အရည်အသွေး
အရည်အသွေးအစ မြတ်ဗုဒ္ဓက
တကယ်တော့ အရည်အသွေးကို အစပြုပေးသူဟာ ကျနော့အနေနဲ့ ဖတ်ဖူးတာက အာဓိကလျာဏံ၊ မစ္ဆေကလျာဏံ၊ ပရိရောသလျကလျာဏံလို့ ပြောထားတဲ့ တရားတော်တွေပါပဲ။ အစ၏ ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ တရားတော်တွေပါပဲ။ မြတ်ဗုဒ္ဓရဲ့ ဘယ်စကားကမှ မယုတ်မာဘူး။ မကောင်းကြောင်းမပါဘူး။ ဒီလိုပါပဲ လုပ်ငန်းတစ်ခုရဲ့ အရည်အသွေးဆိုတာလည်း စ၊ လယ်၊ ဆုံး သုံးပါးလုံးကောင်းမှ အရည်အသွေးဖြစ်တာပါ။
အစကောင်းမှ အနှောင်းသေချာ
အရည်အသွေးကို စိစစ်ရာမှာ စကားလုံးတွေကို လေ့လာဖို့လိုပါတယ်။ Quality Assurance, Quality Management, Quality Control တို့ပဲဖြစ်ပါတယ်။ နံပါတ် ၁ က အရည်အသွေး သေချာစေဖို့ စစ်ဆေးပေးတာဖြစ်ပါတယ်။ အဲဒါသေချာမှ နံပါတ် ၂ ကို ဆက်လက်ဆောင်ရွက်နိုင် ကြပ်မတ်နိုင်မှာဖြစ်ပါတယ်။ နံပါတ်သုံးကတော့ အဆုံးသတ်ကို စိစစ်ပေးတာဖြစ်ပါတယ်။ ထိန်းချုပ်စိစစ်တဲ့နေရာမှာ သုံးစွဲတဲ့ စကားလုံးတွေကိုလည်း လေ့လာသင့်ပါတယ်။ အဲဒါတွေကတော့ Feed forward, Concurrent, Feedback ဆိုတဲ့စကားလုံးတွေပဲ ဖြစ်ပါတယ်။ ကုန်ကြမ်းများကို စိစစ်လေ့လာခြင်းကို အစပိုင်း အစောပိုင်းမှာပြုလုပ်တာကို ဖိဖေါ်ဝဒ်လို့ ခေါ်ဝေါ်သုံးစွဲပြီး၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့အချိန်မှာ စိစစ်ခြင်းကိုတော့ တပြိုင်နက်တည်း တချိန်တည်းစိစစ်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ပြန်လည်အသိပေးခြင်း ဖိဒ်ဘက်ကတော့ ပြီးစီးသွားမှ ပြန်ပြီးပြောပြ အကြောင်းကြားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သုံးခုစလုံး ဟန်ချက်ညီညီ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
အက်ဖဒီအေ
ချက်ပြုတ်စားသောက်ကြမယ်ဆိုပါစို့။ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ အသားငါးတွေရဖို့လိုပါတယ်။ ဒီလို ရဖို့ စိစစ်ကြရပါမယ်။ ချက်ပြုတ်မဲ့ ပန်းကန်ခွက်ယောက်တွေက သန့်ရှင်းဖို့ လိုပါတယ်။ စားအုံးဆီနဲ့ ထည့်ချက်ချင်သေးလား။ အဲဒါတွေကို သေချာအောင်ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ရှိသမျှကို စမ်းသပ်နေရရင် အစဉ်မပြေသလို အချိန်ကုန် လူပင်ပန်းပါမယ်။ ဒီအတွက် အရည်အသွေးသေချာစွာ စိစစ်ပေးမဲ့ အေဖွဲ့အစည်းတွေရှိသင့်ပါတယ်။ ဖွဲ့စည်းးထားသင့်ပါတယ်။ ထိရောက်စွာလုပ်ရှားဆောင်ရွက်နိုင်အောင် အားပေးသင့်ပါတယ်။ ဆေးဝါးနဲ့ အစားအသောက်ဆိုရင် အက်(ဖ)ဒီအေ အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဌာနရှိပါတယ်။ အရည်အသွေးကို စိစစ်ပေးပါတယ်။ ပြည်တွင်းဖြစ်တွေကိုလည်း အသိအမှတ်ပြုသလို ပြည်ပက တင်သွင်းလာတာတွေကိုလည်း စိစစ်ကြပ်မတ်ပေးပါတယ်။ တဖက်ကသွင်းပြီးတာနဲ့ ဆေးကွက်တည်းတန်းရောင်းလို့မရပါဘူး။
အလုပ်လုပ်ကြတယ်။
တခါက သတင်းစာမှာ ဖတ်မိလိုက်ပါတယ်။ မလေးရှားမှာ မြန်မာတိုင်းရင်းဆေးရောင်းတဲ့ဆိုင်ကို မလေးရဲတွေဝင်ဖမ်းတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ မလေးမှာ မြန်မာတွေများလာတော့ မြန်မာတိုင်းရင်ဆေးတွေကို တောင့်တကြမှာ အမှန်ပဲဖြစ်ပါတယ်။ စားသုံးသူရှိတယ်။ ဈေးကွက်ရှိတယ်။ ဒါကြောင့်တင်ရောင်းတယ်။ ဒါဆို ဘာကြောင့်ဝင်ဖမ်းရလဲဆိုတော့ မှတ်ပုံတင်ထားခြင်း မရှိလို့ပါ။ တကယ်တော့ စားသုံးသူနဲ့ ဆေးနဲ့ အစပ်အဟပ်တည့်နေတာပဲလေ။ မလေးနိုင်ငံသားတွေအတွက်မှမဟုတ်တာလို့ ပြန်ပြောချင်ပေမဲ့ မလေးရှားနိုင်ငံရဲ့ ဆေးဝါးနဲ့ အစားအသောက်ဌာနက အသိအမှတ်ပြုထားတဲ့လက်မှတ်မရလေတော့ အသိမ်းခံလိုက်ရပါတယ်။ အရည်အသွေး စိစစ်ရေးအဖွဲ့တွေ အလုပ်လုပ်လို့ပါ။
အလုပ်မလုပ်ကြရင်
စဉ်စားစရာက ပြည်တွင်းမှာလည်း စပ်ဆေးတွေက တွင်ကျယ်နေတုံးပဲ။ OTC မဟုတ်တဲ့ Prescription တွေကိုလည်း လွယ်လွယ်နဲ့ရနေတုံးပဲလေ။ ဘယ်သူတွေ စပ်ဆေးတွေကို သောက်နေကြလဲ။ မေးစရာမလိုတော့ပါဘူး။ ကိုယ်သာဆိုရင်ကော တွေ့ကရာဆေးကို သောက်မလားဆိုရင် အနည်းဆုံးတော့ သက်တန်းလွန်၊ မလွန်စိစစ်ကြည့်မှာပါ။ အရင်ကဆိုရင်တော့ ဘာလာလာ ဒေါင်းပါတယ်။ အခုစားသုံးသူက စာနည်းနည်းတက်လာပြီလို့ ပြောစရာရှိပါတယ်။ ဘာမှန်းညာမှန်းမသိရင်တောင် ရက်လွန်နေတဲ့ဆေးကိုတော့ ပြန်လဲခိုင်းမှာပါ။ စပ်ဆေးတွေကိုရော၊ စပ်ဆေးစားသုံးသူတွေကိုပါ ကျနော်တို့ အသိပညာပေးကျယ်ကျယ်ပြန့်ပြန့်ပေးဖို့ လိုအပ်နေပါသေးတယ်။ ဆေးပတ်လည်အောင် သောက်ဖို့အတွက် ပြည်တွင်းအန်ဂျီအိုတစ်ခုရဲ့ ကြော်ငြာကိုလည်း ကြည့်မိလိုက်ပါသေးတယ်။ ဆေးဝယ်ရင် ရောင်းချတဲ့ဆေးဟာ အစားအစာနဲ့ ဆေးဝါးကြပ်မတ်ရေးအဖွဲ့ရဲ့ထောက်ခံချက် လက်မှတ်ရှိ၊ မရှိကို စိစစ်မိဖို့လိုသလားဆိုတဲ့ မေးခွန်းက စားသုံးသူရော၊ ရောင်းချသူပါ သိထားသင့် လိုက်နာသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းတိုင်ရင်းဆေးများလည်း အက်ဖဒီအေရဲ့ အသိအမှတ်ပြုမှုတွေ တွေ့လာရတာဟာ တိုးတက်မှု့လို့ပြောရမှာပါ။ တကယ်လို့ ပညာရေးလောကမှာအက်ဖဒီအေလို အဖွဲ့အစည်း မရှိခဲ့ရင် ကျနော်တို့ ဘယ်လိုရွေးကြမလဲဆိုတဲ့ မေးခွန်းကို ပညာရေးလောကသားတွေအနေနဲ့ ၀ိုင်းဝန်းအဖြေရှာရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အဖွဲ့အစည်းရှိခဲ့ရင်၊ ရှိတဲ့ အဖွဲ့အစည်း အလုပ်လုပ်ခဲ့ရင် ပြီးပြီ။ အဖွဲ့အစည်းမရှိရင်ကော..
ငါတော့မစားဘူး၊ ဆောရီး။ မင်းတော့ စားချင်စားကွာ။
ရှင်းပါတယ်။ မူရင်းနိုင်ငံရဲ့ အက်ဖဒီအေ အသိအမှတ်ပြုရှိလားဆိုတဲ့ မေးခွန်းက အကောင်းဆုံးပါပဲ။ ထွက်ရှိရာ ထုတ်လုပ်ရာဒေသရဲ့ အဖွဲ့အစည်း အက်ဖဒီအေကတောင် အသိအမှတ်မပြုတာကို ရောင်းချသူတစ်ဦးအနေနဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ စဉ်းစားသင့်ပါသေးတယ်ဆိုတာ ကောင်းနိုင်ပါသေးတယ် ဆိုတာတွေကို ကြားရတော့ အံအားမသင့်ဘဲ မနေနိုင်တော့ပါဘူး။ ဆေးဆရာတစ်ဦးက သူ့အသိမိတ်ဆွေ တစ်ယောက် ဖေါ်စပ်ထားတဲ့ဆေးကို ငါနဲ့ ငါအိမ်သားတွေကတော့ မသောက်ကြဘူးကွာ။ မင်းတို့အတွက် ကောင်းရင် ကောင်းမှာပါ သောက်ကြည့်နိုင်ပါတယ်ဆိုတဲ့ စေတနာကို တန်ဖိုးထား လေးစား အံသြဂုဏ်ယူမဆုံးပါဘူး။
အမဲတွေက အဖြူတွေကို လိုက်ပို့ရတဲ့ ဘဝ
ဒါကြောင့် အစားအသောက်တွေမဖြန့်ဖြူးခင် ရှေးဦးစိစစ်မှု့အတွက် အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ကွပ်ကဲမှု့ အဖွဲ့အစည်း လိုအပ်သလို ပညာရေးလောကမှာလည်း ဈေးကွက်မတင်သေးခင် အရည်အသွေးစိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ အလုပ်လုပ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဆံပင်ဖြူရှာနှုတ်ရတဲ့အချိန် ဆံပင်ဖြူတွေနှုတ်ပါ။ ကြာမှဆိုရင် ဆေးဆိုးရတဲ့အဆင့်ရောက်သွားပါမယ်။ မနိုင်ရင် အဖြူတွေများနေတဲ့အခါ အဖြူမနုတ်တော့ပဲ အနက်ပြန်ရှာပြီး နှုတ်နေရပါမယ်။ လက်လွတ်စံပယ် လွှတ်ထားပေးတဲ့အခါ အချိန်ကကုစားမှာ မဟုတ်ဘဲ ဆိုးရွားသွားစေမှာပါ။ အချိန်က အဆိုးဆုံးတရားသူကြီးဖြစ်သွားပါ့မယ်။ သမိုင်းတရားခံများဖြစ်သွားပါမယ်။
ISO နဲ့ FDA
ဒီနေရာမှာ FDA (Food and Drug Administration) အက်ဖဒီအေနဲ့ ISO (International Standard Organization) အိုင်အက်စအိုကို အနည်းငယ်ရှင်းပြလိုပါတယ်။ FDA က Quality Assurance ပါ။ ISO က Quality Manaegment ပါ။ နိုင်ငံတကာမှာရှိတဲ့ ကျောင်းတွေက ISO အကြောင်းပြောပါတယ်။ သူတို့က FDA နဲ့ Quality Assurance ရှိပြီးသားပါ။ ကျနော်တို့က စလုံးရေ စပါ။ ဘာမှ မရှိပါဘူး။ ဒါကြောင့် FDA လို Quality Assurance Body လိုပါတယ်။ အင်္ဂလန်မှာဆို Ofqual ပါ။ စင်္ကာပူမှာဆို Edu Trust ပါ။ နောက်တဆင့်မှ ISO ပါ။ ဥပမာပေးရရင် မြန်မာနိုင်ငံမှာရှိတဲ့ ဆေးဝါးဖြန့်ဖြူးတဲ့သူတွေက အိုင်အက်(စ)အိုတွေကို ရယူကြပါတယ်။ ဒါမှ Principle side ဖြစ်တဲ့ ထုတ်လုပ်တဲ့သူတွေက Distribution side ဖြစ်တဲ့ ဖြန့်ဖြူးတဲ့သူတွေကို ယုံကြည်စိတ်ချပြီး သူတို့ ပစ္စည်းတွေကို စိတ်ချလက်ချဖြန့်ဖြူးခိုင်းဖို့ အပ်နှံကြမှာ ဖြစ်ပါတယ်။
Ethics and CSR
ဒါဆိုရင် ဖြန့်ချီမဲ့သူတွေဖက်ကရော ဘာတွေကို ဖြန့်ဖြူးဖို့ စဉ်းစားကြမလဲ။ အမှတ်တံဆိပ်ရှိပြီးသား၊ အမြတ်များများ၊ ဈေးကွက်ရှိမဲ့ အမှတ်တံဆိပ်တွေကို ကြိုးစားရယူကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျင့်ဝတ်နဲ့ ပရဟိတ (သို့) လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်သိခြင်းဆိုတဲ့ စီအက်(စ)အာနဲ့က တခြားဆီဖြစ်ပါတယ်။ အမြတ်များပြီး ဈေးကွက်တောင်းဆိုနေတဲ့ဆေးအတွက် စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် အက်ဖဒီအေကို ဟိုဘက်ရော ဒီဖက်ရော အသိအမှတ်မပြုသေးတဲ့ ဆေးတွေကို ထုတ်လုပ်ရောင်းချနိုင်ရမဲ့ အခွင့်အရေးရခဲ့ရင် သင်ဖြန့်ဖြူးရေး လုပ်မှာလား။ ဈေးကွက်လည်းရှိတယ်။ မြတ်ဖို့လည်း သေချာတယ်။ ဟုတ်ပြီ။ လုပ်ခဲ့ပြီး၊ ဖြန့်ဖြူးခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်တွေနဲ့ လှူတယ်။ တန်းတယ်။ စီအက်စအာလုပ်တယ် ဆိုရင်ကော။ သာဓုခေါ်မှာလား။ လုပ်သင့်၊ မလုပ်သင့်ဆိုတာက ကျင့်ဝတ်ပါ။ လှူတာတန်းတာက စီအက်စအာတမျိုးပါ။ ဇာတ်ပေါင်းသော် ကျနော်တို့ ပညာရေးစနစ်မှာ အရည်အသွေးကို စိစစ်အကဲဖြတ်ဖို့ အဖွဲ့ထားရှိသင့်ပြီဖြစ်ပါတယ်။
အရည်အသွေးကို အဓိပါယ်ဖွင့်ရတာ အခက်အခဲဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပညာရေး အရည်အသွေးနဲ့ ပတ်သတ်လို့ ပြောကြ ဆိုကြတဲ့အခါမှာ ငြင်းကြ ခုန်ကြရပါတယ်။ ငြင်းခုန်၊ ဆွေးနွေးခြင်းနဲ့ ရန်ဖြစ်ခြင်းဟာ ပြဒါးတလမ်း၊ သံတလမ်းပဲဖြစ်ပါတယ်။ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက ပုဂံသမိုင်းအကြောင်းဆွေးနွေးရင် ဒုတ်၊ ဒါးထမ်းပြီး မငြင်းကြနဲ့၊ တူးဖေါ်စရာ ပေါက်ပြား၊ ဂေါ်ပြားတွေနဲ့ တူးဆွပြီးမှ ငြင်းပါ ဆွေးနွေးပါလို့ပြောခဲ့ဖူးတယ်။ မနာလိုလို့ ချောက်တွန်းချင်လို့ ပုဂ္ဂိုလ်ရေးပေါ် အခြေခံ တိုက်ခိုက်တယ် ဆိုတာတွေက သိမ်ဖျင်း ညံ့ဖျင်းလွန်းရာ ကြပါတယ်။ ပညာရေးမှာလည်း ဒေါက်တာသန်းထွန်းရဲ့ နည်းကို ယူရမယ်ထင်ပါတယ်။ ပညာရေးဟာ တစ်ဦး၊ တစ်ယောက် (သို့) ပေါ်ပင်အလုပ် မဟုတ်ပါဘူး။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အကျိုး၊ ကုမဏီတစ်ခု အကျိုး၊ အမှတ်တံဆိပ်တစ်ခု အကျိုးအတွက် ဆွေးနွေးငြင်းခုန်တာထက် နိုင်ငံသားအားလုံး အကျိုးအတွက် တမျိုးသားလုံးနဲ့ဆိုင်တဲ့ အကျိုးအတွက်လို့ စဉ်းစားပြီး ဆောင်ရွက်သင့်ပါတယ်။ မျက်တောင်မွှေးတဆုံးမကြည့်ဘဲ မျက်စိတဆုံးတောင်မဟုတ်ဘဲ ဖြစ်နိုင်သမျှ ဝေးဝေးနဲ့ ရေရှည်အကျိုးအတွက် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သတ်တဲ့ အရည်အသွေးကို ငြင်းကြခုန်ကြတာဟာ ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ခေတ်ကာလ ပြောင်းလဲမှုများနဲ့အတူ စီးမျော အသက်ဝင်နေကြအုံးမှာ ဖြစ်ပါတယ်။ ကျနော်တို့တတွေသာ ပညာရေးနဲ့ ပတ်သတ်လို့ ကျယ်ကျယ်လောင်လောင် မဆွေးနွေး မငြင်းခုန်ခဲ့ကြတာပါ။ အခုမှ ၀င်ရောက်ဆွေးနွေးရခြင်းဟာလည်း ပြောင်းလဲချိန်တန်ပြီ။ ပြောင်းလဲနေပြီ။ ပြောင်းလဲသင့်ပြီ ထင်လို့ပဲဖြစ်ပါတယ်။ ဆွေးနွေးပွဲကြောင့် တစ်ယောက်နဲ့ တစ်ယောက် တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ပြီး မခေါ်မပြောဖြစ်ရအောင်လည်း သေးသိမ်စရာမလိုပါဘူး။ ပိုမိုကောင်းမွန်တဲ့ ပညာရေး စနစ်ဖြစ်ပေါ်လာဖို့အတွက် အဓိကထား စဉ်းစားကြရမှာဖြစ်ပါတယ်။
စားသုံးသူအမြဲမှန်နှင့် ကျောင်းသားဗဟိုပြုစနစ်
စီးပွားရေးသမားများ အတွက်တော့ အရည်အသွေးကို အဆုံးအဖြတ်ပေးတဲ့သူဟာ စားသုံးသူပဲ ဖြစ်တယ်လို့ တညီတညွတ်တည်း လက်ခံကျင်းသုံးနေကြပါတယ်။ စားသုံးသူ အမြဲမှန်တယ်ဆိုတဲ့ ဆောင်ပုဒ်ကလည်း အလွန်ပင် ခေတ်စားလှပါတယ်။ ဒါပေမဲ့ အရည်အသွေးဟာ( Stakeholder အပေါ်) ကြည့်တဲ့သူပေါ် မူတည်ပြီး ပြောင်းလဲနေမှာဖြစ်ပါတယ်။ (Beauty is in the eye of the beholder) အလှအပဆိုတာ ခံစားကြည့်ရှုသူအပေါ်မူတည်ပါသည်ဆိုတဲ့ စကားပုံလေးလဲ ရှိပါတယ်။ ဒါကြောင့် ပညာရေးနဲ့ စီးပွားရေးတွဲ စဉ်းစားမိတဲ့အခါ စဉ်းစားစရာတွေ ဆက်တိုက်ပေါ်လာပါတယ်။ မုန့်ဟင်းခါးကို ကိုယ်ကြိုက်သလို စားနိုင်ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးများများထည့်၊ အချဉ်ကြိုက်ရင် သံပုရာသီးများများ ညှစ်ထည့်။ အရည်ရွှမ်းရွှမ်းဆို များများခပ်ထည့်၊ စားသုံးသူ အကြိုက်ပါ။ ပညာရေးကို စီးပွားရေးလို တွက်ချေကိုက်တွက်ရင်တော့ စားသုံးသူ ဗဟိုပြုရင် ကျောင်းသားအကြိုက်လိုက်လျောရမဲ့ပုံပါ။ ဒါပေမဲ့ ပညာရေးမှာ စားသုံးသူဗဟိုပြုဆိုတာ ကျောင်းသားအလိုကျ လိုက်လျောသင်ကြားပေးရတာထက် စားသုံးသူ ကျောင်းသားနဲ့ ကိုက်ညီအောင် ကြိုးစားလေ့ကျင့်ပေးခြင်းကို ဆိုလိုရင်းဖြစ်ပါတယ်။ Student Centric ကျောင်းသားဗဟိုပြု စာသင်ခြင်းဆိုတာ Classical တွေ ရှေးရှေးက အကြောင်းအရာတွေကို သင်ကြားနေမဲ့အစား သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ လက်တလောဖြစ်ပျက်နေတဲ့ ကာရိုက်တာတွေ ဇာတ်ထုတ်တွေနဲ့သင်ကွလို့ ပြောဆိုခဲ့ ဆရာ့သမားစကားကိုလည်း မှတ်မိနေပါသေးတယ်။ လူတိုင်း အင်္ဂလိပ်စာသင်တန်းအပ်ရင် ကိုယ်ကသာ ဘာမှမဟုတ်တာ အင်တာမီဒီရိတ်က မဆင်းချင်ဘူး။ ဒီနေရာမှာ သင်သာ ကျေင်းအုပ်ဖြစ်ရင် ဒီကျောင်းသားကို ဘယ်အတန်း ပေးအပ်မလဲဆိုတာ သိချင်ပါတယ်။ ကျနော့ဆရာကတော့ Placement Test (သို့) ၀င်ခွင့်စာမေးပွဲ၊ Interview (သို့) လူတွေ့စစ်ဆေးပြီးတော့ အတန်းခွဲပေးပါတယ်။ ကျောင်းသားဗဟိုပြုဆိုတာ ဘာလဲလို့ သိရှိနိုင်ပါတယ်။ စာသင်ရင်လည်း ကိုယ်သဘောကျတဲ့ ဇာတ်တွေ၊ ကဗျာတွေ၊ ကာရိုက်တာတွေထက် အတန်းသားတွေနဲ့ ရင်းနှီးပြီးသား အကြောင်းအရာတွေကို သင်ကြားပေးပါတယ်။ ကျောင်းသားဗဟိုပြု စနစ်စစ်စစ်ပါ။ စားသုံးသူအခြေပြုနဲ့ ကွာခြားချက်ကို လေ့လာနိုင်ပါတယ်။
အရည်အသွေးအစ မြတ်ဗုဒ္ဓက
တကယ်တော့ အရည်အသွေးကို အစပြုပေးသူဟာ ကျနော့အနေနဲ့ ဖတ်ဖူးတာက အာဓိကလျာဏံ၊ မစ္ဆေကလျာဏံ၊ ပရိရောသလျကလျာဏံလို့ ပြောထားတဲ့ တရားတော်တွေပါပဲ။ အစ၏ ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ တရားတော်တွေပါပဲ။ မြတ်ဗုဒ္ဓရဲ့ ဘယ်စကားကမှ မယုတ်မာဘူး။ မကောင်းကြောင်းမပါဘူး။ ဒီလိုပါပဲ လုပ်ငန်းတစ်ခုရဲ့ အရည်အသွေးဆိုတာလည်း စ၊ လယ်၊ ဆုံး သုံးပါးလုံးကောင်းမှ အရည်အသွေးဖြစ်တာပါ။
အစကောင်းမှ အနှောင်းသေချာ
အရည်အသွေးကို စိစစ်ရာမှာ စကားလုံးတွေကို လေ့လာဖို့လိုပါတယ်။ Quality Assurance, Quality Management, Quality Control တို့ပဲဖြစ်ပါတယ်။ နံပါတ် ၁ က အရည်အသွေး သေချာစေဖို့ စစ်ဆေးပေးတာဖြစ်ပါတယ်။ အဲဒါသေချာမှ နံပါတ် ၂ ကို ဆက်လက်ဆောင်ရွက်နိုင် ကြပ်မတ်နိုင်မှာဖြစ်ပါတယ်။ နံပါတ်သုံးကတော့ အဆုံးသတ်ကို စိစစ်ပေးတာဖြစ်ပါတယ်။ ထိန်းချုပ်စိစစ်တဲ့နေရာမှာ သုံးစွဲတဲ့ စကားလုံးတွေကိုလည်း လေ့လာသင့်ပါတယ်။ အဲဒါတွေကတော့ Feed forward, Concurrent, Feedback ဆိုတဲ့စကားလုံးတွေပဲ ဖြစ်ပါတယ်။ ကုန်ကြမ်းများကို စိစစ်လေ့လာခြင်းကို အစပိုင်း အစောပိုင်းမှာပြုလုပ်တာကို ဖိဖေါ်ဝဒ်လို့ ခေါ်ဝေါ်သုံးစွဲပြီး၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေတဲ့အချိန်မှာ စိစစ်ခြင်းကိုတော့ တပြိုင်နက်တည်း တချိန်တည်းစိစစ်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ ပြန်လည်အသိပေးခြင်း ဖိဒ်ဘက်ကတော့ ပြီးစီးသွားမှ ပြန်ပြီးပြောပြ အကြောင်းကြားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သုံးခုစလုံး ဟန်ချက်ညီညီ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
အက်ဖဒီအေ
ချက်ပြုတ်စားသောက်ကြမယ်ဆိုပါစို့။ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ အသားငါးတွေရဖို့လိုပါတယ်။ ဒီလို ရဖို့ စိစစ်ကြရပါမယ်။ ချက်ပြုတ်မဲ့ ပန်းကန်ခွက်ယောက်တွေက သန့်ရှင်းဖို့ လိုပါတယ်။ စားအုံးဆီနဲ့ ထည့်ချက်ချင်သေးလား။ အဲဒါတွေကို သေချာအောင်ဆောင်ရွက်ရပါမယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ရှိသမျှကို စမ်းသပ်နေရရင် အစဉ်မပြေသလို အချိန်ကုန် လူပင်ပန်းပါမယ်။ ဒီအတွက် အရည်အသွေးသေချာစွာ စိစစ်ပေးမဲ့ အေဖွဲ့အစည်းတွေရှိသင့်ပါတယ်။ ဖွဲ့စည်းးထားသင့်ပါတယ်။ ထိရောက်စွာလုပ်ရှားဆောင်ရွက်နိုင်အောင် အားပေးသင့်ပါတယ်။ ဆေးဝါးနဲ့ အစားအသောက်ဆိုရင် အက်(ဖ)ဒီအေ အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဌာနရှိပါတယ်။ အရည်အသွေးကို စိစစ်ပေးပါတယ်။ ပြည်တွင်းဖြစ်တွေကိုလည်း အသိအမှတ်ပြုသလို ပြည်ပက တင်သွင်းလာတာတွေကိုလည်း စိစစ်ကြပ်မတ်ပေးပါတယ်။ တဖက်ကသွင်းပြီးတာနဲ့ ဆေးကွက်တည်းတန်းရောင်းလို့မရပါဘူး။
အလုပ်လုပ်ကြတယ်။
တခါက သတင်းစာမှာ ဖတ်မိလိုက်ပါတယ်။ မလေးရှားမှာ မြန်မာတိုင်းရင်းဆေးရောင်းတဲ့ဆိုင်ကို မလေးရဲတွေဝင်ဖမ်းတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ မလေးမှာ မြန်မာတွေများလာတော့ မြန်မာတိုင်းရင်ဆေးတွေကို တောင့်တကြမှာ အမှန်ပဲဖြစ်ပါတယ်။ စားသုံးသူရှိတယ်။ ဈေးကွက်ရှိတယ်။ ဒါကြောင့်တင်ရောင်းတယ်။ ဒါဆို ဘာကြောင့်ဝင်ဖမ်းရလဲဆိုတော့ မှတ်ပုံတင်ထားခြင်း မရှိလို့ပါ။ တကယ်တော့ စားသုံးသူနဲ့ ဆေးနဲ့ အစပ်အဟပ်တည့်နေတာပဲလေ။ မလေးနိုင်ငံသားတွေအတွက်မှမဟုတ်တာလို့ ပြန်ပြောချင်ပေမဲ့ မလေးရှားနိုင်ငံရဲ့ ဆေးဝါးနဲ့ အစားအသောက်ဌာနက အသိအမှတ်ပြုထားတဲ့လက်မှတ်မရလေတော့ အသိမ်းခံလိုက်ရပါတယ်။ အရည်အသွေး စိစစ်ရေးအဖွဲ့တွေ အလုပ်လုပ်လို့ပါ။
အလုပ်မလုပ်ကြရင်
စဉ်စားစရာက ပြည်တွင်းမှာလည်း စပ်ဆေးတွေက တွင်ကျယ်နေတုံးပဲ။ OTC မဟုတ်တဲ့ Prescription တွေကိုလည်း လွယ်လွယ်နဲ့ရနေတုံးပဲလေ။ ဘယ်သူတွေ စပ်ဆေးတွေကို သောက်နေကြလဲ။ မေးစရာမလိုတော့ပါဘူး။ ကိုယ်သာဆိုရင်ကော တွေ့ကရာဆေးကို သောက်မလားဆိုရင် အနည်းဆုံးတော့ သက်တန်းလွန်၊ မလွန်စိစစ်ကြည့်မှာပါ။ အရင်ကဆိုရင်တော့ ဘာလာလာ ဒေါင်းပါတယ်။ အခုစားသုံးသူက စာနည်းနည်းတက်လာပြီလို့ ပြောစရာရှိပါတယ်။ ဘာမှန်းညာမှန်းမသိရင်တောင် ရက်လွန်နေတဲ့ဆေးကိုတော့ ပြန်လဲခိုင်းမှာပါ။ စပ်ဆေးတွေကိုရော၊ စပ်ဆေးစားသုံးသူတွေကိုပါ ကျနော်တို့ အသိပညာပေးကျယ်ကျယ်ပြန့်ပြန့်ပေးဖို့ လိုအပ်နေပါသေးတယ်။ ဆေးပတ်လည်အောင် သောက်ဖို့အတွက် ပြည်တွင်းအန်ဂျီအိုတစ်ခုရဲ့ ကြော်ငြာကိုလည်း ကြည့်မိလိုက်ပါသေးတယ်။ ဆေးဝယ်ရင် ရောင်းချတဲ့ဆေးဟာ အစားအစာနဲ့ ဆေးဝါးကြပ်မတ်ရေးအဖွဲ့ရဲ့ထောက်ခံချက် လက်မှတ်ရှိ၊ မရှိကို စိစစ်မိဖို့လိုသလားဆိုတဲ့ မေးခွန်းက စားသုံးသူရော၊ ရောင်းချသူပါ သိထားသင့် လိုက်နာသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းတိုင်ရင်းဆေးများလည်း အက်ဖဒီအေရဲ့ အသိအမှတ်ပြုမှုတွေ တွေ့လာရတာဟာ တိုးတက်မှု့လို့ပြောရမှာပါ။ တကယ်လို့ ပညာရေးလောကမှာအက်ဖဒီအေလို အဖွဲ့အစည်း မရှိခဲ့ရင် ကျနော်တို့ ဘယ်လိုရွေးကြမလဲဆိုတဲ့ မေးခွန်းကို ပညာရေးလောကသားတွေအနေနဲ့ ၀ိုင်းဝန်းအဖြေရှာရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အဖွဲ့အစည်းရှိခဲ့ရင်၊ ရှိတဲ့ အဖွဲ့အစည်း အလုပ်လုပ်ခဲ့ရင် ပြီးပြီ။ အဖွဲ့အစည်းမရှိရင်ကော..
ငါတော့မစားဘူး၊ ဆောရီး။ မင်းတော့ စားချင်စားကွာ။
ရှင်းပါတယ်။ မူရင်းနိုင်ငံရဲ့ အက်ဖဒီအေ အသိအမှတ်ပြုရှိလားဆိုတဲ့ မေးခွန်းက အကောင်းဆုံးပါပဲ။ ထွက်ရှိရာ ထုတ်လုပ်ရာဒေသရဲ့ အဖွဲ့အစည်း အက်ဖဒီအေကတောင် အသိအမှတ်မပြုတာကို ရောင်းချသူတစ်ဦးအနေနဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ စဉ်းစားသင့်ပါသေးတယ်ဆိုတာ ကောင်းနိုင်ပါသေးတယ် ဆိုတာတွေကို ကြားရတော့ အံအားမသင့်ဘဲ မနေနိုင်တော့ပါဘူး။ ဆေးဆရာတစ်ဦးက သူ့အသိမိတ်ဆွေ တစ်ယောက် ဖေါ်စပ်ထားတဲ့ဆေးကို ငါနဲ့ ငါအိမ်သားတွေကတော့ မသောက်ကြဘူးကွာ။ မင်းတို့အတွက် ကောင်းရင် ကောင်းမှာပါ သောက်ကြည့်နိုင်ပါတယ်ဆိုတဲ့ စေတနာကို တန်ဖိုးထား လေးစား အံသြဂုဏ်ယူမဆုံးပါဘူး။
အမဲတွေက အဖြူတွေကို လိုက်ပို့ရတဲ့ ဘဝ
ဒါကြောင့် အစားအသောက်တွေမဖြန့်ဖြူးခင် ရှေးဦးစိစစ်မှု့အတွက် အစားအသောက်နဲ့ဆေးဝါးကြီးကြပ်ကွပ်ကဲမှု့ အဖွဲ့အစည်း လိုအပ်သလို ပညာရေးလောကမှာလည်း ဈေးကွက်မတင်သေးခင် အရည်အသွေးစိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ အလုပ်လုပ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဆံပင်ဖြူရှာနှုတ်ရတဲ့အချိန် ဆံပင်ဖြူတွေနှုတ်ပါ။ ကြာမှဆိုရင် ဆေးဆိုးရတဲ့အဆင့်ရောက်သွားပါမယ်။ မနိုင်ရင် အဖြူတွေများနေတဲ့အခါ အဖြူမနုတ်တော့ပဲ အနက်ပြန်ရှာပြီး နှုတ်နေရပါမယ်။ လက်လွတ်စံပယ် လွှတ်ထားပေးတဲ့အခါ အချိန်ကကုစားမှာ မဟုတ်ဘဲ ဆိုးရွားသွားစေမှာပါ။ အချိန်က အဆိုးဆုံးတရားသူကြီးဖြစ်သွားပါ့မယ်။ သမိုင်းတရားခံများဖြစ်သွားပါမယ်။
ISO နဲ့ FDA
ဒီနေရာမှာ FDA (Food and Drug Administration) အက်ဖဒီအေနဲ့ ISO (International Standard Organization) အိုင်အက်စအိုကို အနည်းငယ်ရှင်းပြလိုပါတယ်။ FDA က Quality Assurance ပါ။ ISO က Quality Manaegment ပါ။ နိုင်ငံတကာမှာရှိတဲ့ ကျောင်းတွေက ISO အကြောင်းပြောပါတယ်။ သူတို့က FDA နဲ့ Quality Assurance ရှိပြီးသားပါ။ ကျနော်တို့က စလုံးရေ စပါ။ ဘာမှ မရှိပါဘူး။ ဒါကြောင့် FDA လို Quality Assurance Body လိုပါတယ်။ အင်္ဂလန်မှာဆို Ofqual ပါ။ စင်္ကာပူမှာဆို Edu Trust ပါ။ နောက်တဆင့်မှ ISO ပါ။ ဥပမာပေးရရင် မြန်မာနိုင်ငံမှာရှိတဲ့ ဆေးဝါးဖြန့်ဖြူးတဲ့သူတွေက အိုင်အက်(စ)အိုတွေကို ရယူကြပါတယ်။ ဒါမှ Principle side ဖြစ်တဲ့ ထုတ်လုပ်တဲ့သူတွေက Distribution side ဖြစ်တဲ့ ဖြန့်ဖြူးတဲ့သူတွေကို ယုံကြည်စိတ်ချပြီး သူတို့ ပစ္စည်းတွေကို စိတ်ချလက်ချဖြန့်ဖြူးခိုင်းဖို့ အပ်နှံကြမှာ ဖြစ်ပါတယ်။
Ethics and CSR
ဒါဆိုရင် ဖြန့်ချီမဲ့သူတွေဖက်ကရော ဘာတွေကို ဖြန့်ဖြူးဖို့ စဉ်းစားကြမလဲ။ အမှတ်တံဆိပ်ရှိပြီးသား၊ အမြတ်များများ၊ ဈေးကွက်ရှိမဲ့ အမှတ်တံဆိပ်တွေကို ကြိုးစားရယူကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျင့်ဝတ်နဲ့ ပရဟိတ (သို့) လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်သိခြင်းဆိုတဲ့ စီအက်(စ)အာနဲ့က တခြားဆီဖြစ်ပါတယ်။ အမြတ်များပြီး ဈေးကွက်တောင်းဆိုနေတဲ့ဆေးအတွက် စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် အက်ဖဒီအေကို ဟိုဘက်ရော ဒီဖက်ရော အသိအမှတ်မပြုသေးတဲ့ ဆေးတွေကို ထုတ်လုပ်ရောင်းချနိုင်ရမဲ့ အခွင့်အရေးရခဲ့ရင် သင်ဖြန့်ဖြူးရေး လုပ်မှာလား။ ဈေးကွက်လည်းရှိတယ်။ မြတ်ဖို့လည်း သေချာတယ်။ ဟုတ်ပြီ။ လုပ်ခဲ့ပြီး၊ ဖြန့်ဖြူးခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်တွေနဲ့ လှူတယ်။ တန်းတယ်။ စီအက်စအာလုပ်တယ် ဆိုရင်ကော။ သာဓုခေါ်မှာလား။ လုပ်သင့်၊ မလုပ်သင့်ဆိုတာက ကျင့်ဝတ်ပါ။ လှူတာတန်းတာက စီအက်စအာတမျိုးပါ။ ဇာတ်ပေါင်းသော် ကျနော်တို့ ပညာရေးစနစ်မှာ အရည်အသွေးကို စိစစ်အကဲဖြတ်ဖို့ အဖွဲ့ထားရှိသင့်ပြီဖြစ်ပါတယ်။
No comments:
Post a Comment