Sunday, June 16, 2019

ကုန်သွယ်စစ်နိုင်ဖို့

ကုန်သွယ်စစ်နိုင်ဖို့။
လူသတ်လက်နက်တွေနဲ့နယ်ချဲ့တဲ့ခေတ်အပြင်စီးပွားရေးနဲ့နယ်ချဲ့တဲ့ခေတ်ကိုပီပီပြင်ပြင်မြင်လာရပါပြီ။ကြက်ခေါင်းဆိတ်မခံပြန်လည်တုံ့ပြန်ကြပါတယ်။အမျိုးသားအကျိုးစီးပွား၊နိုင်ငံအကျိုးစီးပွားကိုရှေ့တန်းတင်ကြပါ။တရုပ်၊အမေရိကန်ကုန်သွယ်စစ်ဘယ်သူနိုင်မလဲ။စစ်ပွဲဆိုတာရေရှည်တိုက်ပွဲဆင်နွဲရတာဖြစ်ပါတယ်။ရေရှည်ဆင်နွဲနိုင်တဲ့သူနိုင်ပါမယ်။ 

စစ်ပွဲနိုင်ဖို့ဘယ်အချက်တွေကပြောပြနေမလဲ။
(အချိန်ကောင်းဖြစ်ရပါမယ်။
(ဘဏ္ဏာရေးအင်အားတောင့်တင်းသူနိုင်မယ်။
(ဦးဆောင်သူကောင်းမှာလုပ်ပိုင်ခွင့်အပြည့်အဝလိုတယ်။
(အားရှိတဲ့ကူနိုင်တဲ့မဟာမိတ်တွေရှိရမယ်။ 
(ပြည်တွင်ရောပြည်ပဈေးကွက်ပါခိုင်မာမှုရှိရမယ်။ 
(အလုပ်သမားဈေးကွက်ရှိရမယ်။
(နည်းပညာမြင့်မားရမယ်။

(အချိန်ကောင်းဖြစ်ရမယ်။
မစ္စတာထရမ့်ကအရင်အမေရိကန်သမ္မတတွေနဲ့ဟီလာရီကလင်တန်ကိုရှုံချခဲ့တာကိုကြည့်ခြက်းဖြင့်အချိန်အခါကောင်းသိပ်မဟုတ်မှန်းသိသာထင်ရှားနေပါတယ်။အမေရိကန်အရင်အရင်အစိုးရတွေထက်လက်ရှိအစိုးရကစီးပွားရေးပိုမြင်ပါတယ်။အထူးသဖြင့်လက်ရှိသမ္မတထရမ့်ကမြင်ပါတယ်။မြင်ဆိုသူကိုယ်တိုင်ကစီးပွားရေးသမားလေ။တခုရှိတာကတကယ်တမ်းပြောရရင်တရုပ်ကိုစစ်ပွဲဆင်နွဲနေတာအချိန်တောင်နှောင်းနေပါပြီ။တရုပ်အစိုးရရဲ့ပြင်ဆင်ထားမှုတွေစီစဉ်ထားမှုတွေကကြာမြင့်ခဲ့ပါပြီ။တစတစခိုင်မာလာနေပြီဖြစ်ပါတယ်။နည်းပညာတွေရယူတယ်။ဈေးကွက်တွေရယူတယ်။လုပ်ငန်းတွေရယူတယ်။မိတ်ဖက်တွေတည်ဆောက်နေတာတွေကအနာဂါတ်ကိုကြည့်မြင်တဲ့သူတွေလက်ရှိအမေရိကန်သမ္မတ(အမေရိကန်ပထမဆိုတဲ့မူဝါဒဆွဲကိုင်ထားတဲ့အတွက်(One Belt, One Road မူကလည်းရတက်မအေးစရာဖြစ်နေပါပြီ။ဒါကြောင့်လက်ရှိထရမ့်ရဲ့လုပ်ရပ်တွေကတဇွတ်ထိုးဆန်ပေမဲ့သူ့မူ၊သူ့ကတိအတွက်မှန်သလိုလိုရှိနေပါတယ်။Do it now or Never ပါ။

စစ်ပွဲနိုင်ဖို့(ဘဏ္ဏာရေးအင်အားတောင့်တင်းသူနိုင်မယ်။
ရေရှည်မှာတက်နိုင်သူကဦးဆောင်သွားပါလိမ့်မယ်။ဧရာဝတီသဘောင်္ကုမ္ပဏီနဲ့ဦးနာအောက်နမူနာလိုပါပဲ။ကုန်စည်စစ်ပွဲကြောင့်ထိခိုက်သွားတဲ့နစ်နာသွားတဲ့လုပ်ငန်းများကိုထောက်ပံ့မှုတွေကူညီမှုတွေမဖြစ်မနေပေးကြရပါတယ်။ဘယ်အထိဘယ်လိုဘယ်လောက်ပေးနိုင်ကြမလဲ။တောင့်ခံထားနိုင်ကြပါ့မလား။

