Saturday, May 6, 2017

အတု၊ အစစ်

အတုစစ်စစ်
အမှန်အကန်အတု


အစစ်သည်
အစစ်။

အတုသည်
အတု။

အတုသည်
အစစ်မဟုတ်သလို
အစစ်သည်
အတုမဟုတ်။

လောကတွင်
အတုနှင့်
အစစ်ရောနှော
နေနိုင်သည်။

အတုများသည်
အစစ်များ
အသွင်ဆောင်နေနိုင်သည်။

အတု၊ အစစ်
မှတ်သားနိုင်ခြင်းသည်
သညာ။

အတု၊ အစစ်
ခွဲခြားနိုင်ခြင်းသည်
ပညာ။

အတု၊ အစစ်
လမ်းညွှန်နိုင်ခြင်းသည်
ဆရာ။

ပညာသင်ကြားရာတွင်လည်း
အတု
အစစ်
ခွဲခြားနိုင်ကြပါစေ။

No comments:

Post a Comment