Please use Un-Buddhist Terrorist as there is no Buddhist Terrorist
ဗုဒ္ဓဘာသာမှာအစွန်းရောက်Buddhist Terrorist ဆိုတာမရှိဘူး။အစွန်းနှစ်ဖက်လွတ်ကင်းပြီးဟောဖေါ်ညွှန်ပြဆိုဆုံးမထားတဲ့ဘာသာမှာအစွန်းရောက်စရာမရှိ။အာဒိကလျာဏံ၊မစ္ဆေကလျာဏံ၊ပရိရောသလျကလျာဏံဆိုတဲ့စ၊လယ်၊ဆုံးကောင်းမွန်တဲ့တရားတော်မြတ်များဖြစ်တာကြောင့်ဘာသာအဆုံးအမကြောင့်အကြမ်းဖက်ဖို့မဆိုထားနဲ့ဘေးဥပဒ်ဖြစ်စရာတောင်မရှိဘူး။
Buddhism အဆုံးအမကြောင့်အကြမ်းဖက်စရာTerrorism မရှိနိုင်ဘူးဆိုတော့စောဒကအနေနဲ့Buddhist ဘာသာဝင်ကြောင့်ရောရှိနိုင်လားလို့တွေးစရာပေါ့။အဆုံးအမကိုလိုက်နာတဲ့သူတွေမှာမရှိနိုင်ဘူး။၁၈ရာစုအစောပိုင်းကအမေရိကန်ကဟင်နရီဒေးဗစ်သော်ရိုတို့၊၁၉ရာစုအစောပိုင်းကအိန္ဒိယကမဟတ္တမဂန္ဒီတို့၊၁၉ရာစုနှောင်းပိုင်းအာဖရိကကနယ်လဆင်မင်ဒဲလားတို့ကအကြမ်းမဖက်ရေးဆိုတာတွေကိုလက်တွေ့ကျင့်သုံးခဲ့ကြတာပါ။
Buddhist (ဗုဒ္ဓဘာသာဝင်), Non-Buddhist ဗုဒ္ဓဘာသာဝင်မဟုတ်သူ(အခြားဘာသာဝင်များ) & Un-Buddhist ဗုဒ္ဓဘာသာအမည်ခံပြီးအဆုံးအမများကိုမလိုက်နာသူများ၊မပီသသူများဆိုပြီးအသုံးနှူန်းတွေရှိပါတယ်။
ဗုဒ္ဓဘာသာဝင်စစ်စစ်မှာDevotee ကိုင်းရှိုင်းတာပဲရှိတယ်။(The more, the merrier) ယုံကြည်လေကိုင်းရှိုင်းလေအေးချမ်းလေပါ။အဆုံးအမတွေကိုကိုင်းရှိုင်းလေလေတကိုယ်ရည်မိမိသာမကမိမိပါတ်ဝန်းကျင်ပါအေးချမ်းလေပါ။Buddhist ဗုဒ္ဓဘာသာစစ်စစ်မှာအစွန်းရောက်စရာမရှိပါ။အဆုံးအမကိုကြည်ညိုလွန်းရင်ကိုင်းရှိုင်းသူသာဖြစ်ပါမယ်။Non-Buddhist ကအခြားဘာသာကိုယုံကြည်ကိုးကွယ်ကြသူများပါ။သူတို့ကဗုဒ္ဓဘာသာနဲ့မဆိုင်လို့ဒီနေရာမှာဆွေးနွေးစရာမရှိပါဘူး။အကြမ်းဖက်တာတွေကိုအဆုံးအမကိုဖီလာဆန့်ကျင်တဲ့အရေခြုံတွေကြောင့်တော့ရှိနိုင်တယ်။Un-Buddhist ဆိုတာကဗုဒ္ဓဘာသာဖြစ်လျက်နဲ့မလိုက်နာသူတွေကိုမှည့်ခေါ်တာပါ။
ဗုဒ္ဓဘာသာဝင်တစ်ဦးကိုမင့်ဟာUn-Buddhist ဆိုရင်တော်တော်များသွားပြီ။စော်ကားတာအဆုံးဖြစ်သွားပြီ။နာတက်မယ်ဆိုအရမ်းနာစရာကောင်းပါတယ်။အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့သူ။ကြောင်သူတော်ကြွက်သူခိုးပေါ့။Famous နဲ့Notorious လိုကျော်ကြားတာခြင်းတူပေမဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူနဲ့ဂုဏ်သိက္ခာရှိရှိကျော်ကြားတဲ့သူလိုပေါ့။ဒါ့ကြောင့်ဗုဒ္ဓဘာသာကိုခုတုံးလုပ်အသုံးချနေသူများဟာနောက်တနည်းအရေခြုံများအဆုံးအမကိုမျက်ကွယ်ပြုမကျင့်သုံးပဲဖျက်လိုဖျက်စီးလုပ်နေသူများကိုUn-Buddhist အဆုံးအမကိုဖီဆန်သူဟုသာသတ်မှတ်ခေါ်ဝေါ်သုံးစွဲရမှာဖြစ်ပါတယ်။
အဓိကကဝန်ကြီးဌာနနဲ့၊စာနယ်ဇင်းသမားတွေကိုအထူးမေတ္တာရပ်ခံပါတယ်။နိုင်ငံခြားမီဒီယာတွေကBuddhism ကိုအကြမ်းဖက်နဲ့ပုံဖေါ်နေတဲ့အချိန်၊တံဆိပ်ကပ်နေတဲ့အချိန်မှာကိုယ်ပါဝင်မယောင်သင့်ပါဘူး။Buddhism ကိုTerrorism နဲ့ပုံဖေါ်နေတဲ့အချိန်မှာတာဝန်သိတဲ့ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ဘာသာအဆုံးအမBuddhism နဲ့Un-Buddhists အမည်ခံတွေကိုခွဲခြားသုံးပေးပါ။
မိမိတို့ကပါဘာသာအဆုံးအမကြောင့်အကြမ်းဖက်လို့သုံးမယ်ဆိုရင်အဂါဝရအကြည်ညိုပျက်စေပါတယ်။လူတစ်ယောက်၊လူတစ်စုကြောင့်ငြိမ်းချမ်းတဲ့အေးချမ်းတဲ့အဆုံးအမနဲ့အဆုံးအမလိုက်နာသူတွေအားလုံးအပေါ်ဘာသာခြားတွေအထင်အမြင်မသေးစေချင်ဘူး။အထင်မလွဲစေချင်ဘူး။လွဲဖို့ပါဝင်ပါတ်သတ်အားမပေးသင့်ဘူး။ကိုယ်ကပါရောယောင်ပြီးသာသနာတော်နဲ့ဘာသာဝင်တွေကိုအိုးမဲမသုတ်သင့်ဘူး။ဒါကြောင့်အသုံးအနှူန်းကိုဂရုပြုစေချင်ပါတယ်။လွယ်လွယ်မသုံးစေချင်ပါဘူး။ဥပမာStroke City လိုပေါ့။ဒါ့ကြောင့်နောက်နောင်သုံးစွဲရတော့မယ်ဆိုရင်
(၁) Un-Buddhist(s) ဘာသာအရေခြုံ(များ) လို့သာသုံးပါ။
Terrorist အကြမ်းဖက်ဆိုတဲ့စာသားပါကိုပါချင်တယ်ပါကိုပါရမယ်ဆိုရင်လည်း
(၂) Un-Buddhist Terrorists ဘာသာဝင်အမည်ခံအကြမ်းဖက်များလို့သာကျေးဇူးပြုသုံးစွဲပေးဖို့မေတ္တာရပ်ပါတယ်။
သူတော်ကောင်းတရားထွန်းကားပါစေ။
No comments:
Post a Comment