စစ်ပွဲနိုင်ဖို့(ဦးဆောင်သူကောင်းလိုတယ်။
ပြတ်သားရမယ်။နောက်လိုက်အားလိုတယ်။ဦးဆောင်သူနောက်လိုက်ညီရမယ်။ဒီနေရာမှာနိုင်ငံအုပ်ချုပ်ပုံစနစ်ကိုကြည့်ရအောင်။အမေရိကန်ကCheck & Balance ဖြစ်အောင်လုပ်ထားလို့အစိုးရရယ်လွှတ်တော်ရယ်ဥပဒေပြုအဖွဲတွေကအပြန်အလှန်ထိန်းညှိထားတယ်။ဒီအပြင်ရွေးကောက်ပွဲကာလကိုလဲကြည့်ရဦးမယ်။တရုပ်ပြည်ကတော့သိကြတဲ့အတိုင်းပါပဲတပန်းသာနေပါတယ်။နောက်တချက်ကပြည်သူလူထုရဲ့မျိုးချစ်စိတ်။ဈေးပေါတဲ့ဖက်ရပ်တည်ကြမလား။ပိုမိုသာလွန်တဲ့ထုတ်ကုန်ကိုအားပေးကြမလားပြည်တွင်းဖြစ်ကိုကြိတ်မှိတ်ဝယ်ယူအားပေးကြမလားဆိုတာကလည်းအရေးပါလာပါတယ်။

စစ်ပွဲနိုင်ဖို့(အားရှိတဲ့မဟာမိတ်တွေရှိရမယ်။ 
အကူအညီလိုပါတယ်။ရုရှားပါလာပါပြီ။အခြားနိုင်ငံတွေကရောအမေရိကန်ဖက်ကပ်မယ်ထင်ပါသလား။တရုပ်ဖက်ကပ်မယ်ထင်ပါသလား။အမေရိကန်ကနိုင်ငံရေးကိုသာနိုင်ငံရေးမှာသာအင်အားတည်ဆောက်ထားပေမဲ့စီးပွားရေးမှာတည်ဆောက်ထားမှုကအားပျော့လှပါတယ်။အထူးသဖြင့်လက်ရှိသမတကAmerican First မူဝါဒကသတိထားရမဲ့အချက်ဖြစ်ပါတယ်။ 

စစ်ပွဲနိုင်ဖို့(ဈေးကွက်ရှိရမယ်။ 
အမေရိကန်ကအမှတ်တံဆိပ်တည်ဆောက်ပြီးဈေးကြီးကြီးနဲ့ပဲရောင်းတက်တယ်လို့ပြောရင်မမှားပါဘူး။နည်းပညာတိုးတက်မှု၊တီထွင်ဆန်းသစ်မှုတွေ့နဲ့တက်နိုင်တဲ့လူတန်းစားကိုသာပစ်မှတ်ထားတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။အခြေခံလူတန်းစားတွေအတွက်မရှိသလောက်ရှားပါတယ်။တရုပ်ပြည်ကတော့ထုတ်လုပ်မှုကိုအားပြုပြီးဈေးပေါတဲ့တက်နိုင်တဲ့အခြေခံဈေးကွက်ကိုပိုမိုကြီးစိုးထားပါတယ်။အခုဆိုရင်Reverse ဆိုပြီဈေးပေါတဲ့နည်းပညာနဲ့အမေရိကန်ဈေးကွက်ထဲကိုဝင်ဖို့ကြိုးစားနေသလိုတက်နိုင်တဲ့လူတန်းစားအတွက်လည်းဈေးကွက်ကိုရယူဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။

စစ်ပွဲနိုင်ဖို့(အလုပ်သမားဈေးကွက်ရှိရမယ်။
ပြည်ပပို့ကုန်ကိုပိတ်ရင်ပြည်တွင်းထုတ်လုပ်ရေးတွေကိုတွန်းအားပေးတာဖြစ်နိုင်လို့ကောင်းပါတယ်။စဉ်းစားစရာကပြည်တွင်းအလုပ်သမားဈေးကွက်ကရောခိုင်မာမှု့ရှိပါရဲ့လား။စက်ရုံအလုပ်ရုံတွေကရော။

စစ်ပွဲနိုင်ဖို့(နည်းပညာအသာရတဲ့ထုတ်ကုန်တွေအမှတ်တံဆိပ်တွေရှိရမယ်။ 

စစ်ပွဲမှန်ရင်အနိုင်၊အရှုံးရှိကိုရှိရမယ်။
ပါဝင်တိုက်ခိုက်တဲ့သူတွေရဲ့အနိုင်အရှုံးခဏထား၊လက်ရှိသေချာပေါက်အကျိုးခံစားရမဲ့သူတွေကတော့စားသုံးသူတွေပဲဖြစ်ပါတယ်။အရင်ဈေးနဲ့မရနိုင်တော့ပါဘူး။ဈေးကြီးတော့မှာဖြစ်ပါတယ်။ 
နောက်ထပ်ဆိုးကျိုးခံစားရမဲ့သူတွေကတော့ပိတ်ပင်ခံရတဲ့လုပ်ငန်းလုပ်ကိုင်နေသူများနဲ့စပ်ဆက်နေသူများပဲဖြစ်ပါတယ်။
အကျိုးခံစားရမဲ့သူတွေကတော့ကွက်လပ်ဝင်ဖြည့်တဲ့သူတွေပဲဖြစ်ပါမယ်။

တချိန်ကအင်္ဂလိပ်အခက်၊ဗမာအချက့်ကြွေးကျော်ပြီးတနှစ်အတွင်းလွတ်လပ်ရေးရယူပေးခဲ့တဲ့ဗိုလ်ချုပ်ကိုပြန်မြင်ရောင်မိပါတယ်။အခုတရုပ်အခက်ပဲဖြစ်ဖြစ်အမေရိကန်အခက်ပဲဖြစ်ဖြစ်မြန်မာအချက်သာဖြစ်ခဲ့မယ်ဆိုရင်
July 10 2018

Saturday, June 15, 2019

Buddhist, Non-Buddhist & Un-Buddhist

Please use Un-Buddhist Terrorist as there is no Buddhist Terrorist

ဗုဒ္ဓဘာသာမှာအစွန်းရောက်Buddhist Terrorist  ဆိုတာမရှိဘူး။အစွန်းနှစ်ဖက်လွတ်ကင်းပြီးဟောဖေါ်ညွှန်ပြဆိုဆုံးမထားတဲ့ဘာသာမှာအစွန်းရောက်စရာမရှိ။အာဒိကလျာဏံ၊မစ္ဆေကလျာဏံ၊ပရိရောသလျကလျာဏံဆိုတဲ့စ၊လယ်၊ဆုံးကောင်းမွန်တဲ့တရားတော်မြတ်များဖြစ်တာကြောင့်ဘာသာအဆုံးအမကြောင့်အကြမ်းဖက်ဖို့မဆိုထားနဲ့ဘေးဥပဒ်ဖြစ်စရာတောင်မရှိဘူး။

Buddhism အဆုံးအမကြောင့်အကြမ်းဖက်စရာTerrorism မရှိနိုင်ဘူးဆိုတော့စောဒကအနေနဲ့Buddhist ဘာသာဝင်ကြောင့်ရောရှိနိုင်လားလို့တွေးစရာပေါ့။အဆုံးအမကိုလိုက်နာတဲ့သူတွေမှာမရှိနိုင်ဘူး။၁၈ရာစုအစောပိုင်းကအမေရိကန်ကဟင်နရီဒေးဗစ်သော်ရိုတို့၊၁၉ရာစုအစောပိုင်းကအိန္ဒိယကမဟတ္တမဂန္ဒီတို့၊၁၉ရာစုနှောင်းပိုင်းအာဖရိကကနယ်လဆင်မင်ဒဲလားတို့ကအကြမ်းမဖက်ရေးဆိုတာတွေကိုလက်တွေ့ကျင့်သုံးခဲ့ကြတာပါ။ 

Buddhist (ဗုဒ္ဓဘာသာဝင်), Non-Buddhist ဗုဒ္ဓဘာသာဝင်မဟုတ်သူ(အခြားဘာသာဝင်များ) & Un-Buddhist ဗုဒ္ဓဘာသာအမည်ခံပြီးအဆုံးအမများကိုမလိုက်နာသူများ၊မပီသသူများဆိုပြီးအသုံးနှူန်းတွေရှိပါတယ်။

ဗုဒ္ဓဘာသာဝင်စစ်စစ်မှာDevotee ကိုင်းရှိုင်းတာပဲရှိတယ်။(The more, the merrier) ယုံကြည်လေကိုင်းရှိုင်းလေအေးချမ်းလေပါ။အဆုံးအမတွေကိုကိုင်းရှိုင်းလေလေတကိုယ်ရည်မိမိသာမကမိမိပါတ်ဝန်းကျင်ပါအေးချမ်းလေပါ။Buddhist ဗုဒ္ဓဘာသာစစ်စစ်မှာအစွန်းရောက်စရာမရှိပါ။အဆုံးအမကိုကြည်ညိုလွန်းရင်ကိုင်းရှိုင်းသူသာဖြစ်ပါမယ်။Non-Buddhist ကအခြားဘာသာကိုယုံကြည်ကိုးကွယ်ကြသူများပါ။သူတို့ကဗုဒ္ဓဘာသာနဲ့မဆိုင်လို့ဒီနေရာမှာဆွေးနွေးစရာမရှိပါဘူး။အကြမ်းဖက်တာတွေကိုအဆုံးအမကိုဖီလာဆန့်ကျင်တဲ့အရေခြုံတွေကြောင့်တော့ရှိနိုင်တယ်။Un-Buddhist ဆိုတာကဗုဒ္ဓဘာသာဖြစ်လျက်နဲ့မလိုက်နာသူတွေကိုမှည့်ခေါ်တာပါ။

ဗုဒ္ဓဘာသာဝင်တစ်ဦးကိုမင့်ဟာUn-Buddhist ဆိုရင်တော်တော်များသွားပြီ။စော်ကားတာအဆုံးဖြစ်သွားပြီ။နာတက်မယ်ဆိုအရမ်းနာစရာကောင်းပါတယ်။အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့သူ။ကြောင်သူတော်ကြွက်သူခိုးပေါ့။Famous နဲ့Notorious လိုကျော်ကြားတာခြင်းတူပေမဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူနဲ့ဂုဏ်သိက္ခာရှိရှိကျော်ကြားတဲ့သူလိုပေါ့။ဒါ့ကြောင့်ဗုဒ္ဓဘာသာကိုခုတုံးလုပ်အသုံးချနေသူများဟာနောက်တနည်းအရေခြုံများအဆုံးအမကိုမျက်ကွယ်ပြုမကျင့်သုံးပဲဖျက်လိုဖျက်စီးလုပ်နေသူများကိုUn-Buddhist အဆုံးအမကိုဖီဆန်သူဟုသာသတ်မှတ်ခေါ်ဝေါ်သုံးစွဲရမှာဖြစ်ပါတယ်။

အဓိကကဝန်ကြီးဌာနနဲ့၊စာနယ်ဇင်းသမားတွေကိုအထူးမေတ္တာရပ်ခံပါတယ်။နိုင်ငံခြားမီဒီယာတွေကBuddhism ကိုအကြမ်းဖက်နဲ့ပုံဖေါ်နေတဲ့အချိန်၊တံဆိပ်ကပ်နေတဲ့အချိန်မှာကိုယ်ပါဝင်မယောင်သင့်ပါဘူး။Buddhism ကိုTerrorism နဲ့ပုံဖေါ်နေတဲ့အချိန်မှာတာဝန်သိတဲ့ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ဘာသာအဆုံးအမBuddhism နဲ့Un-Buddhists အမည်ခံတွေကိုခွဲခြားသုံးပေးပါ။ 

မိမိတို့ကပါဘာသာအဆုံးအမကြောင့်အကြမ်းဖက်လို့သုံးမယ်ဆိုရင်အဂါဝရအကြည်ညိုပျက်စေပါတယ်။လူတစ်ယောက်၊လူတစ်စုကြောင့်ငြိမ်းချမ်းတဲ့အေးချမ်းတဲ့အဆုံးအမနဲ့အဆုံးအမလိုက်နာသူတွေအားလုံးအပေါ်ဘာသာခြားတွေအထင်အမြင်မသေးစေချင်ဘူး။အထင်မလွဲစေချင်ဘူး။လွဲဖို့ပါဝင်ပါတ်သတ်အားမပေးသင့်ဘူး။ကိုယ်ကပါရောယောင်ပြီးသာသနာတော်နဲ့ဘာသာဝင်တွေကိုအိုးမဲမသုတ်သင့်ဘူး။ဒါကြောင့်အသုံးအနှူန်းကိုဂရုပြုစေချင်ပါတယ်။လွယ်လွယ်မသုံးစေချင်ပါဘူး။ဥပမာStroke City လိုပေါ့။ဒါ့ကြောင့်နောက်နောင်သုံးစွဲရတော့မယ်ဆိုရင် 
() Un-Buddhist(s) ဘာသာအရေခြုံ(များလို့သာသုံးပါ။ 
Terrorist အကြမ်းဖက်ဆိုတဲ့စာသားပါကိုပါချင်တယ်ပါကိုပါရမယ်ဆိုရင်လည်း 
() Un-Buddhist Terrorists ဘာသာဝင်အမည်ခံအကြမ်းဖက်များလို့သာကျေးဇူးပြုသုံးစွဲပေးဖို့မေတ္တာရပ်ပါတယ်။ 

