Tuesday, April 11, 2017

Good place

ပတိရူပဒေသ၀ါသောစ
(သို့) အီကိုစစ်စတမ်
ဝန်းကျင်ကောင်းဖန်တီးပါ။
အောင်မြင်ချင်လျင်
ဝန်းကျင်ကောင်းဖန်တီးပါ။
အေးချမ်းချင်လျင်
မင်္ဂလာရှိသော အရပ် ဖန်တီးပါ။
အမေရိကန်မှာ
ဟောလိဝုဒ်ရှိတယ်။
အနုပညာရှင်တွေအတွက်
ရပ်ဝန်းကောင်းတစ်ရပ်
ဖန်တီးပြီး
တကမ္ဘာလုံးကို
အနုပညာတွေ
ဖြန့်ဝေတယ်။
ပြီးတော့
ဆီလီကွန်ဗလ်လီရှိတယ်။
တီထွင်ဆန်းသစ်တဲ့
နည်းပညာတွေ
ဖန်တီးဖို့
ရပ်ဝန်းကောင်းတစ်ခု
ဖန်တီးပြီး
တကမ္ဘာလုံးကို
နည်းပညာတွေ
ဖြန့်ဝေတယ်။
လူကောင်းရင်
စနစ်မလိုဘူး။
စနစ်ကောင်းရင်
လူမလိုဘူး။
လူရော
စနစ်ရော
ဆိုးရင်
အပြောမလွတ်ဘူး။
လူရော
စနစ်ရော
ကောင်းရင်
ပြောစရာမလိုဘူး။
လူဆိုးတွေက
စနစ်ဆိုးတွေကို
ဖန်တီးပြီး
အဲဒီစနစ်ဆိုးတွေက
လူဆိုးတွေကို
ဆက်မွေးထုတ်တယ်။
လူကောင်းတွေက
စနစ်ကောင်းကို
ဖန်တီးတယ်။
စနစ်ကောင်းတွေက
လူကောင်းတွေကို
မွေးထုတ်တယ်။
လူရော
စနစ်ရော
ကောင်းလာရင်
ပတ်ဝန်းကျင်ကောင်းလို့
ဆိုရမယ်။
စနစ်ကောင်းရင်
လူကောင်းရင်
ဘက်လိုက်စရာမရှိ။
ပုဂ္ဂအဓိဌာန်မရှိ။
ဓမ္မဓိဌာန်သာရှိ။
မင်္ဂလာတရားတော်နဲ့အညီ
အဆုံးအမနဲ့ဆို
ပတိရူပဒေသဝါသောစ။
သင့်တင့်လျောက်ပတ်သော
ဒေသတွင် နေထိုင်ခြင်းသည်
မင်္ဂလာမည်၏။
မြန်မာပြည်မှာ
ဗုဒ္ဓအဆုံးအမတွေရှိတယ်။
လူ့သီလ၊
ရဟန်းသီလတွေကို
ရှင်းရှင်းလင်းလင်းဖွင့်ဆိုရှင်းပြထားတယ်။
ဝိနည်းတွေရှိတယ်။
ထေရ်သံဃာတွေရှိတယ်။
သူတော်ကောင်းတရားထွန်းကားပါစေ။
သတ္တ၀ါမှန်သရွေ့တရားတွေ့ ချမ်းမြေ့ကြပါစေ။

Friday, April 7, 2017

အစွန်းရောက်မရှိ။

အစွန်းရောက်ဗုဒ္ဓဘာသာဝင်ဆိုတာ မရှိဘူး။
ပြောတဲ့သူဟာ အဆုံးအမကိုနားမလည်တာဖြစ်နိုင်သလို
စော်ကားချင်လို့လဲ့ဖြစ်နိုင်တယ်။
သူများယောင်လို့ နားမလည်ပါးမလည်ဘဲ လိုက်ရောင်တာဖြစ်နိုင်တယ်။
တခြားဘာသာမှာ ကိုင်းရှိုင်းတာနဲ့ အစွန်းရောက်တာကို တူညီစွာ အဓိပ္ပါယ်ဖွင့်ဆိုကောင်း ဖွင့်ဆိုနိုင်တာကိုတော့ လေ့လာဖို့လိုပါမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာမှာ အစွန်းရောက်စရာမရှိဘူး။
ဘာသာရေးကိုင်းရှိုင်းစရာပဲရှိတယ်။
ကိုင်းရှိုင်းတာနဲ့ အစွန်းရောက်တာနဲ့မတူဘူး။
ပြဒါးတစ်လမ်း၊ သံတစ်လမ်းပဲ။
ကိုင်းရှိုင်းတဲ့သူဟာ မိမိကိုယ်မိမိ အေးချမ်းစေမှာဖြစ်သလို
ပတ်ဝန်းကျင်ကိုပါ အေးချမ်းစေမှာဖြစ်ပါတယ်။
သာသနာအဆုံးအမမှာ အစွန်းရောက်စရာ တစ်လုံးတစ်ပါဒမှမပါတဲ့အပြင်
ခံယူချက်လမ်းစဉ်ကိုယ်၌က မဇ္ဇျိမပဋိဒါ အလယ်အလတ်လမ်းစဉ်ပါ။
သေစရာ၊ သတ်စရာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ၊ မည်သည့်နည်းနှင့်မျှ မည်သည့်အကြောင်းပြချက်ကိုမဆို ခွင့်မပြုသည့်အပြင် လူသီလ၊ ရဟန်းသီလတွေမှာပါ အတိအလင်းထည့်သွင်းတားမြစ်ဆုံးမထားပါတယ်။
ခရူးဆိပ်စစ်ပွဲ၊ ဂျီဟဒ်စစ်ပွဲတွေကို လမ်းညွှန်ပြသခဲ့ခြင်းလည်း အလျင်းမရှိခဲ့ပါဘူး။ ပြုသူအသစ်၊ ဖြစ်သူအဟောင်းပါ။ ဒါကြောင့် သံဃာတစ်သောင်းကျော်ရှိတဲ့ ကျောင်းတော်ကြီးကို လူအနည်းငယ်နဲ့ သတ်ဖြတ်ခြင်းကို ခံယူခဲ့ကြတာဖြစ်ပါတယ်။
သူ့အသတ် သတ်ခြင်းကို ဆုချီးမြှင့်မရှိသည့်အပြင် ရှုံချတော်မူပါတယ်။ ပါဏာတိပါတာကံကျူးလွန်ရင် ခံစားရမဲ့အကျိုးသက်ရောက်မှု့တွေကိုလည်း ရှောင်ကြည်နိုင်အောင် ဟောဖေါ်ညွှန်ပြဆိုဆုံးမပါတယ်။ သူ့အသတ်မသတ်ခြင်းကြောင့် စံစားရမဲ့ ကောင်းကျိုးတွေကိုသာ ညွှန်ပြဆုံးမထားပါတယ်။
ဒါကြောင့် အစွန်းရောက်စရာမရှိပါ။ အဆုံးအမကိုမလိုက်နာသူရှိနိုင်ပါတယ်။
နောက်နောင် ရေးသားဖေါ်ပြတဲ့အခါ ဗုဒ္ဓဘာသာအဆုံးအမကို မလိုက်နာသူ အဖြစ်သာရေးသားဖေါ်ပြပေးဖို့ တောင်းဆိုပါရစေ။
သတ္တ၀ါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ။