Monday, March 25, 2013

လူနဲ့ အလုပ်

လူရှာနေတဲ့ လုပ်ငန်းတွေနဲ့ အလုပ်ရှာနေတဲ့လူတွေ

လုပ်ငန်းတွေမှာ လူလိုနေတယ်။ လူလိုနေတယ်ဆိုတဲ့ စကားတွေ ကြားကြားနေရတယ်။
သူတို့တကယ်လူလိုနေတာလား။
လူလိုနေတဲ့ အလုပ်တွေက အများသားလား။

ရှာတဲ့သူတွေ၊ လာမဲ့သူတွေ
အလုပ်ရှာနေတဲ့ လူတွေကလည်း ဒုနဲ့ဒေးနဲပါ။
အလုပ်ရှာနေတယ်။ ကောင်းတဲ့အလုပ်တွေ့ရင်ပြောပါဆိုတဲ့ လူတွေကလည်း မနည်းမနောဘဲ။
ဒီလူတွေကရော အလုပ်တကယ်ရရင် တကယ်လုပ်ကြမှာလား။
အလုပ်ရှာနေတဲ့ လူတွေက အများသားလား။

ခေါ်တဲ့သူတွေ၊ မျှော်တဲ့သူတွေ
လုပ်ငန်းတွေကို လာရောက်လျှောက်ထားတဲ့သူတွေ လက်မလည်အောင်များတဲ့ လုပ်ငန်းတွေရှိသလို၊ ခေါ်သာခေါ်ပေါ်မလာတဲ့သူတွေလည်း ရှိပါတယ်။ ဟိုထဲမှာ ထည့်ကြည့်၊ ဒီထဲက ခေါ်ကြည့်၊ ဟိုမှာကပ်၊ ဒီမှာကပ်။ တွေ့တဲ့သူတိုင်းလည်း အပူကပ်ပေမဲ့ လာလျှောက်တဲ့သူက သိသိသာသာကြီးကို မရှိဘူးဖြစ်နေတဲ့ လုပ်ငန်းတွေကလည်း တောင်ပုံ၊ ယာပုံ။

ရှာတဲ့သူတွေနဲ့ ခေါ်တဲ့သူတွေ တွေ့နိုင်အောင် ဖန်တီးပေးဖို့ မြှားနတ်မောင်တွေလိုလို့လားလို့ မေးစရာရှိပါတယ်။ မြှားနတ်မောင်တွေလည်းရှိပါတယ်။ အရေးအကြီးအဆုံးက ကာယကံရှင်တွေ ကိုယ်တိုင် စိတ်ပါဖို့က ပိုအရေးကြီးပါတယ်။ လက်သယ်ကြီးပဲ အားကိုးလို့မရနိုင်ပါဘူး။ ကာယကံရှင်ကိုယ်တိုင်လည်း အားစိုက်ဖို့လိုပါတယ်။ ပါးစပ်နဲ့ပဲ ချစ်ပြလို့မရဘူး။ ရလဒ်တွေကောင်းအောင်လည်းပြင်ထားဖို့လိုပါမယ်။


တကယ်ကောဟုတ်ရဲ့လား။ တကယ်ကောချစ်မှာလား။
အလုပ်တစ်ခုကို လုပ်ငန်းတစ်ခုတည်းက ရွေးချယ်တာမဟုတ်ပါဘူး။
အလုပ်လိုချင်တဲ့သူတွေကလည်း ရွေးပါတယ်။ သမရိုးကျက အလုပ်ကပဲ လူရွေးတယ်ထင်နေကြတယ်။
အလုပ်လိုချင်တဲ့သူက ရွေးလို့လာမလျှောက်ကြတာပေါ့။ အလုပ်လျှောက်လ


No comments:

Post a Comment