Tuesday, March 31, 2015

ဥမ္မာတကောခေတ်

အရူးခေတ်

ပုထုဇနော ဥမ္မာတကော
လူတိုင်း အရူးတွေပဲ။
ကိုယ့် အတ္တနဲ့ ကိုယ်
အနည်း အများတော့
ရူးနေကြသူတွေချည်းပဲ။

အရူးတွေထဲမှ
ဘယ် အရူး
ပိုရူးသလဲ။

အရင်ခေတ်က
အရူးကြီးခေတ်

အရူးအိုကြီးထက်
ပို ရူးတဲ့
အရူး
မရှိဘူးတဲ့။

ခုခေတ်က
အရူးနောက်လိုက်ခေတ်

အရူးလေးတွေ
သူများရူးလို့
လိုက်ရူးရတဲ့
အရူးလောက်
ရူးတဲ့သူ
မရှိတဲ့ ခေတ်။


There is no fool like a old fool in the past.
Nowadays, there is no fool who like a young fool, who follow the other fool.

No comments:

Post a Comment