Saturday, September 10, 2016

Branding

ပညာရှင် မရှိလို့၊ လုပ်ငန်းတွင် မအောင်မြင်။ လုပ်ငန်းတွေ မတွင်ကျယ်လို့ ပညာရှင်တွေကို နေရာမပေးနိုင်။ စိုက်ပျိုးရေးကို အခြေခံမယ်ဆိုတဲ့ အကြောင်းအရာကို ပြန်လည်စိစစ်ဖို့လိုပါပြီ။ အားသာချက်ကို အခြေခံပြီး ဆောင်ရွက်ရမှာ မှန်ပေမဲ့ အခွင့်အရေးမရှိခဲ့ရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဂဠုန်ဖမ်းသင်ခဲ့တဲ့သူလို့ဖြစ်နေနိုင်ပါတယ်။ အတွင်းမှ စဉ်းစားမည့် SWOT အစား၊ အပြင်က စတင်စဉ်းစားရမည့် TOWS ဖြစ်သင့်။

အာဆီယံမှာ နိုင်ငံတွေအသီးသီးက နေရာယူကုန်ပါပြီ။ ကျနော်တို့ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးကနေ ရုန်းထွက်သင့်ပါပြီ။ အကြောင်းက အခြားနိုင်ငံတွေက သူတိုရဲ့ နေရာ့တွေကို ၀န်ဆောင်မှု့၊ နည်းပညာတွေတက်လှမ်းပြီး နေရာယူနေကြလို့ပဲ ဖြစ်ပါတယ်။ 

ကျနော်တို့ရော။ အာဆီယံမှာ နေရာယူရမှာ ဖြစ်သလို ကမ္ဘာ့ဈေးကွက်ကိုလည်း နေရာယူဖို့ အရှိန်ယူရပါမယ်။ ပြင်ဆင်ရပါမယ်။ ဒီအတွက် အမှတ်တံဆိပ်ကို ထူထောင်ကြရမှာဖြစ်ပါတယ်။ တည်ဆောက်တဲ့နေရာမှာ (၁) နိုင်ငံအနေနဲ့ရော (၂) ကုန်အမှတ်တံဆိပ်တစ်ခုချင်းစီ အနေနဲ့ရော ထူထောင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့်အရင် တိုင်းပြည်ရဲ့ ပုံရိပ်ကို ပြန်လည်ကုစားရပါမယ်။ ပြန်လည်မြှင့်တင်ရပါမယ်။ မြန်မာလို့ပြောရင်  မသိကြတာများတယ်။ သိကြရင် ပုံရိပ်ဆိုးတွေနဲ့ ကပ်ပြီး သိကြတယ်။ လတ်တလော အလွှမ်းမိုးဆုံးပုံရိပ်တွေကတော့ ဘင်္ဂါလီအရေးနဲ့ ပြည်တွင်းစစ်က နေရာယူထားလို့ ပုံရိပ်က မှေးမှိန်နေတာကြာပါပြီ။ ဈေးကွက်ဖေါ်ဖို့ ဖေါက်ဖို့ တိုင်းပြည်ရဲ့ပုံရိပ်ကို အရင်မြှင့်တင်ဖို့ကြိုးစားရာမှာ National Marketing လုပ်ဖို့လိုပါတယ်။ အခု အချိန်ကောင်းပါ။ အရင်အစိုးရ ငှားရမ်းထားတဲ့ ပီအာအကြောင်း စိတ်ဝင်စားပါတယ်။ ဆက်လုပ်ရပါမယ်။ ကိုဖီအာနန်ကို လက်ရှိ ယူသုံးထားသလို တခြား ထင်ရှားကျော်ကြားပြီး မြန်မာနိုင်ငံကို အမှန်တကယ် ကိုယ်စားပြုပေးမဲ့ Brand Ambassador တွေများ ဘယ်သူတွေ ဖြစ်လာနိုင်မလဲ စဉ်းစားနေမိတယ်။ ပြည်တွင်းထက် ပြည်ပက ဂုဏ်သရေရှိသူတွေကို ရွေးချယ်စိစစ် ခန့်အပ်သင့်ပါတယ်။

ပညာရှင်ချို့တဲ့လို့ လုပ်ငန်းမကြီးထွား။ လုပ်ငန်းတွေ မတိုးတက်လို့ ပညာရှင်နေရာမရှိဆိုတဲ့ သံသရာကို ကျော်ဖြတ်ဖို့ အစိုးရအနေနဲ့ လက်ညစ်ပတ်ကြီးနဲ့ ဈေးကွက်ကို ၀င်ရောက်စွတ်ဖက်ရမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးက နိုင်ငံအတွက် အကောင်းဆုံးဖြစ်မဲ့ လုပ်ငန်းတွေကို စိစစ်ရွေးချယ်ပြီး ပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။ လက်ရှိအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းများတဲ့ (၁) အထည်ချုပ်လုပ်ငန်း (၂) ရေထွက်ပစ္စည်းလုပ်ငန်းတွေကို ဦးစားပေးရွေးချယ်ပြီး ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ ပြီးတော့ (၃) ဘဏ်လုပ်ငန်း (၄) ခရီးသွားလုပ်ငန်းတွေကို ပြုစုဖို့လိုပါမယ်။ (၅) ပညာရေးလုပ်ငန်းနဲ့ (၆) အိုင်တီနည်းပညာလုပ်ငန်းတွေကို တိုးချဲ့ထိုးဖေါက်နေရာယူရမှာဖြစ်ပါတယ်။


ပြည်တွင်းဖြစ် အမှတ်တံဆိပ် Native Brand တွေ မွေးထုတ်ပေးရပါမယ်။ အမှတ်တံဆိပ်မရှိပဲ ထိုးဖေါက်နေတာဟာ သဲထဲရေသွန်နေတာပါ။


ထုတ်ကုန်တိုးလာပြီး ဈေးကွက်မရှိရင် မဖြစ်နိုင်ပါဘူး။ ဈေးကွက်ရှိရင် အကျိုးအမြတ်ရှိရင် ရောက်လာပါမယ်။ Supply & Marketing ချိတ်ပေးရမယ်။ ပြီးရင် ထုတ်လုပ်ရေး ပံ့ပိုးရေးအပိုင်းအနေနဲ့ ထုတ်ကုန်အမယ်ရွေးချယ် ထိုးဖေါက်ရမယ်။ ပြီးရင် တဆင့်တက် တန်ဖိုးမြှင့်နိုင်အောင် ကျိုးစားရမယ်။

No comments:

Post a Comment