Wednesday, October 26, 2016

အပြောင်းအလဲ

အခု
မပြောင်းနိုင်ရင်
နောင်
ကောင်းဖို့
မစဉ်းစားနဲ့။

ဖြစ်နိုင်ခြေ

အခု ဘာဖြစ်နေလဲ။

ဖြစ်နိုင်တာနဲ့ ပတ်သတ်လို့
တင်ဇာမော်သီချင်းထဲမှာတော့
ဘာမဆိုဖြစ်နိုင်တယ်။
အားဆေးတစ်ခွက်ပါပဲ။

တရားထဲမှာတော့
ကိုယ့်ကိုကိုယ် အားကိုးလို့
ကြိုးစားရင်
ဘုရားတောင်ဖြစ်နိုင်သဗျို။
အမြင့်ဆုံး အားပေးမှု့ပဲ။

ဦးပေါ်ဦး အဆိုအရ
ငါတို့မရှိတော့တဲ့နောက်
ဆင်မဲမဲ ဖြူဖြူ
လိုချင်တဲ့ အရောင်ဖြစ်နိုင်တယ်။
အချိန်ကာလ မပါရင်
ပိုစိတ်ချရတယ်။

ရှင်မဟာသီလ၀ံသက
အနောက်နေထွက်
ပြိုအက်မြင့်မိုရ်လို့ စပ်ဆိုခဲ့တယ်။
တင်တင်စားစားလေးနဲ့
ဆွဲထည့်လိုက်ရင်
ပိုရသမြောက်သွားတယ်။

SMART နဲ့
အချုပ်မခံနဲ့
မတိကျလေ
ကောင်းလေ။

ဆိုတော့ကာ
ဖြစ်နိုင်ပါတယ်။
အားလုံးဖြစ်နိုင်ပါတယ်။

နပိုလီယံက
မဖြစ်နိုင်ဘူးဆိုတာ
အရူးတွေရဲ့ အဘိဓာန်မှာ
ပဲရှိတယ်။
ဘာကြည့်နေတာလဲ။
ဟုတ်တယ်တော့ လုပ်လိုက်။

တစ်ခုတော့ရှိတယ်။
ပိုင်းခြေတွေများလာရင်
ရာခိုင်နှူန်းနည်းသွားမယ်။

ဖြစ်နိုင်တယ်ဆိုတာ။
ဖြစ်နိုင်တယ်ပါ။
ဖြစ်ကိုဖြစ်ရမယ်
မဟုတ်ဘူး။

သိချင်တာက
အခု
ဘာဖြစ်နေလဲ။

....
.....
......
စတားလား။
ဒေါ့ခလား။

Diploma

We need to define the meaning of "Diploma" titles, 
if there is much difference between the traditional one and current marketing usage. 
As traditionally, Diploma is awarded to Second Year pass students,
and Graduate are meant for Uni finished students.
With reference to QCF, there are so many differents Diploma titles.
We need to educate this to the General public.
Among them some diplomas are regulated and some are not.
We will not discuss unregulated ones at all.
Even the Diploma, there will be stages, it is the easiest way to differentiate.

If the Single Subject Diploma is attractive, and accepted by all,
why shall we proceed Single Subject Degree!

Tuesday, October 25, 2016

ကားပိတ်တယ်။

ဟုတ်တယ်။
ကားပိတ်တယ်။
ရန်ကုန်မှာ
ကြားရက်လဲ ပိတ်တယ်။
ရုံးပိတ်ရက်လည်း ပိတ်တယ်။
လမ်းမကြီးလည်း ပိတ်တယ်။
လမ်းသွယ်တွေလည်း ပိတ်တယ်။

ကားများလို့လဲ ပိတ်တယ်။
စည်းကမ်းမဲ့လို့လဲ ပိတ်တယ်။
စိတ်ဓါတ်မကောင်းလို့လဲ ပိတ်တယ်။
ဈေးသည်ရှိလို့ ပိတ်တယ်။
လမ်းကျဉ်းလို့လဲ ပိတ်တယ်။
မှတ်တိုင်ကြောင့်လည်း ပိတ်တယ်။
မီးပျက်ရင်လည်း ပိတ်တယ်။

တခုတော့ ရှိတယ်။
ခင်ဗျားတို့ကား
လင့်ခလမ်းမှာ ပိတ်မိဘူးလား။

လင့်ခလမ်းမှာ
ဘယ်လောက် ပိတ်ပိတ်၊
ဘယ်လို ပိတ်ပိတ်။
ပိတ်မိတာတောင်
စိတ်အေးရတယ်။
ဒေါသမထွက်မိဘူး။

ကား ဘယ်လောက်များများ၊
ကိုယ် ယာဉ်ကြော ဘယ်လောက်မှန်မှန်
စိတ်အေးအေးနဲ့
ကား ပိတ်နေတဲ့ အချိန်တွေကို
အေးအေးဆေးဆေး
 ဖြတ်သန်းသွားရတယ်။
ကုန်ဆုံးသွားရတယ်။

