စေတနာရှိတဲ့ လူမျိုးတွေ။ စနစ်မကျခဲ့ဘူး။ စေတနာကို အခွင့်ကောင်းယူတာကို မဖြေရှင်းနိုင်ခဲ့ကြလို့ အခုတော့ ဒုက္ခရောက်ပြီ။ စနစ်ကျတဲ့လူတွေ တိုးတက်လာပြီး။ စေတနာတွေကို စနစ်တကျတည်ဆောက်နေကြတယ်။ စည်းကမ်းရှိဖို့ ပထမ။ စည်းကမ်းမဲ့ စေတနာ ရှေးရိုးစွဲ စည်းကမ်းရှိ စေတနာ ကောင်းမွန်သော စည်းကမ်းမဲ့ စေတနာမဲ့ အပျက် စည်းကမ်းရှိ စေတနာမဲ့ ခေတ်သစ် လက်ညိုးကလေးတစ်ချောင်းထောင်ပြီး။ ကားတစ်စီးလောက်လို့ပြောရင် ကိုယ်ကအစ ပေးချင်စိတ်မရှိတော့ဘူး။ အရင်ကတော့ ကြည်ကြည်ဖြူဖြူနဲ့ ပေးခဲ့ဖူးပါတယ်။ ကိုယ့်အလှည့်အရေးတစ်ကြီးအချိန်ကျတော့ ကားလေးတစ်စီးလောက်ကျော်ပါရစေ။ နေရာယူပါရစေဆိုတော့ ပေးမဲ့သူ မရှိတော့ဘူး။ အဲဒီလို ဖြစ်ပါများလာတော့ လက်ညိုးထောင် တစ်စီးဆို ဆောရီးဖြစ်သွားတယ်။ သွားလို့ရရ မရရ အတင်းတိုးကပ်မောင်းပြီး နေရာယူတက်နေပါပြီ။ မီးပွိုင့်စနစ်ကလည်း သိတဲ့အတိုင်းပဲ။ အခု စနစ်လည်းမရှိ၊ စည်းကမ်းလဲမသိ။ စေတနာလည်းမရှိကြတော့ဘူး။ သူများတွေက စေတနာထက် စည်းကမ်းကို အလေးထားတယ်။ ကားဆို လူကူမျည်းကြားမှာ ရပ်ပေးတယ်။
Thursday, January 23, 2014
စနစ်နဲ့ စေတနာ။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment