့သူတွေက တားဆီးတည့်မတ်ပေးစေချင်ပါတယ်။)
အခြေုအချိန်မှာ ပြောင်းလဲပါလို့ပြောရင် အားလုံးလိုလိုက ပြောင်းလဲကြဖို့ အသင့်ပါပဲ။ စေတနာလို့ထင်တယ်။ မှန်ကန်တယ်လို့ထင်တယ်။ ကျနော်အပါအဝင် လူတိုင်းက စစ်မှန်သော ပြောင်းလဲခြင်း၊ ကောင်းမွန်သော ပြောင်းလဲခြင်းတွေလို့ ယုံကြည်လက်ခံကြတယ်။ ဘာပြောင်းကြရမလဲပြော။ ဒီအချိန်ဟာ ပြောင်းလဲဖို့ အကောင်းဆုံး၊ ပြောင်းလဲဖို့ အစဉ်သင့်အဖြစ်ဆုံးအချိန်။
ဒါပေမဲ့ ကျနော်တို့ အပြောင်းအလဲအကြောင်းပြောဆို ဆွေးနွေးတာတွေကို များများကြားချင်တယ်။ ပြောချင်ပါတယ်။ ပြောင်းလဲဖို့ အချိန်တွေ မဆွဲထားသင့်ပါဘူး။ အချိန်တွေ ထပ်မဖြုန်းသင့်တော့ပါဘူး။ စနစ်တကျ ရဲရဲတင်းတင် သတ္တိရှိရှိ အဂိတရားကင်းတဲ့ ပြောင်းလဲမှုတွေ တစ်ခုပြီး တစ်ခုဆောင်ရွက်ဖို့လိုပါပြီ။ အခုကျနော်တို့ အားလုံးကို ကောင်းမွန်သော ပြောင်းလဲမှုတွေဖြစ်ဖို့ ဦးဆောင်မှု့ပေးပြီး အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရမဲ့ အချိန်ပါ။
အခုမပြောင်းနိုင်ရင် နောင် (ဘယ်တော့မှ) မကောင်းနိုင်တော့ဘူး။
Thursday, October 27, 2016
ဝဠ်လည်တယ်မှတ်ပါ။
ခရီးသွားကြတယ်။ ဘုရားဖူးထွက်တယ်။ ဈေးသည်လေးတွေတွေ့တယ်။ ကလေးငယ်လေးတွေတွေ့တယ်။
မုန့်တွေဝယ်စားတက်တယ်။ ရေဗူးတွေဝယ်သောက်ကြတယ်။
ပြန်ထွက်ခါနီး မုန့်တွေတောင်းတယ်။ ပိုက်ဆံတောင်းတယ်။ ရေသန့်ဗူးတွေတောင်းတယ်။
အလွယ်တကူ အမှတ်တမဲ့ ကိုယ့်အတွက် ဘာမဟုတ်တာလေးတွေကို စွန့်ကျဲမိတယ်။
ပိုက်ဆံ အကြွေလေးတွေ၊ မုန့်ဖိုးပဲဖိုးပါ၊ ရေသန့်ဗူးလေးတွေ ကြဲခဲ့မိတယ်။
ပီတိဖြစ်ခဲ့မိတယ်။
အလှူ ၊ အလှူ၊၊ အလှူ။
မုန့်တွေဝယ်စားတက်တယ်။ ရေဗူးတွေဝယ်သောက်ကြတယ်။
ပြန်ထွက်ခါနီး မုန့်တွေတောင်းတယ်။ ပိုက်ဆံတောင်းတယ်။ ရေသန့်ဗူးတွေတောင်းတယ်။
အလွယ်တကူ အမှတ်တမဲ့ ကိုယ့်အတွက် ဘာမဟုတ်တာလေးတွေကို စွန့်ကျဲမိတယ်။
ပိုက်ဆံ အကြွေလေးတွေ၊ မုန့်ဖိုးပဲဖိုးပါ၊ ရေသန့်ဗူးလေးတွေ ကြဲခဲ့မိတယ်။
ပီတိဖြစ်ခဲ့မိတယ်။
အလှူ ၊ အလှူ၊၊ အလှူ။
Wednesday, October 26, 2016
ပညာရေး
ဟာ
စီးပွားရေး
မဟုတ်။
ပြသနာမရှိ။
စီးပွားရေး
ဆိုရင်
ဂရုစိုက်ရမယ်။
ပြည်ပပို့ကုန်အဖြစ်
ပို့နိုင်ပြီလား။
မပို့နိုင်သေးရင်
ပို့နိုင်အောင်
ကြိုးစားရမယ်။
တချိန်က
အင်္ဂလန်လောက်ကပဲ
ဒီမှာရှိခဲ့တာ။
အခု အိမ်နီးချင်းနိုင်ငံတွေက