လှည်းတန်းမှာ ပိတ်မိဘူးလား။
ကံကောင်းရင် တခါတည်း လွတ်တယ်။
ကံမကောင်းရင် နာရီကြီးသွားတယ်။
ပြသနာက စိတ်ပူနေရတယ်။
ဘာမှန်းမသိဘူး။
ကိုယ်မှန်တယ်ထင်ရင်
ထွက်မရလည်း
အတင်းမောင်းထွက်ပြီး
နေရာ မရ ရအောင် ယူထားတက်တယ်။

ကားပိတ်တဲ့နေရာမှာ
ခံစားချက် ကွာတယ်။
ကားရှင်းပေးနေလား။
ကားဖမ်းဖို့ ဆောင့်နေလား။

လူကြီးတွေ ရှင်းပေးဖို့ ကြိုးစားနေလား။
လေသေနတ်ပြစ်နေသလား။

အဲဒီတော့
ကားပိတ်လို့ရတယ်။
ကားမပိတ်အောင်
ငါတို့အတွက်
လုကြီးတွေ
လုပ်ပေးနေတယ်ဆိုတဲ့
အသိတခုတော့လိုတယ်။

ဘာ ဒေါ်လာဈေးတက်နေတယ်။

ယာဂုအိုးကွဲအလှူ

စကားပုံ။
ယာဂုအိုး
ကွဲလေ၏။
စည်းခုံဘုရားကို
ရည်စူးလှူ၏။

(အပြင်တွင် တကယ်ရှိသည်။)

ခေတ်သစ်
ယာဂုအိုး
ကွဲလေ၏။

သူကြီးလည်း
ဘုရားကို
ရည်စူးလှူ၏။

နှစ်ပေါက်သော်
သူကြီးကတော်လည်း
အလှူကို
ဘာသာလေး၊ ငါးမျိုးဖြင့်
ကျောက်စာထိုး
ကမ္မည်းတင်၏။

နတ်၊
လူ
သာဓုခေါ်၏။

များမကြာမီ
အနှီကျောက်စာကို
ရွာသားတွေ့ရာ
သာဓုဝင်
မုဒိတာပွား၏။

သာဓုခေါ်
အပြီး
နောက်ရက်မကူးခင်
ကျောက်စာတိုင်
ကွယ်၏။

ပညာ ပြ

ပညာ"ပြ"တယ်။
ဘယ်သူက ဘယ်သူ့ကိုလဲ။
ပညာမတက်သူ (၀ါ) မသိနားမလည်သူကို ပညာတက်သူ (၀ါ) သိနားလည်ပြီး စိတ်ထားမကောင်းတဲ့သူက ပြတယ်။
ပညာသို့တက်မြောက်ကျွမ်းကျင်တဲ့သူကို ပညာပြလို့မရဘူး။
ဥပမာ၊ အထက်တန်းကျောင်းသားကို အလယ်တန်းကျောင်းသားက ကျောင်းစာနဲ့ ပတ်သတ်လာရင် ပညာပြလို့မရဘူး။ အလုပ်မှာလဲ ထို့အတူပဲ။ ပါးစပ်က ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေလဲပြောပြလိုက်မယ်။ ကျနော်တို့ အရောင်းထွက်တုံးက ပြန်လာတိုင်း ညနေတိုင်း ပြန်လည်တင်ပြရတယ်။ ကျနော်တို့ မန်နေဂျာက ပြုံးပြုံးကြီးနားထောင်တက်တယ်။ ပထမတော့ ပြောလို့ရတာ ပြောတယ်။ နောက်တော့ ကိုယ်လည်း အတွေ့အကြုံရှိလာတော့ ကိုယ့်ကိုလာပြောနေရင် ပြုံးပြုံးကြီးနားထောင်ဖူးတယ်။ ပြောစမ်းပေါက်ကရတွေ။
ဒါကြောင့် ပညာ"ပြ"မခံရအောင် ပညာသင်။
ဘာ့ကြောင့် ပညာ"ပြ"ချင်တာလဲ။ ရှင်းပါတယ်။ စိတ်ထားမကောင်းလို့ပေါ့။ (သို့) စိုးရိမ်စိတ်လေးရှိလို့။ ဒါကြောင့် ကိုယ်က ပညာတက်အောင်သင်။ ကိုယ့်အလှည့်ရောက်ရင် စိတ်ထားကောင်းအောင်ထား။ စိတ်ထားလေးက ပိုခက်တယ်။

Saturday, October 22, 2016

ပညာပြတယ်

ဘယ်သူတွေက ပညာပြကြလဲ။
တက်ယောက်ကားတွေက ပညာပြကြတယ်။
မလုံတဲ့အိုးတွေ ပညာပြကြတယ်။

ဘယ်သူတွေ ပညာအပြခံရလဲ။
နလပိန်းတုံးတွေပညာအပြခံရတယ်။