Tuesday, November 22, 2016

Which come First

In Micro Level,
Strategy First or Structure First
In Macro Level,
Peace and Stability First or Prosperity First.

Monday, November 21, 2016

You are

အမြင်

ကျနော်တို့တတွေက
(၁)အကောင်းမြင်တွေလား။
(၂)အဆိုးမြင်တွေလား။
လက်ရှိ ဖြစ်ပျက်နေတာတွေနဲ့
ပတ်သတ်ပြီး
မေးလာတဲ့အခါတိုင်း။
ကျနော်ပြန်ဖြေလေ့ရှိတာက...
(၁)လဲ မဟုတ် (၂)လဲ မဟုတ်။
မြတ်ဗုဒ္ဓဟောကြားထားသလိုပါပဲလို့
ဖြေလေ့ရှိတယ်။

ကြည့်တိုင်း မမြင်ဘူး။
ပညာရှိများ
တွေးကြည့်တာက
ပြေးကြည့်တာထက်မှန်တယ်ဆိုတဲ့
စကားပုံလေးရှိတယ်။

ပြီးတော့ ဓမ္မစင်္ကြာမဟောခင်
အ၀ိဇ္ဖာတွေ ဖုံလွှမ်းနေတဲ့လူတွေကို
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ဘူးတဲ့
ဘုရားသော်မှ စိတ်ပျက်ခဲ့ဘူးတယ်။

ကျနော်တို့တတွေလည်း
ကြည့်တိုင်းမမြင်ကြဘူး။
မြင်တဲ့ အမြင်တွေလည်း
မတူကြဘူး။
မတူတဲ့အပေါ်
အရင်က
အရမ်းခံစားရတယ်။
တနေ့ သဘောပေါက်လာမှာပေါ့။
စိတ်ရှည်တယ်။
တခါတလေလည်း
စိတ်မရှည်ဘူး။

အကြည့်ခံရတဲ့အရာတွေက
(ရုပ်ဝတ္ထုတွေက မပြောင်းပေမဲ့)
ကြည့်တဲ့သူတွေရဲ့ စိတ်တွေကြောင့်
ပြောင်းသွားကြတယ်။
သူ့ဖက်က ကြည့်တော့ လက်ဖမိုး၊
ငါ့ဖက်က ကြည့်တော့ လက်ဖ၀ါး။
ဘီအီးဒီအောင်သိုက်လို
က ယ E 3 ဖြစ်နေတက်တယ်။
ဘယ်သူက မှားပြီး မှန်တယ်ဆိုတာ
အတော်ပြောဖို့ ခက်ခက်လာတယ်။
အချိန်က အဆုံးအဖြတ်ပေးတာမှန်ပေမဲ့
အချိန်မနှောင်းဖို့
အရေးကြီးတယ်။

အခုချိန် ပြောင်းမှ နောင်ကောင်းမယ်။
အခုချိန် မပြောင်းနိုင်ရင် နောင် ကောင်းစရာမမြင်ဘူး။
လို့ ကျနော် တဖွဖွ ရေရွတ်ဖူးတယ်။
စိတ်ပူဖူးတယ်။
စိတ်ရှည်ဖူးတယ်။
စိတ်တိုဖူးတယ်။
စိတ်ပျက်ဖူးတယ်။

နောင်တဆိုတာ
နောင်မှ ရတယ်။
တည်ဆောက်ရတာ
ခက်ခဲပေမဲ့
ဖြိုဖျက်ရတာ
အရမ်းလွယ်တယ်။
ဒါကြောင့် ကျနော်တို့
အမြင်တွေက
မကောင်းတာကြီးကို
ဇွတ်မျက်စိမှိတ်
အကောင်းမြင်ကြရမှာ မဟုတ်သလို
ကောင်းမှန်းသိပေမဲ့
ငါနဲ့မတူ
ငါ့ရန်သူဆိုပြီး
မကောင်းဘူးဆိုပြီး။
မျက်စိစုံမှိတ်
ရေရွတ်ကြရမဲ့
အချိန်လည်း
မဟုတ်ဘူး။

ဒါနဲ့
ကျနော်တို့တတွေက
(၁)အကောင်းမြင်တွေလား။
(၂)အဆိုးမြင်တွေလား။

ဗုဒ္ဓဘာသာကို အခြားဘာသာဝင်တွေက
အဆိုးမြင်လို့ ပြောတယ်။
မြဲတယ်ဆိုတာ မရှိဘူး။
ချစ်သား အာနဒ္ဒာ။
ငါပြောပေါင်းများလှပြီဆိုပြီး
ဘုရားရှင်က ခန္ဓာဝန်ချ ပရိနိဗ္ဗာန်ပြုတော်မူတယ်။
...
...
..
...ဒါနဲ့
ဗုဒ္ဓဘာသာက
အကောင်းမြင် မဟုတ်သလို
အဆိုးမြင်လဲ မဟုတ်ပါဘူး။
အရှိကို အရှိအတိုင်းမြင်ပါတဲ့။

Tuesday, November 15, 2016

လူ

လုပ်ငန်းတစ်ခုအောင်မြင်ဖို့
လူအရေးကြီးတယ်။

လူက စကားပြောတယ်။
အောင်မြင်အောင်လဲ
ဒီလူပဲ၊
ကျဆုံးစေတာလဲ
ဒီလူပဲ။

ဘယ်လို လူ တွေရှိစေချင်လဲ။

လူဆိုးဆိုတာ နာမည်ပဲ ဆိုးတာဆိုတာ
အနေ၊ အစားချောင်တယ် အစဉ်ပြေတယ်ဆိုတဲ့
မကောင်းတဲ့ အယူအဆတွေမရှိသင့်တော့ဘူး။

ပြီးတော့ လူကောင်းလား၊ လူတော်လား။
လူတော်လား၊ လူကောင်းလား။
မေးရမှာ မဟုတ်ဘူး။

သူ့လူ၊ ငါ့လူ။
ငါ့လူ၊ သူ့လူ။
အိုင်နဲ့ယူနဲ့ထက်
ငါ့တို့တတွေလို့
ဖြစ်သင့် ပြင်သင့်ပြီ။

သူစိမ်း၊ သူကျက်။
မျက်နှာသစ်၊ မျက်နှာစိမ်း
အစိမ်း၊ အကျက်ခွဲရမဲ့ အချိန် မဟုတ်တော့ဘူး။

လူဟောင်း၊ လူသစ်။
လူသစ်၊ လူဟောင်း မူပြောင်းရတော့မဲ့အချိန်။

ဒါတွေထက် အရေးအကြီးဆုံးက
လူမှန်၊ နေရာမှန်။

Monday, November 14, 2016

သူ့အရပ် သူ့ဇာတ်

သူ့အရပ် သူ့ဇာတ်
ရောမရောက်ရင် ရောမလို ကျင့်ရမယ်။
အဝေးပြေးလမ်းမပေါ်ရောက်ရင်
အဝေးပြေးလမ်းမက ဓလေ့တွေ သိရှိ လိုက်နာ ကျင့်သုံးရမယ်။


အဝေးပြေးကားလမ်းက ဓလေ့
လမ်းက နှစ်စီးစာသာရှိလို့ ကျဉ်းတယ်။
လမ်းမီးက ပုံမှန် မရှိ။
ဒါအချိန်မှာ ပုံမှန်အတိုင်းသာမောင်းနေရင်၊
ရှေ့မှာ ကားကြီးတွေဆက်တိုက်ပိတ်မောင်းနေလို့
ကျော်မတက်နိုင်ခဲ့ရင် မိုးချုပ်သွားမယ်။
မင်းအရင်သွားပါ။ ကျော်မောင်းသွားပါဆိုတဲ့
ဓလေ့ကောင်းလေးတွေကို ပိုင်ဆိုင်ထားကြတာ ဂုဏ်ယူမိပါတယ်။
After you
အဝေးပြေးကမ်းလမ်းက ဓလေ့ကောင်းများကို ဆွေးနွေးချင်ပါတယ်။
ဒီဓလေ့ကောင်းလေးတွေက လိုအပ်ရင် လက်ဆင့်ကမ်းကြရမှာပါ။


