Friday, June 28, 2013

စေတနာ

စေတနာနဲ့စည်းကမ်း။
စေတနာလဲရှိရမယ်။
စည်းကမ်းလဲကောင်းရမယ်။

စင်္ကာပူကို ရောက်ဖူးတယ်။ သုံးလေးခေါက်မကဘူး။ ဒါပေမဲ့ မှတ်ဥာဏ်သိပ်မကောင်းဘူး။ အမ်အာတီတောင် ခဏခဏမှားစီးနေတုံး။ သွားခါနီး၊ လာခါနီး အားကိုးရတဲ့သူတွေကို ဒုက္ခပေးကောင်းနေတုံးပဲ။ အမ်အာတီတွေမှာ အစားအသောက်မစားရဘူးဆိုတာကတော့ သိပ်မလန်းဘူး။ ဒါပေမဲ့ ဒါပေမဲ့ပဲလေ။ လူကြီးတွေကောင်းလို့ စီစဉ်ထားတာပဲလေ။

နောက်တခုက အမ်အာတီက ထိုင်ခုံတွေ သန့်ရှင်းတယ်။ ကောင်းတယ်။ လူကြီးများ၊ ကိုယ်ဝန်ဆောင်များ၊ အတွက် ထိုင်ခုံသီးသန့်လေး နေရာပေးထားပါတယ်။ လူကြီးသူမတွေကို စည်းကမ်းတကျနေရာပေးထားပါတယ်။ ကောင်းလိုက်တဲ့ စည်းကမ်းလေးပါ။ ဒီလို ကောင်းမွန်တဲ့ စည်းကမ်းမျိုးလေးတွေကို သဘောကျတယ်။ ကောင်းမွန်ရင် အတုခိုးရမယ်။

ပြန်စဉ်းစားမိတာက ကျနော်တို့ ဆီမှာလည်း ငယ်ငယ်က လိုင်းကားတွေမှာ သံယာတော်တွေ၊ လူကြီးသူမ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေကို လူငယ်တွေက နေရာပေးကြတယ်။ ဘာစာမှ ကပ်စရာမလိုဘူး။ ဘာထိုင်ခုံမှ သတ်သတ်မှတ်မှတ်ပေးစရာ မလိုဘူး။ အသိစိတ်ဓါတ်အပြည့်နဲ့ နေရာပေးကြတယ်။ ဒါက စည်းကမ်းမှ မဟုတ်တာ။ စေတနာပါ၊ ရင်ထဲက စေတနာသတ်သတ်ပါ။ နေရာမဖယ်ပေးလဲ ဘာမှ မဖြစ်ဘူး။ ဒီဓလေ့လေးက ချစ်စရာကောင်းသလို အတုယူစရာ ကောင်းတယ်။

ကျနော်ကတော့ ထိုင်ခုံကနေ ရဟန်းသံယာတော်တွေအတွက် နေရာပေးထားတဲ့ ထိုင်ခုံဟုတ်ဟုတ်၊မဟုတ်ဟုတ် တက်နိုင်သလောက် ထပေးလေ့ရှိတယ်။ တက်နိုင်သလောက်နော်။ အခြားလူတွေလဲ ထပေးမယ်ထင်တာပဲ။ (တခုတော့ရှိတယ် အထင်ဟာ အထင်ပဲ။)
အခုကျနော်တို့တတွေ အရင်ကလို စေတနာရှိတုံးလား၊ (အချိန်တိုင်းထပေးတာလား)။
ကျနော်လို့ တက်နိုင်သလောက်လား (တက်နိုင်သလောက်)၊ (စေတနာ ခွဲတမ်းနဲ့လား)။
စာကပ်ထားတဲ့ ထိုင်ခုံပဲ ဖယ်ပေးတော့မှာလား။
စာကပ်ထားတာတောင် ပြောမှ ဖယ်ပေးတော့မှာလား။

စေတနာဆိုတာ နားမလည်တဲ့လူတွေကို စည်းကမ်းလေးနဲ့ ထိန်းထိန်း သိမ်းသိမ်းလေး လုပ်သွားခဲ့ထာ ဂုဏ်ယူလို့ မဆုံးပါဘူး။
ဒီလိုစိတ်ကောင်းစေတနာကောင်းတွေဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ဘူး။ စိတ်ကောင်းစေတနာကောင်းဆိုတာ စည်းကမ်းမရှိတဲ့သူတွေနဲ့ တွေရင်၊ စည်းကမ်းဖေါက်တဲ့သူတွေနဲ့တွေရင်၊
စေတနာကို အလွဲသုံးစားလုပ်တဲ့သူတွေနဲ့တွေရင် ကြာကြာမခံနိုင်ဘူးလေ။
ငါလဲလေ လောကီသားပေမို့၊ ပုထုဇဉ်ပဲဟာ။ ရဟန္တာမှဟုတ်တာဆိုတာလေးနဲ့ ကြေကြရအုံးမှာ။

စေတနာမရှိတာကတော့ ပိုးဆိုးပက်ဆက်ပါ။
ကားပိတ်တာတွေကိုကြည့်။
လက်ညိုးလေးထောင်ပြီး တစ်စီးလောက်ပါဆိုပြီး ကြားဖြစ်ဝင်လာတဲ့ကားကို အကြာကြီးတန်းဆီထားခဲ့တဲ့ ကားသမားတစ်ယောက် ဘယ်လိုခံစားရမှာလဲ။
ကိုယ့်အလှည့်တော့ တစ်စီးပြန်ရမယ်ထင်ပြီး တခါတလေ တစ်စီးလောက်နော်ဆိုပြီး တောင်းတော့ မရခဲ့ရင် နောက်တကြိမ် တစ်စီးလောက်ဆိုရင် ကြွပါ၊ ကြွပါလို့ပြောကြအုံးမှာလား။ စေတနာရှိအုံမှာလား။

ကိုယ့်တစ်ယောက်ထဲ၊ ငါကတော့ ဒီလိုမဟုတ်ပါဘူး။
အရင်က ဒီလိုပါပဲ အခုမှ စည်းမျဉ်းတွေတက်လိုက်တော့ ဘာညာပေါ့။

အစဉ်အလာကောင်းကို စည်းကမ်းနဲ့ထပ်ရမယ်။
စည်းကမ်းရှိနေတဲ့သူတွေကို စေတနာရှိလာအောင်လုပ်ဖို့ တိုက်တွန်းဖို့လိုပါတယ်။

လိုင်းကားပေါ်မှာ ဘယ်လိုပုံစံနဲ့ ကားစီးကြမှာလဲ။
တစ်ယောက်တည်း မဟုတ်ဘူးနော်။
လူစုံတယ်နော်။
ခရီးဝေးတယ်နော်။
တစ်နေ့တည်း စီးရမှာ မဟုတ်ဘူးနော်။

Two types of Management

- Functions of Management
PODC
- Level of Management
Senior
Middle
Operation
- Role of Manager
Interpersonal
Information
Decision Making

Wealth Management (Western Management)
Authority Management (Asian Management)

Thursday, June 27, 2013

ခေတ်သစ် ပြိုင်ပွဲ

ယုန်နဲ့ လိပ်

မမြင်တဲ့ အကောင်သေ

လူကို လူလို့ မမြင်တဲ့ လုပ်ငန်းရှင်သေ။
မသိသူကျော်သွား၊ သိသူဖေါ်စား။

အလုပ်သမား သာရေး၊ နာရေး။
အလုပ်ရှင်၊ အလုပ်သမားကြားဝင် ဖြန်ဖြေသူ။
လူ့စွမ်းအားအရင်းအမြစ်ဖေါ်ဆောင်သူ မန်နေဂျာ။

