Tuesday, September 9, 2014

က က

အမဲလိုက် အက ဇာတ်ခုံပေါ်မှာ က လုပ်ငန်းခွင်မှာ က နိစ္စဓူဝ က လူတွေ အားလုံး က နေရာတိုင်းမှာ က ပုံစံမျိုးစုံ က လူတွေအားလုံး က မသင်ထားလဲ က သင်ကာထားလဲ က ဆုမရလဲ က ဆုရလဲ က ဇာတ်တော်ကြီးနဲ့ က ချိုမိုင်မိုင်လို က မြေ၀ိုင်းဇာတ်ထဲ က ရပ်ပါကြီးလို က ပေါ့သမားတွေလို က အိုပါးဂါးနား က ခုန်ပေါက်ပြီးတော့ က ငြိမ့်ငြိမ့်လေးနဲ့ က တီးလုံးရှိလဲ က တီးလုံးမရှိလဲ က အမဲလိုက် အက တစ်ပင်တိုင်လည်း က နှစ်ပါးသွားလည်း က အော်ပရာနဲ့ က မျက်ရည်လည်ရွဲနဲ့ က ပြုံးဖြီးဖြီးနဲ့ က သွေးသံရဲရဲနဲ့ က ချွေးတွေရွှဲလို့ က ပျော်ပျော်ပါးပါး က မော်မော်ကြွားကြွား က ပုံးလှိုးကွယ်လှိုး က တိတ်တိတ်ကလေးလည်း က အမဲလိုက် အက လူတွေအားလုံး က သေသေချာချာ က။

No comments:

Post a Comment