ကျော်တက်ချင်ရင်
(၁) မီးတောက်ပြီး လမ်းတောင်းတယ်။
(၂) ဟွန်းတီးင်္ပြးလည်း လမ်းတောင်းတက်တယ်။
ဟွန်းမှာ တစ်ခုရှိတာက သိပ်မသေချာဘူး။
အကြောင်းက ရှေ့ကားက ကားတံခါးပိတ်ထားရင် ကြားချင်မှကြားမိမယ်။
နောက်က မီးပြ မီးတောက်ရင် ရှေ့ကားက
(၃) ညာဖက်မီးပြရင် လမ်းမရှင်းဘူး။
ရှေ့မှာ ကားလာနေတယ်။
ကျော်မတက်နဲ့။
ဘေးကပ်မောင်း။
(၄) ဘယ်ဘက်အချက်ပြမီးကို ပြရင် လမ်းရှင်းတယ်။
ရှေ့ကားမရှိဘူး။
ကျော်တက်လိုရ့တယ်။
(၅) ကားကျော်တက်နေရင်း ကျော်သွားတဲ့ကားက ဟွန်းတီးပြီး ကျေးဇူးတင်ကြောင်းပြောတယ်။
တခါတရံ တဖက်ကားက ပြန်ဟွန်းတီးတယ်။
အေးပါကွာ။ ရပါတယ်။
(၆) ကျော်တက်ရင်းနဲ့ တချို့က လက်ပြပြီး အရေအတွက်ပြောသွားတက်သေးတယ်။
နောက်နှစ်ဆင်းကျန်တယ်။ သုံးဆင်းကျန်သေးတယ်ပေါ့။
(၇) လမ်းမီးမရှိတော့ ကားတွေကမီးကြီးထိုးပြီးမောင်းတယ်။
ရှေ့ကကားတွေ့ရင် မီးတောက်ပြီး အချက်ပေးတယ်။
မီးချပေးဖို့ပါ။
မီးပြိုင်ထွန်းရင် မျက်စိစူးတယ်။
ကားသေးရင် ပိုအစဉ်မပြေဘူး။
အဝေးပြေးကားတွေမှာ မီးတွေဟာ အလှထက်အန္တရာယ်ကင်းရှင်းရေးဦးစားပေးရမယ်။
ရှေ့ကားနဲ့ မိမိကား အန္တရာယ် ကင်းရှင်းရေး ဦးစားပေးက အဓိကကျပါတယ်။
(၈) မီးသေးထိုးပြီးမောင်း သို့ မီးချမောင်းပေးခြင်းဖြင့်တစ်ဖက်နဲ့တဖက် ကူညီရာရောက်ပါတယ်။
အဲဒီမှာ ပြသနာက အချက်ပြတာတွေမှားနေတယ်လို့ ပြောပြီး ဒီဓလေ့ကောင်းကို ဖျက်စီးတဲ့သူတွေဟာ လက်တွေ့နဲ့ကင်းကွာသူ ဂဂျောင်တွေပဲဖြစ်ပါတယ်။
သူ့အရပ် သူ့ဇာတ်ပါ။
ဒါအဝေးပြေးကားလမ်းက အမူအကျင့်ကောင်းတွေပါ။ မြို့တွင်းမောင်းရာမှာ သုံးရမဲ့ လက္ခဏာတွေ မဟုတ်ပါဘူး။ ခြောက်လမ်းသွားတွေမှာ သုံးရမှာ မဟုတ်ပါဘူး။ ရောမရောက်ရင် ရောမလို ကျင့်ပါ။ အဝေးပြေးလမ်းမရောက်ရင် အဝေးပြေးလမ်းမက စရိုက်တွေနားလည်လက်ခံကျင့်သုံးပါ။

ခရီးသည် ကျင့်ဝတ်

ယာဉ်စီးခ ပေးချေပါ။
အတွင်းသို့ ဝင်စီးပါ။
အသက်အရွယ်ကြီးသူ၊ နာမကျန်းသူ၊ မိခင်လောင်းများကို ဦးစားပေး ကူညီပါ။
ကျောလွယ်အိတ်များကို ရှေ့သို့ချပါ။

Sunday, November 13, 2016

HR

(1) Level 3
(2) Relationship between HR and Business
(3) Business Strategies (Generic Strategy, Stance)
(4) HR Strategies (HR Generic Strategy, Alternative Strategies)
(5) Culture Fit
(6) Guess Model
(7) Internal Factors
(8) External Factors
(9) Functions (HR Best Practices)  

Saturday, November 12, 2016

ပြန်ရေးရတော့ မလား။

First Brexit, then Trumphism, what will follow next.
Then we must have written new text books.