အဆင့်ဆင့် ပြောင်းလဲလာသော ဆက်ဆံရေးများ။

ကပ်စည်းနဲ သားအဖ

လှူတာတောင် နည်းနည်းလှူပါလားကွ။

ဝန်ထမ်းတွေ စားသုံးသူတွေ ကျေနပ်ရုံနဲ့ မပြီးသေးပါ။

စားသုံးသူတွေကို ကျေနပ်အောင် အော်နေလို့ မပြီးသေးဘူး။
ဝန်ထမ်းတွေ မကျေနပ်ရင်လဲ မပြီးသေးဘူး။
ဝန်ထမ်းတွေ လျော့လျော့ပြီး ၀န်ထမ်းအစားထိုးထိုးနေရင်


three of steps

1. Do you have objectives?
2. Do you evaluate your performance?
3. Do you set objectives and at the same time, estimate the result?

Sunday, June 23, 2013

ဘီးလေးဘီးနဲ့ကား

ဝန်ထမ်းကို ဘယ်လိုမြင်လဲဆိုတော့။ ၀န်ထမ်းပဲပေါ့။
ဝန်ထမ်းကို လူလို့ကော မြင်ရဲ့လား။ ခိုင်ဖတ်၊ လက်နှီးစုတ်ပဲလား။

ပစ္စည်းပျောက်ဖူးလား။ လက်စွပ်လေးဘာလေး။
အေးအေးဆေးဆေးပါပဲ။ ဒါမျိုးတွေပုံလို့လား။ ထိတ်ထိတ်ပြာပြာဖြစ်သွားလား။
အေးဆေးပါလို့ပြောရင် မဟုတ်မှလွဲရော အတုပဲဖြစ်လိမ့်မယ်။
ဖန်ဆီပဲဖြစ်လိမ့်မယ်။
ဒီလိုပါပဲ လူကိုလဲ ဘယ်လိုမြင်လဲ။ ၀မ်းဂိုး တူးကမ်း သရီးဝိတ်လား။
ငကန်းသေရင်၊ ငဆွေပေါ်လိမ့်မယ်လို့မြင်ရင် ကိုယ့်လုပ်ငန်းက ဂျိုကျိုး၊ နားရွက်ပဲ့တွေနဲ့ပဲဖြစ်လိမ့်မယ်။

လူကိုအမျိုးမျိုး မြင်နိုင်တယ်။ အခိုင်းအစေ၊ ၀န်ထမ်း၊ လုပ်သား၊ မန်နေဂျာ၊ အခေါ်အဝေါ်တွေပြောင်းသလို ခံယူချက်တွေကလည်း တစ်ခုနဲ့တစ်ခု သိသိသာသာကြီးပြောင်းသွားကြတယ်။

ပစ္စည်းပျောက်သလိုပေါ့။ ပြာယာခတ်သွားလား။ အေးဆေးပဲလား။
ဒီလိုပဲ ၀န်ထမ်းအရေးမှာ ဖူးဖူးမှူတ်ထားမလား။ နေပစေကွာလား။

ဝန်ထမ်းတွေကို အလေးထားလား။ အရင်းအမြစ်တွေလို့ ယူဆရင် အလေးထားမယ်။

ဝန်ထမ်းရှိမှ လုပ်ငန်းအောင်မြင်မယ်။
ဝန်ထမ်းကောင်းမှ လုပ်ငန်းကြီးထွားမယ်။
ဒီတော့ ၀န်ထမ်းကောင်းတွေလိုတယ်။
ခေါ်ရမယ်၊ ခန့်ရမယ်။

ခေါ်ခန့်တယ်ဆိုတာက ဘီးတစ်ဘီးပါပဲ။
ဘီးတစ်ဘီးနဲ့တော့ ကားကကောင်းကောင်းမရွေ့နိုင်ပါဘူး။
အနူချောမတော့ လူချောပေါ့။

ခေါ်ခန့်ပြီးပြန်တော့ ဒီလူတွေကို အလုပ်အကြောင်းသင်ပေးရမယ်။
လူတွေနဲ့ မိတ်ဆက်ပေးရမယ်။
လုပ်ငန်းဆောင်တာတွေကို သွန်သင်ပေးရမယ်။
လုပ်ငန်းတိုင်း ၀န်ထမ်းတွေကို သင်ပေးကြရတာချည်းပါပဲ။
မသင်ပေးတဲ့ လုပ်ငန်းဆိုတာ မရှိပါဘူး။
စနစ်တကျ အဖွဲ့ဖွဲ့လူခန့်ပြီးသင်ပေးတာရယ်၊အပြင်ကခေါ်သင်ပေးတာရယ်၊ လုပ်ငန်းခွင်ထဲမှာ လုပ်ရင်းကိုင်ရင် သင်ကြားတာရယ်ပဲကွာတယ်။
သင်ကြားတဲ့ စနစ်တွေပေါ်မူတည်ပြီး ထိရောက်မှု့ကွာသွားပါလိမ့်မယ်။
ဒီလိုသင်တဲ့အခါမှာ ၀န်ထမ်းတွေ တက်မြောက်သွားလို့ လုပ်ငန်းခွင် ပိုမိုချောမွေ့လာမယ်။
ဖြစ်တက်တာတစ်ခုက အလုပ်ထွက်သွားတက်ကြတယ်။

ငါ့လုပ်ငန်းက ကျောင်းကြီးဖြစ်နေတယ်လို့ပြောတာဟာ ဂုဏ်ယူစရာပါ။
လူတော်၊ လူကောင်းတွေ မွေးထုတ်ပေးနိုင်လို့ ဂုဏ်ယူရမှပါ။
ငါက စီးပွားရေးလုပ်နေတာ၊ မြတ်ချင်လို့၊ ဒါမှမဟုတ်ရင် အခမဲ့ကျောင်းဖွင့်မှာပေါ့လို့ ပြောကောင်းပြောလိမ့်မယ်။
အခုခေတ်ပြောင်းသွားပြီ။
စေတနာရောင်ပြန်ဟပ်တယ်။
စီးပွားရေးလုပ်ရင် ငွေတစ်ခုတဲ နောက်မလိုက်ရဘူးလေ။
ငွေတစ်ခုတည်းနောက်လိုက်ရင် ဆင်ပေါ်က ကျီးကန်းဖြစ်သွားလိမ့်မယ်။

ဝန်ထမ်းခေါ်ခန့်တာနဲ့၊ သင်ကြားပေးရုံပဲဆိုရင် ဘီးက နှစ်ဘီးပဲရှိသေးတယ်။
ကောင်းကောင်းမသွားနိုင်သေးဘူး။
လေးဘီးလုံရုန်းမှဖြစ်မယ်။
ဖိုး(၀ှီး)တွေဖြစ်မှဖြစ်မယ်။

နောက်ထပ်နှစ်ဘီးထပ်တပ်ရအောင်။
ဝန်ထမ်းတွေကို လုပ်ရည်ကိုင်ရည်ကိုသုံးသပ်ပြီးရင် ထိုက်တန်တဲ့ ချီးမြှုင့်မှုတွေပေးဖို့လိုတယ်။
ဝန်ထမ်းတွေနဲ့ ဆက်ဆံရေးတွေ ကောင်းမွန်ဖို့လိုတယ်။






Saturday, June 22, 2013

မပြိုင်ခင်က ရှုံးနှင့်သည်။

အနာဂါတ်မှာ နေတဲ့သူတွေနဲ့ အတိတ်မှာနေတဲ့သူတွေ ပြိုင်ကြတဲ့အခါ ဘယ်သူရှုံးမှာလဲ။

ပြောစရာမလိုအောင်ပါဘဲ။
အတိတ်မှာ နေတဲ့သူတွေပဲပေါ့။
ဒါဆိုရင် ဘယ်သူတွေက အတိတ်မှာ နေနေကြသလဲပေါ့။