သူတော်ကောင်းတရားထွန်းကားပါစေ။

Sunday, January 14, 2018

သားလေးအတွက်

Economic and Business 
ဘောဂဗေဒပညာရပ်နဲ့ စီးပွားရေးပညာရပ်ဟာ တချို့နေရာတွေမှာ တူကောင်းတူနိုင်နေပေမဲ့ တထပ်တည်း ထပ်တူလုံးဝမကျပါဘူး။ ခပ်ဆင်ဆင်တူချင်သလိုနဲ့ အတိမ်အနက်မတူပါဘူး။ ရှုပ်ထွေးရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ဘောဂဗေဒဆိုတဲ့ ပါဠိသက်စကားလုံးကလည်း အဓိကပါနေမယ် ထင်ပါတယ်။ ချမ်းသာကြွယ်ဝရေးနဲ့ စီးပွားရေးဆိုတာက ဆင်သလိုလို တူသလိုလို ဖြစ်နေတာလည်းပါတယ်။ ဘောဂဆိုရင် မောင်ဘောဂ၊ သူဌေးကြီးဦးဘောဂလို့ တန်းမြင်လို့ ဘောဂဆိုတာ ချမ်းသာကြွယ်ဝတယ်လို့ အလွယ်နားလည်မိပါတယ်။ (ဒီအလွယ်နားလည်မှုကြောင့် အလွဲနားလည်ကာ ကျင့်သုံးဆောင်ရွက်ခြင်းကြောင့် နိုင်ငံဆင်းရဲမွဲတေနေရတယ်လို့ ခံစားမိပါတယ်။) ဗေဒကတော့ ရှင်းပါတယ် ပညာရပ်၊ ဘာသာရပ်ပါ။ ထဲထဲဝင်ဝင်လေ့လာရင် ဘာသာရပ်နှစ်ခုရဲ့ ကွာခြားချက်တွေကို တွေ့မြင်လာမှာ ဖြစ်ပါတယ်။ 
(၁) ဘောဂဗေဒက ပင်စည်ဖြစ်ပြီး၊ စီးပွားရေးကတော့ ပင်စည်ကဖြာထွက်တဲ့ အကိုင်းအခက်ပဲဖြစ်ပါတယ်။ ပင်စည်တုတ်ပြီး အကိုင်းအခက်ဝေဆာနေတာ အကောင်းဆုံးပါပဲ။
(၂) ဘောဂဗေဒပညာရပ်က စီးပွားရေးမူဝါဒများ ချမှတ်ရန် လေ့လာသင်ယူခြင်းဖြစ်ပြီး၊ စီးပွားရေးပညာရပ်ကတော့ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်အောင် ထူထောင်ဆောင်ရွက်နိုင်ရေးအတွက် လေ့လာသင်ယူခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အီကောနောမစ် (ဝါ) ဘောဂဗေဒဘာသာရပ်ကို စီးပွားရေးမူဝါဒများ လေ့လာခြင်းပညာလို့ မြန်မာစာလုံးနဲ့ အပြည့်ဖလှယ်ချင်ပြီး၊ ဘိစနက်ကိုတော့ စီးပွားရေးလုပ်ငန်းများ လေ့လာသင်ယူခြင်းလို့ ဖလှယ်ချင်ပါတယ်။
(၃) နောက်ဒီဘာသာရပ်နှစ်ခုရဲ့ ကြီးကြီးမားမားကွာခြားချက်က အဆင့်ပဲဖြစ်ပါတယ်။ ဘောဂဗေဒက ပြည်သူ့ရေးရာဖြစ်ပြီး စီးပွားရေးကတော့ ပုဂလိက တစ်ဦး၊ လူတစ်စုအကျိုးကို ဦးတည်တာဖြစ်ပါတယ်။ မက်ခရိုအဆင့်နဲ့ မိုက်ခရိုအဆင့်လိုကွာပါတယ်။ တစ်ခုလုံးနဲ့ တစ်ခုတည်းကို လေ့လာခြင်းဆိုရင် မမှားပါဘူး။ အားလုံးကို ခြုံငုံကြည့်ခြင်းနဲ့ တစ်ခုတည်းကို အသေးစိတ်ကြည့်ခြင်းပဲဖြစ်ပါတယ်။ ပိုရှုပ်သွားတယ်ဆိုရင် ထပ်ရှင်းပါ့မယ်။ မက်ခရိုက နိုင်ငံတော်အဆင့်၊ တစ်နိုင်ငံလုံးရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်ပြီး၊ မိုက်ခရိုက ပုဂလိကအဆင့် စီးပွားရေးလုပ်ငန်းအတွက်ပဲဖြစ်ပါတယ်။ ဒီအပြင် အများဝယ်ယူပိုင်ဆိုင်နိုင်သောလုပ်ငန်းများလည်း ပါဝင်ပါတယ်။ အကျုံးဝင်ပါတယ်။
(၄) ဘောဂဗေဒ (ဝါ) စီးပွားရေးမူဝါဒများ လေ့လာသင်ယူခြင်း ဘာသာရပ်က မက်ခရိုအဆင့် တစ်နိုင်ငံလုံးအကျိုးစီးပွားအတွက် လေ့လာသုံးသပ်ပြီး နိုင်ငံနဲ့သင့်လျော်ရာ မူဝါဒတွေချမှတ်ရေးဆွဲတာပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ လေ့လာသင်ယူခြင်း ပညာရပ်ကတော့ လုပ်ငန်းတစ်ခု (ဝါ) လုပ်ငန်းစုတစ်ခုရဲ့ အကျိုးစီးပွားအတွက် လေ့လာသုံးသပ်ပြီး မိမိလုပ်ငန်း (သို့) မိမိတာဝန်ယူထားရသော လုပ်ငန်းအမြတ်အစွန်းရအောင် လက်တွေ့ အကောင်အထည်ဖေါ်ခြင်းပဲဖြစ်ပါတယ်။
(၅) စီးပွားရေးမူဝါဒများကို လေ့လာသူများ (ဝါ) ဘောဂဗေဒပညာရှင်များဟာ အများအားဖြင့် အစိုးရလုပ်ငန်းများ၊ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများ၊ စီမံကိန်းရေးဆွဲရေးလုပ်ငန်းများ၊ ကုလသမဂအဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်နေရာရတက်ကြပါတယ်။ ကျနော်လေးစားသိကျွမ်းရင်းနှီးရတဲ့ ဘောဂဗေဒပညာရှင်များကတော့ ဆရာမြင့်၊ ဆရာခင်မောင်ညို (ဘောဂဗေဒ)၊ ဒေါက်စိုးနဲ့ အသင်အပြကောင်းတဲ့ ဆရာမဒေါ်သီတာမြင့်တို့ပဲဖြစ်ပါတယ်။ စီးပွားရေးပညာရပ်ကို လေ့လာသူများကတော့ အတော်များပါတယ်။ အောင်မြင်သူတွေလည်းများပါတယ်။ 
စီးပွားရေးပညာရှင်၊ လုပ်ငန်းပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းများမှာ ရာထူးကြီးများရရှိထားသူများကတော့ အတော်များပါတယ်။ စီးပွားရေးသမားအရေအတွက်များများစားစား တွေ့နိုင်ထွက်ပေါ်နိုင်ပေမဲ့ စီးပွားရေးမူဝါဒရေးရာပညာရှင်ကတော့ နည်းပြီး ထွက်ပေါ်လာဖို့ အချိန်ယူရပါတယ်။ ရှားပါးပါတယ်။ အချိန်တိုအတွင်း သင်ယူတက်မြောက်ကျွမ်းကျင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
(၆) နောက်ထပ်အလွယ် အမှတ်အမှားတစ်ခုကတော့ အစိုးရစီးပွားရေးလုပ်တယ် ဆိုတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ စီးပွားရေးဆိုတဲ့ စကားကို စီးပွားရေးအမြင်ဖြင့်ကြည့်တဲ့အခါ အရှုံး၊ အမြတ်ဖြစ်လာပါတယ်။ လုပ်ငန်းရှင်တွေကတော့ စီးပွားရေးသမားမို့ စီးပွားရေးဆန်ခြင်းနဲ့ အကျိုးအမြတ်ကြည့်တာ မဆန်းပါဘူး။ မြန်မာစကားလုံးမှာ စီးပွားရေးဆိုရင် လူတိုင်း အရှုံးအမြတ်ကိုတန်းမြင်တက်ပါတယ်။ အင်္ဂလိပ်စာ The Business of the Business is Business ဆိုတဲ့နေရာမှာ (က) စီးပွားရေး (ခ) လုပ်တယ်ဆိုတာ (ဂ) မြတ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒီနေရာမှာ Business ဆိုတဲ့စာလုံးတစ်လုံးရဲ့ အဓိပါယ်က သုံးမျိုးအထိ ရှိနေတာပါပဲ။ ဒါကြောင့် ဒီနေရာမှာ (က) အစိုးရ စီးပွားရေးလုပ်တယ်။ (ခ) အစိုးရ လုပ်တက်ကိုင်တက်ရမယ်။ (ဂ) အစိုးရ အမြတ်ရအောင်လုပ်တယ်။ ဆိုတဲ့ သုံးခုအနက် (ခ) ဖြစ်တဲ့ လုပ်တက်ကိုင်တက်ဆိုတဲ့အဓိပါယ်ကိုသာ ယူစေချင်ပါတယ်။ အစိုးရတရပ်ဟာ စီးပွားရေးမူဝါဒများကိုသာ ရေးဆွဲချမှတ်ရမဲ့ တာဝန်သာယူစေချင်ပါတယ်။ အစိုးရစီးပွားရေးလုပ်ရင် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ခေတ် ပြန်ရောက်သွားပါမယ်။ ဈေးကွက်ဗဟိုပြုစနစ်မှာ အစိုးရဟာ ပြည်တွင်းလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်ပြီး အရှုံး၊ အမြတ်ရှေ့တန်းတင်စရာမရှိဘူးလို့ မြင်ပါတယ်။ ပုဂလိကနဲ့ အစိုးရ ယှဉ်ပြိုင်ဖို့ဆိုတာ လက်ရည်မမျှပါဘူး။ (အစိုးရက စီးပွားရေးလုပ်ပြီး မြတ်ချင်နေတာ ဘယ်စာအုပ်မှာမှ ရှာမရပါ။ အစိုးရက ပြည်တွင်းပုဂလိလုပ်ငန်းများကို ယှဉ်ပြိုင်ပြီး အနိုင်ယူချင်တာ စဉ်းစားမရပါ။) အစိုးရလုပ်တက်ကိုင်တက်ခြင်းရှိ၊ မရှိဆိုတာကို ပြည်တွင်းလုပ်ငန်းများ အစဉ်ပြေချောမွေ မြန်ဆန်လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိနဲ့၊ ပြည်တွင်းလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိ၊ မရှိတို့နဲ့သာ တိုင်းတာရမှာဖြစ်ပြီး၊ ငွေကြေးအရှုံးအမြတ်နဲ့ တိုင်းတာရမှာ မဟုတ်ပါဘူး။ ပြိုင်ဖက်က အခြားနိုင်ငံများနဲ့ ယှဉ်ပြိုင်နိုင်စွမ်း၊ မိမိတို့ ပြည်တွင်း လုပ်ငန်းများလုပ်ကိုင်နိုင်စွမ်း အဆင့်မြင့်မားဖို့ပဲဖြစ်ပါတယ်။
(၇) စီးပွားရေးမူဝါဒများက ငွေကြေးအရှုံးအမြတ်ထက် လုပ်ငန်းရှင်များလုပ်ဆောင်ရာမှာ လွယ်ကူချောမွေ့ရေး၊ ပြည်သူပြည်သားများ အစဉ်ပြေချောင်လည်ရေးကိုပဲ ဦးတည်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ လိုအပ်ရင် အရှုံးခံရပါမယ်။ ရှုံးရခြင်း အဓိက အကြောင်းအရင်းကတော့ ပုဂလိက မလုပ်ချင်၊ ပုဂလိကမပေးသင့်တဲ့နေရာတွေကို ဝင်ရောက်လုပ်ကိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ထို့အပြင် လိုအပ်သော အရင်းအနှီးစိုက်ထုတ်ခြင်း၊ အားပေးသင့်သည့်လုပ်ငန်းများကို အားပေးထောက်ပံ့ခြင်းများဆောင်ရွက်ရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အစိုးရအရှုံးခံ ဆောင်ရွက်တာ မထူးဆန်းပါဘူး။
(၈) စီးပွားရေးမူဝါဒများကြောင့်ရလဒ်သည် နိုင်ငံအဝှမ်းအထိ ကျယ်ပြန့်ပြီး သက်ရောက်မှုအတွက် အချိန်ယူရပါတယ်။ စီးပွားရေးလုပ်ငန်းများကတော့ လုပ်ငန်းတစ်ခု (သို့) လုပ်ငန်းစုတစ်ခုအတွက်သာဖြစ်ပြီး စီးပွားရေးမူဝါဒများနဲ့ နှိုင်းယှဉ်ရင် အချိန်ယူစရာသိပ်မလိုသလို သက်ရောက်မှုကလည်း နည်းပါတယ်။ 
(၉) ဘာသာရပ်နှစ်ခုစလုံးမှာ တူတာတစ်ချို့က မိမိတို့ လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိရေးနဲ့ လုပ်ငန်းများ လုပ်ဆောင်ရာမှာ လွယ်ကူအစဉ်ပြေစေရေးတို့ကို ဦးတည်ကြခြင်းပဲ ဖြစ်ပါတယ်။ မူဝါဒပညာရှင်၊ မူဝါဒသမားတွေကတော့ ပဲ့ကိုင်ရှင်၊ ဇာခန်းစီးနောက်ကွယ်က ကြိုးကိုင်ရှင်များဖြစ်ကြပါတယ်။ စီးပွားရေးသမားတွေကတော့ လုပ်ငန်းကြီးရင် နောက်ကွယ်ကဆောင်ရွက်ပြီး၊ လုပ်ငန်းသေးငယ်ရင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်တက်ကြပါတယ်။ 
(၁၀) နိဂုံးချုပ်အနေနဲ့ အစိုးရစီးပွားရေးလုပ်တယ်ဆိုတာ နိုင်ငံတွင်းလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိရေးနဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ အစဉ်ပြေချောမွေ့ရေးကို ဦးစားပေးရမှာဖြစ်ပါတယ်။ အမြတ်ရရှိဖို့မဟုတ်ပါဘူး။ အစိုးရက ပုဂလိကလုပ်ငန်းများနဲ့ ယှဉ်ပြိုင်အနိုင်ရတယ်ဆိုတာကလည်း ဂုဏ်ယူစရာမဟုတ်သလို ဖြစ်သင့်တဲ့အရာလည်းမဟုတ်ပါဘူး။
(၁၁) ကောက်နှုတ်ချက်အနေနဲ့ စီးပွားရေးပညာရပ် မသင်ဘူးသူကို လုပ်ငန်းတစ်ခု ဦးစီးခိုင်းတာ စွန့်စားလွန်းရာကျပါတယ်။ ပြိုင်ဆိုင်မှုများလေ အရှုံးနဲ့ ရင်ဆိုင်ရဖို့များလေဖြစ်ပါတယ်။ ဒီထက်ဆိုးတာက လုပ်ငန်းတစ်ခုကို မတည်ထောင်ဘူး၊ လုပ်ငန်းတစ်ခုမှာ အဆင့်မြင့်ရာထူးတာဝန်မယူဘူးသောသူများ ဘောဂဗေဒအကြောင်း၊ စီးပွားရေးမူဝါဒတွေအကြောင်းဆွေးနွေးနေရင် အလွန်ဂရုစိုက်ပါ။ အနရာယ်ရှိပါတယ်။ အလောင်းအစားမှာ အရော်အစားကြီးပါတယ်။ ဦအောင် (အောင်သမာဓိ) စကားယူသုံးရရင် သုံးလို့မကုန်၊ မှားလို့ကုန်ပါမယ်။ ပညာရပ်ကို မသင်ဘူး၊ (ယခုမှ လေ့လာနေသူများအပါအဝင်) တာဝန်ကြီးကြီးနေရာမယူဘူးသူများကို စီးပွားရေးမူဝါဒများ ဦးစီးအကောင်ထည်ဖေါ်ခိုင်း၊ ချမှတ်ခိုင်းမည်ဆိုရင် ဆိုဖွယ်ရာမရှိ။ ဆိုးဖွယ်ရာအတိဖြစ်မည်မှာ ဗေဒင်မေး ဆန်ကုန်၊ ငွေကုန်၊ အချိန်ကုန်ပါမည်။ မြေကြီးလက်ခတ်မလွဲ ဆိုးကျိုးများသာ နောက်ဆက်တွဲ ဖြစ်ပေါ်လာပါမည်။ စီးပွားရေးသမားမှားရင် မိသားတစ်စု၊ ဝန်ထမ်းတစ်စု အိပ်ကပ်ပါးမယ်။ ဗိုက်မှောက်နေရပါမယ်။ စီးပွားရေးမူဝါဒမှားရင် တနိုင်ငံလုံး ကြိုးစားသလောက် အရာမထင်နိုင်သလို အလိုလိုနေရင်း အိပ်ကပ်ထဲကငွေ၊ ဘဏ်ထဲကငွေ၊ ပိုင်ဆိုင်တဲ့အရာတွေ တန်ဖိုးနည်းသွားနိုင်ပါတယ်။ 
(၁၂) စက်ဘီးမစီးတက်သူကို ကား မမောင်းခိုင်းပါနဲ့။ ကရိန်းကားဆိုပိုဆိုးပါမယ်။ ယာဉ်မောင်း လိုင်စင်ရပြီးမှသာ မောင်းခွင့်ပေးကြဖို့ မေတာရပ်ပါတယ်။ စက်ဘီးမှောက်ရင် တစ်ယောက်၊ နှစ်ယောက်၊ ကားမတော်တဆဖြစ်ရင်.....မလွယ်ပါ။
(၁၃) ကားမမောင်းတက်သူကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချမှတ်ခိုင်းမယ်ဆိုရင်တော့ လမ်းအသုံးပြုသူအားလုံး ကမောက်ကမတွေဖြစ်နိုင်ပါတယ်။ နှောင့်နှေးခြင်း၊ အနရာယ်ဖြစ်ခြင်းတို့နဲ့ ကြုံရနိုင်ပါတယ်။ စီးပွားရေးမလုပ်တက်ရင် လုပ်ငန်းတစ်ခုသာ ထိခိုက်နစ်နာမှာဖြစ်ပြီး၊ စီးပွားရေးမူဝါဒမကောင်းရင်တော့ဖြင့် တစ်နိုင်ငံလုံး လှည်းနေလှေအောင်းမြင်းဆောင်းမကျန် ကျွမ်းပြန်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပြသနာကို အမြန်ဖြေရှင်းဖို့ လူမှန်၊ နေရာမှန်ဖြစ်မှသာ စိတ်အေးရမှာဖြစ်ပါတယ်။ ၂၀၁၈ မှာ မှန်မှ ၁၉၊ ၂၀ တန်ကာကျပါမယ်လို့ ပြောတဲ့ ဆရာဒေါက်တာအောင်ကျော့် စကားလဲ သတိရမိပါတယ်။
(၁၄) အဖေတစ်ယောက်အနေနဲ့ သားကိုဘောဂဗေဒပညာရပ်ကို လေ့လာသင်ယူစေချင်ပြီး စီးပွားရေးမူဝါဒကျွမ်းကျင်သူပညာရှင်ဖြစ်စေချင်တယ်။ (သားလေးအတွက်ရေးတဲ့ အဖေ့စာ)
(၁၅) နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံဒီထက်ပိုကောင်းဖို့ စီးပွားရေးမူဝါဒပညာရှင်များကို ပိုမို နေရာရစေချင်ပါတယ်။ အဓိပါယ်ရှိရှိ ပါဝင်ခွင့်၊ ဆောင်ရွက်ခွင့်ရပါစေလို့ ဆနပြုပါတယ်။
(နိုင်ငံသားတစ်ယောက်ပေးတဲ့စာ)
သယ်ရင်း ရိုးတူး ကျေးဇူးပါ။

Wednesday, November 22, 2017

စာမေးပွဲ ၂

Describe = ရေးသားဖေါ်ပြပါ။
In a descriptive answer you should recount, characterize, sketch or relate in narrative form.
Diagram = ပုံဆွဲပါ။
For a question which specifies a diagram you should present a drawing, chart, plan, or graphic representation in your answer. Generally you are expected to label the diagram and in some cases add a brief explanation or description. 
Discuss = ပြည့်ပြည့်စုံစုံ အသေးစိတ် ဆွေးနွေးပါ။
The term discuss, which appears often in essay questions, directs you to examine, analyse carefully, and present considerations pro and con regarding the problems or items involved. This type of question calls for a complete and entailed answer.
Evaluate = သုံးသပ်ပါ။ အားသာချက်၊ အားနည်းချက်များကို
In an evaluation question you are expected to present a careful appraisal of the problem stressing both advantages and limitations. Evaluation implies authoritative and, to a lesser degree, personal appraisal of both contributions and limitations.
Explain = ရှင်းလင်းတင်ပြပါ
In explanatory answers it is imperative that you clarify and interpret the material you present. In such an answer it is best to state the "how or why," reconcile any differences in opinion or experimental results, and, where possible, state causes. The aim is to make plain the conditions which give rise to whatever you are examining.


Compare = နိုင်းယှဉ်ပါ။ (အရည်အသွေး၊ စရိုက်လဏ္ခာ)
Examine qualities, or characteristics, to discover resemblances. "Compare" is usually stated as "compare with": you are to emphasise similarities, although differences may be mentioned. 
Contrast = မတူညီခြင်းကို အလေးထားဖြေပါ။ ကွဲပြားခြင်း။
Stress dissimilarities, differences, or unlikeness of things, qualities, events, or problems.
Criticise = မိမိအမြင် သုံးသပ်ချက် (မှန်ကန်ခြင်း၊ ကောင်းမွန်ခြင်း)
Express your judgment or correctness or merit. Discuss the limitations and good points or contributions of the plan or work in question.
Define = အဓိပ္ဗါယ်ဖွင့်ဆိုပါ။ တိတိကျကျ ရှင်းရှင်းလင်းလင်း လိုတိုရှင်းဖြေပါ။
Definitions call for concise, clear, authoritative meanings. Details are not required but limitations of the definition should be briefly cited. You must keep in mind the class to which a thing belongs and whatever differentiates the particular object from all others in the class.

စာမေးပွဲ

Exams and Revision student revising
Learning how to perform in examinations is an essential skill. Exams are best thought of as an opportunity to demonstrate what you have learnt about your subject.
To be successful in examinations you need just two things:
knowledge (see revision strategies)
good exam technique
In this section, you will find an abundance of information to help you, including:
revision strategies
strategies to use in different kinds of exam
tips on essay writing in exam conditions
how to cope with exam pressure
how to use past paper

Summative Assessment Methods currently in use include:
= Unseen Examination in controlled conditions (e.g. 3 questions in 3 hours) = ကြိုတင်ပေးမသိသော မေးခွန်းများ။
= Seen exam paper in controlled conditions (as above, but you know the question(s) in advance) တင်ကြိုသိပြီးသား မေးခွန်းများ။
= Open Book or Take-Away exam စာအုပ်ဖွင့်ဖြေဆိုနိုင်ခြင်း။ စာမေးပွဲခန်းမ အပြင်ဖက်တွင် ဖြေဆိုနိုင်ခြင်း။
= Multiple Choice Test in controlled conditions (paper-based) ဓမ္မဓိဌာန်မေးခွန်းများ။
= In-class test ကျောင်းခန်းအတွင်း စစ်ဆေးခြင်း။
= Essay or Report (e.g. on an individual or group project) အက်ဆေး (သို့) အစီရင်ခံစာ တင်ပြလွာ
= Portfolio
= Dissertation
= Presentation (may be peer-assessed and/or tutor-assessed)
= Performance (e.g. musical or dramatic) စွမ်းဆောင်ရည်။
= Oral examination (e.g. foreign language speaking skills) နှုတ်မေး။
= Attendance သင်တန်းတက်ရောက်ခြင်း။
= Participation in lectures and/or seminars/online discussion boards, or group work (may be peer-assessed and/or tutor-assessed) ပါဝင်ဆွေးနွေးခြင်း။
= Creation of a web page ဖန်တီးခြင်း။

Describe = ရေးသားဖေါ်ပြပါ။
In a descriptive answer you should recount, characterize, sketch or relate in narrative form.
Diagram = ပုံဆွဲပါ။
For a question which specifies a diagram you should present a drawing, chart, plan, or graphic representation in your answer. Generally you are expected to label the diagram and in some cases add a brief explanation or description. 
Discuss = ပြည့်ပြည့်စုံစုံ အသေးစိတ် ဆွေးနွေးပါ။
The term discuss, which appears often in essay questions, directs you to examine, analyse carefully, and present considerations pro and con regarding the problems or items involved. This type of question calls for a complete and entailed answer.
Evaluate = သုံးသပ်ပါ။ အားသာချက်၊ အားနည်းချက်များကို
In an evaluation question you are expected to present a careful appraisal of the problem stressing both advantages and limitations. Evaluation implies authoritative and, to a lesser degree, personal appraisal of both contributions and limitations.
Explain = ရှင်းလင်းတင်ပြပါ
In explanatory answers it is imperative that you clarify and interpret the material you present. In such an answer it is best to state the "how or why," reconcile any differences in opinion or experimental results, and, where possible, state causes. The aim is to make plain the conditions which give rise to whatever you are examining.