ပညာရေးတွေပါ
ရောက်နေပြီ။
ဒါနဲ့
ပြည်ပက
ပညာရေးကို
စီးပွားရေးအမြင်နဲ့
ပို့ကုန်အဖြစ်
ပို့နေတဲ့သူတွေကို
ဘာပြောချင်လဲ။
စီးပွားရေး
မဟုတ်။
ပြသနာမရှိ။
စီးပွားရေး
ဆိုရင်
ဂရုစိုက်ရမယ်။
ပြည်ပပို့ကုန်အဖြစ်
ပို့နိုင်ပြီလား။
မပို့နိုင်သေးရင်
ပို့နိုင်အောင်
ကြိုးစားရမယ်။
တချိန်က
အင်္ဂလန်လောက်ကပဲ
ဒီမှာရှိခဲ့တာ။
အခု အိမ်နီးချင်းနိုင်ငံတွေက
ပညာရေးတွေပါ
ရောက်နေပြီ။
ဒါနဲ့
ပြည်ပက
ပညာရေးကို
စီးပွားရေးအမြင်နဲ့
ပို့ကုန်အဖြစ်
ပို့နေတဲ့သူတွေကို
ဘာပြောချင်လဲ။
ပညာရေး ရင်လေးတယ်။
ကျနော်တို့
ပညာရေးကို
ပြည်ပမပိုနိုင်သေးပါ။
ပြည်တွင်းမှာပဲ
အရည်အသွေးကောင်းအောင်
ကြိုးစားနေကြပါတယ်။
အခုလို
ကြိုးစားနေဆဲ
တချိန်တည်းမှာပဲ
ပြည်ပ ပညာရေးဟာ
နေရာအတော်ရောက်နေပါပြီ။
ပြည်တွင်းကိုလည်း
အဆင့်သတ်မှတ်ပြီး
တိုးမြှင့်ဖို့ဆိုတာမလွဲမရှောင်သာ
လုပ်ကိုလုပ်ရမဲ့အချက်ပါ။
တစ်ခုတည်းနဲ့ မပြီးပါဘူး။
တိုးဝင်လာတဲ့
အရှိန်ရလာ
တဲ့ပြည်ပက
ပညာရေးတွေရဲ့
အရည်အသွေးကိုလည်း
စနစ်တကျ
စိစစ်ကြရပါမယ်။
ကျနော်တို့မှာ
အတိတ်က အဓိပ္ဗါယ်ဖွင့်ဆိုချက်အသိတွေလောက်နဲ့သာ
ကျေနပ်နေကြပါတယ်။
ဥပမာ၊ အောင်လက်မှတ်။ ဒီပလိုမာ၊ ဒီဂရီတွေကို အဓိပ္ဗါယ်ဖွင့်ကြည့်ပါ။
ဒါပေမဲ့ ကမ္ဘာပတ်ပြီး ပညာရေးကို ဈေးရောင်းခဲ့တဲ့သူတွေကတော့ စွဲဆောင်မှု့ကောင်းတဲ့ နာမယ်တွေကို လှိုင်လှိုင်ထုတ်စွဲဆောင်နေကြပါတယ်။
Professional Diploma လိုမျိုး
Executive Diploma လိုမျိုး၊
Certified Manager လိုမျိုး၊
တွေထွက်ပေါ်လာနိုင်ပါတယ်။
အခုမြန်မာနိုင်ငံမှာ တစ်ဘာသာဖြေရုံနဲ့ ရနိုင်တဲ့ ဒီပလိုမာတွေများလာပါပြီ။
ဘယ်လိုမြင်ပါသလဲ။
လက်ခံလို့ အောင်မြင်လာရင်
တစ်ဘာသာဖြေရုံနဲ့ ဘွဲပေးမယ်ဆိုရင်ကော.....
အဖြေကတော့ ဘာပဲပေးပေး
(၁) သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းက စနစ်တကျ စိစစ်ကြပ်မှတ်ဖို့လိုတယ်။
(၂) သတ်မှတ်ချက်နှင့် ကိုက်ညီသော အဆင့်အတန်းကို မှန်မှန်ကန်ကန်ဖေါ်ပြပေးဖို့လိုပါတယ်။
(၃) ကြေငြာများကို စည်းဘောင်နဲ့ ကိုက်ညီဖို့လိုပါတယ်။ ဥပမာ၊ ငွေလျော့ပေးတာနဲ့ ထူးချွန်ဆုပေးတာမျိုး (Discount and Scholarship) က တခြားစီပါ။
အထူးသဖြင့် တာဝန်သိတဲ့လူတွေမှာသာ တာဝန်ရှိပါတယ်။
အားလုံးမှာ တာဝန်ရှိပါတယ်။
Subscribe to:
Posts (Atom)