အတိတ်ဆိုတာက ဘာလဲ။
အနာဂါတ်ဆိုတာကရော ဘာလဲ။

စဉ်းစားပုံက အတိတ်၊ လုပ်ပုံကိုင်ပုံတွေက အတိတ်၊ အတိတ်၊ အတိတ်။
စဉ်းစားပုံက အနာဂါတ်၊ လုပ်ပုံကိုင်ပုံတွေက အသစ်၊ အသစ်။

အဲဒီနေ့က ကျောင်းမတက်ဘူး။
ဒီတစ်လုံးထဲနဲ့ ပြီးသွားရောပဲလား။
ဒါက ဆိုရှယ်လစ်ခေတ်က ပျက်လုံးတွေ၊ ထေ့လုံးတွေ၊
အဲဒီ စကားတွေကို လက်ခံနေတဲ့သူတွေက ဆိုရှယ်လစ် အငွေ့အသက်တွေနဲ့ မကင်းတဲ့သူတွေပဲပေါ့။
နောက်ကြောင်းပြန်လှည့်စရာမလိုဘဲ နောက်ကြောင်းမှာရှိနေတဲ့ အမာခံတွေပဲပေါ့။
နောက်ကြောင်းပြန်မလှည့်ကြေးထက်၊ ရှေ့မတိုး၊ ရှေ့ဆက်မရှောက်တဲ့သူတွေပဲပေါ့။
အခုခါက အပြောင်းအလဲတွေ ဒီလောက်မဖြစ်သေးပါဘူးဆိုတဲ့သူတွေက ပြောချင်ပြောကြအုံးမယ်။
ဒီလောက်လဲ မဟုတ်ပါဘူးလို့။ ဟုတ်ကောင်း၊ ဟုတ်မှာပါ။
သင်ဟာ သင်ပဲ။ သင့်အသက်က သင်ယူဆသလောက်ပဲဆိုတော့။
ကျနော်တို့တော့ Pro တွေဆိုတော့ ပရိုပဲ စဉ်းစားနေတာ။
ဒီထက်ဆိုးတာတွေတောင်ကြုံခဲ့ကြရဖူးပြီပဲဗျာ။ နော့။
အကောင်းပဲမြင်ကြရအောင်။ ရှေ့ဆက်ရှာက်ကြရအောင်ပဲလား။

မလုပ်၊ မရှုပ်မပြုတ်ဆိုတာတွေ လက်ကိုင်ထားပြီး၊ နေနေကြတုန်းလာ။
ဒါဆိုရင်တော့ ဒို့တစ်တွေ သေချာသလောက်ဖြစ်နေပြီ။
မပြိုင်ခင်က ရှုံးနှင့်နေပြီပဲ။
စိတ်ဓါတ်တွေပြောင်း၊ စိတ်ထားအဟောင်းတွေဝဲလိုက်ကြစို့။

အခုပဲကြည့် ဒီဂျစ်ဆဲ(လ)
ဘောလုံးပွဲတွေ ကမကထပြု ကြီးမှူးကျင်းပနေတယ်။
ကြေငြာလိုက်တာကလဲ သောက်သောက်လဲ။
လူတွေခေါ်ပြီး၊ ခန့်ပြီးသွားပြီ။
သုံးတဲ့ငွေတွေက မနည်း၊ မနောပဲ။
ဝင်ငွေတစ်ပြားမှ မရှိသေးဘူး။
အကုန်အိတ်စိုက်။
အမြတ်မပြောနဲ့ ၀င်ငွေတောင် ဝေလားဝေး။
ဒါပေမဲ့ ထောင်မြင်လို့ ရာစွန့်နေတာပဲ။

ဒါနဲ့ ဥပမာတစ်ခု သတိသွားရတယ်။
ဈေးကွက်ဖေါ်ဆောင်ရေးသင်တန်းတစ်ခုမှာ ဆရာကြီးတစ်ယောက်ကပြောဖူးတယ်။

ဈေးကွက်ဖေါ်ဆောင်သူနှစ်ဦးအကြော
င်းကို သင်ခဲ့ဖူးတယ်။ 
အာဖရိကကို သွားကြတယ်။
တစ်ယောက်ကပြောတယ်။ ဈေးကွက်အခြေအနေမကောင်းဘူး။
လစ်တယ်။
တစ်ယောက်က ဒါ အရမ်းကြီးတဲ့ ဈေးကွက်လို့ပြောတယ်။
ဈေးကွက်ရအောင် ကြိုးစားရမယ်ပြောတယ်။

အခု အဲဒီဈေးကွက်ဟာ ဘယ်ဈေးကွက်ဖြစ်မယ်ထင်ကြလဲ။
ဘယ်နိုင်ငံလို့ပြောရင် ပိုမှန်လိမ့်မလဲ။
အဲဒါမြန်မာနိုင်ငံလို့ထင်နေတာပဲ။
အာဖရိကလို့ပြောမဲ့အစား။

မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှုံချင်တဲ့သူတွေ တဖွဲဖွဲလာနေတဲ့ အချိန်မှာ ကိုယ်ကတော့ ဘာစီးပွားရေးလုပ်ရင် ကောင်းမလဲ စဉ်းစားလို့မရဖြစ်နေလို့ပါဘဲ။
သူတို့တစ်တွေက ကိုယ်တွေကို ဖိနပ်မစီးတက်ဘူးဆိုတာ ကောင်းကောင်းကြီးသိနေသလိုပဲ။
ဈေးကွက်ကြီးကို အကြီးကြီးမြင်နေလို့ ပုံအောနေသလိုပဲနော်။

အရင်လို စဉ်းစားပုံ၊ တွေးပုံ၊ လုပ်ကိုင်တဲ့ပုံစံတွေနဲ့ဆိုရင်တော့ ဂွမ်းမှာတကယ်ပဲ။
ဘယ်မှာနေကြမလဲ။
ဘာဆက်လုပ်ကြမလဲ။

Tuesday, June 18, 2013

Time to give back

အကြွေးဆပ်ရမယ်။

မှန်ကန်ရင် ကွဲတုံးပဲလား။
မှန်တိုင်းလဲ မကောင်းဘူးလား။

အရင်ခေတ်တွေလိုပဲလား။
ခေတ်တွေ စနစ်တွေပြောင်းနေပြီလား။

အခင်းအကျင်းအသစ်တွေ၊ ပလေယာအသစ်တွေတွေ့နေပြီလား။
ရင်ဆိုင်နေရပြီလား။

ဒီနေ့ ကျောင်းမတက်ဘူး။
အဲဒီနေ့က ကျောင်းမတက်ဘူး။
ဆောရီးပဲ

ကြွေးဟောင်းလဲ ဆပ်ဖို့ပြင်၊ကြွေးသစ်လဲ ချဖို့ပြင်။
နိုင်ငံတော်သစ်ဆီ။

Sunday, June 2, 2013

Be big

When the time changes the definition will be changed and so is the meaning.
In the past, there is a motto, we have. It is nothing but "Think Big, Act Big, Be Big." At that time, the meaning and definition is quite simple, to do better than our competitor. No more, no less, The environment is quite stable. We have to compete day by day and month by month. We were very much excited about our explicit arch competitor moves and put an eye on it.
Now the environment of Myanmar is changing from stable environment to dynamic one. The meaning and definition of the motto is pretty different to me and to my work place. We have to take care and think about not only the explicit competitors but also new entries. Yangon becomes the jungle of new business venture. Do better than the present competitors is not enough these days.