မပြိုင်ဘဲလည်း မနေနဲ့
အပြိုင်အဆိုင်ရှိမှ မြိုင်မြိုင်ဆိုင်ဆိုင် တိုးတက်မယ်
ပြိုင်ပြိုင်ဆိုလို့
ငါနဲ့ ငါချည်းလဲ မပြိုင်နဲ့
အမြင်မကျယ်ဘဲဖြစ်နေအုံးမယ်
အခြားသူတွေနဲ့ပြိုင်
အခြားသူတွေနဲ့ ပြိုင်ဆိုလို့
လုပ်ဖေါ်ကိုင်ဖက် အချင်းချင်းလည်းမပြိုင်နဲ့
ကိုယ်ရေးကိုယ်တာတွေများနေမယ်
အပြင်က တခြားသူတွေနဲ့ပြိုင်
အပြင်က တခြားသူတွေနဲ့ ပြိုင်ဆိုလို့
စံမမီတာတွေ
နိမ့်တာတွေ
တလွဲတွေနဲ့ ပြိုင်ဆိုင်ပြီး
နိမ့်တာတွေ
တလွဲတွေနဲ့ ပြိုင်ဆိုင်ပြီး
သာယာမနေနဲ့
အိမ်မက်ထဲက နိုးမှ ဒုက္ခရောက်မယ်
ကောင်းတာတွေ တော်တာတွေနဲ့ပြိုင်
ကောင်းတာတွေ တော်တာတွေနဲ့ပြိုင် အခါမှာ
အလွယ်နိုင် အမြန်နိုင် တွေနဲ့ အချိန်အကုန် မခံနေနဲ့
ခက်ခက်ခဲခဲနဲ့ ရေရှည်နိုင်အောင် ကြိုးစားအချိန်ကုန်ခံကြရမယ်
ဒီကနေ့ အတွက် မပြိုင်နဲ့ မနက်ဖြန်အတွက်ပြိုင်
ပြိုင်ဖက်ဆိုတာ ရန်ဖက်မဟုတ်ဘူး
ကိုယ်ရဲ့ဆရာ
ဆရာကောင်းကိုရှာ
ကြီးသူ ရိုသေ
ရွယ်သူလေးစား
ငယ်သူသနား
ယိုင်မဲ့ အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်
ပြိုင်မဲ့အစား မေတ္တာပွား စိတ် ထားပြုပြုင်ပြောင်းပါ့မယ်
နိုင်မဲ့အစား ဂရုဏာထား စိတ်ထားပြုပြုင်ပြောင်းပါ့မယ်
No comments:
Post a Comment