Tuesday, April 11, 2017

Good place

ပတိရူပဒေသ၀ါသောစ
(သို့) အီကိုစစ်စတမ်
ဝန်းကျင်ကောင်းဖန်တီးပါ။
အောင်မြင်ချင်လျင်
ဝန်းကျင်ကောင်းဖန်တီးပါ။
အေးချမ်းချင်လျင်
မင်္ဂလာရှိသော အရပ် ဖန်တီးပါ။
အမေရိကန်မှာ
ဟောလိဝုဒ်ရှိတယ်။
အနုပညာရှင်တွေအတွက်
ရပ်ဝန်းကောင်းတစ်ရပ်
ဖန်တီးပြီး
တကမ္ဘာလုံးကို
အနုပညာတွေ
ဖြန့်ဝေတယ်။
ပြီးတော့
ဆီလီကွန်ဗလ်လီရှိတယ်။
တီထွင်ဆန်းသစ်တဲ့
နည်းပညာတွေ
ဖန်တီးဖို့
ရပ်ဝန်းကောင်းတစ်ခု
ဖန်တီးပြီး
တကမ္ဘာလုံးကို
နည်းပညာတွေ
ဖြန့်ဝေတယ်။
လူကောင်းရင်
စနစ်မလိုဘူး။
စနစ်ကောင်းရင်
လူမလိုဘူး။
လူရော
စနစ်ရော
ဆိုးရင်
အပြောမလွတ်ဘူး။
လူရော
စနစ်ရော
ကောင်းရင်
ပြောစရာမလိုဘူး။
လူဆိုးတွေက
စနစ်ဆိုးတွေကို
ဖန်တီးပြီး
အဲဒီစနစ်ဆိုးတွေက
လူဆိုးတွေကို
ဆက်မွေးထုတ်တယ်။
လူကောင်းတွေက
စနစ်ကောင်းကို
ဖန်တီးတယ်။
စနစ်ကောင်းတွေက
လူကောင်းတွေကို
မွေးထုတ်တယ်။
လူရော
စနစ်ရော
ကောင်းလာရင်
ပတ်ဝန်းကျင်ကောင်းလို့
ဆိုရမယ်။
စနစ်ကောင်းရင်
လူကောင်းရင်
ဘက်လိုက်စရာမရှိ။
ပုဂ္ဂအဓိဌာန်မရှိ။
ဓမ္မဓိဌာန်သာရှိ။
မင်္ဂလာတရားတော်နဲ့အညီ
အဆုံးအမနဲ့ဆို
ပတိရူပဒေသဝါသောစ။
သင့်တင့်လျောက်ပတ်သော
ဒေသတွင် နေထိုင်ခြင်းသည်
မင်္ဂလာမည်၏။
မြန်မာပြည်မှာ
ဗုဒ္ဓအဆုံးအမတွေရှိတယ်။
လူ့သီလ၊
ရဟန်းသီလတွေကို
ရှင်းရှင်းလင်းလင်းဖွင့်ဆိုရှင်းပြထားတယ်။
ဝိနည်းတွေရှိတယ်။
ထေရ်သံဃာတွေရှိတယ်။
သူတော်ကောင်းတရားထွန်းကားပါစေ။
သတ္တ၀ါမှန်သရွေ့တရားတွေ့ ချမ်းမြေ့ကြပါစေ။

No comments:

Post a Comment