Friday, September 4, 2015

စာပိုဖတ်လာကြတယ်။

လူတွေ
စာ
ပိုဖတ်
လာကြတယ်။

စာအုပ်တွေ
စာရွက်တွေတော့
မဟုတ်တော့ဘူး။

ဆိုရှယ်
စာမျက်နှာတွေစီက။

စာဖတ်တော့လည်း
ဦးနှောက်နဲ့
မဟုတ်ဘူး။
ရင်ဘတ်ကြီးနဲ့
နှလုံးသားက
ခံစားချက်တွေနဲ့။

မှန်တယ်။
မှားတယ်ဆိုတာထက်
အရောင်တူရင်
ခံစားချက်တူရင်
ဝုန်းတက်ကြတယ်။
ဝုန်းချင်ကြတယ်။
ဝုန်းနေကြတယ်။

သေချာတယ်
မသေချာဘူး။
စဉ်းစားဖို့
အချိန်မရှိ
ထင်ရာမြင်ရာတွေကို 
သေချာမသိဘဲ။
နားမလည်ဘဲ။
ဖတ်နေသရွေ့
ပေးသလောက်
ဒီမိုကရေစီပဲတဲ့။
ဒီထက်ဆိုးရင်
ဇီးရိုးဒီမိုကရေစီတဲ့။

စာ
သေချာဖတ်ကြကွာ။
ပုံ/စာဖတ်နေသူကြီး

No comments:

Post a Comment