Saturday, November 30, 2013

သက်ရောက်မှု့တိုင်မှာ တန်ပြန်သက်ရောက်မှု့ရှိတယ်ဆိုတဲ့ နယူတန် မင်းမှားတယ်။


သစ္စာလေးပါ။ အမှန်ကို သစ္စာလို့ခေါ်တယ်။ သမ္မာဒိထိလူမျိုး ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်လား။ ကိုယ်ကကောင်းတိုင်း သူများပြန်မကောင်းရင် ကိုယ်ကကော ကောင်းစရာလိုသေးလား။ ဆိုးတဲ့လူအတွက် စေတနာသည် လူတိုင်နှင့် မတန်။ တစ်ဘ၀စံ၊ တစ်နှစ်ခံ၊ တစ်ရက်စံ၊ တစ်ဇွန်းစား၊ တစ်လုပ်စာ သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့ရှိတယ်ဆို ဒါဆို မင်းမှားပြီ နယူတန်။ အကြောင်းအကျိုးဆက်စပ်မှု့ရှိ။ ဝေဖန်ပိုင်းခြားနိုင်ရမယ်။ ထေရ၀ါဒ ၀ိဘဇ္ဖ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သိပ္ဗံပညာရှင်။ လက်တွေ့မှယုံမယ်။ ကာလမသုတ်။ မျက်တောင်တဆုံး။ မျက်စေ့တဆုံးကြည့်ပါ။

Friday, November 29, 2013

စာဖတ်တဲ့အခါ


Bloom's taxonomy general framework of six levels of skills. ၁။ ဗဟုသုတ ရဖို့ ၂။ နားလည်ဖို့ ၃။ ပြန်လည်အသုံးချဖို့ ၄။ သုံးသပ်ဖို့ ၅။ ဆက်စပ်တည်ဆောက်ဖို့ ၆။ ဝေဖန်ဖို့

စာဖတ်ကြပါ။


စာဘာလို့မဖတ်တာလဲ။ ဘယ်လိုစာတွေဖတ်ကြမလဲ။ 9. စာဘယ်သူဖတ်ခိုင်းလို့လဲ။ စာဖတ်ပြီး ဘာလုပ်လို့ရလဲ။ a. ဘယ်သူမှ မဖတ်ခိုင်းပါဘူး။ b. ကိုယ်လုပ်မှ ကိုယ်ရမှာပါ။ c. ခက်တာက ပတ်ဝန်းကျင်နှင့် တိုက်တွန်းအားပေးမှု့နဲ့ ပံပိုးကူညီမှုတွေမရှိသလောက်နည်းပါးခဲ့တာပါ။ d. (စာကြည့်တိုက်၊ စာကြည့်တိုက်အသင်း၊ စာဖတ်ခန်း။) e. ဘယ်သူတွေ ချမ်းသာသွားကြသလဲ။ f. အလုပ်ဘယ်သူတွေရသွားလဲ။ အသိတွေ၊ အတက်တွေမရ။ g. သင်ခန်းစာ။ အလွတ်ကျက်။ h. ပြန်လည်ဆန်းစစ်။ i. စာမေးပွဲ (အတင်းတင်)။ ii. မအောင်မရှိ ငါ့တပည့်။ iii. ဒေါက်တာဘွဲ့ရ။ iv. ဘယ်နှစ်ပုဒ်ကျက်။ v. Royal Road အလျင်လို လမ်းတိုလိုက်။ i. စာမေးပွဲ (မေးခွန်းထုတ်ခြင်း)။ i. မေးခွန်းပုံစံနှင့် အမှတ်ပေးစနစ်။ ii. ဓမ္မဓိထန်လား။ ပုဂ္ဂလဓိထန်။ j. အမေးစာသား။ k. ငါးပုဒ်မေး။ လေးပုဒ်ဖြေ။ l. မေးခွန်းလှည့်။ m. မေးခွန်းမတိုး။ n. ကျက်သွားတဲအထဲမပါ။ o. အတင်းမတွန်းနဲ့ ရေမွန်းသွားမယ်။ i. ရေကန်ရောက်အောင်ပို့နိုင်ပေမဲ့ ရေသောက်အောင်တော့ အတင်းမရွက်ဆောင်နိုင်ပါဘူး။ p. စွမ်းရည်အဆင့်ငါးခု i. ပြန်လည်သုံးသပ်။ ii. ဗဟုသုတ iii. သုံးသပ် iv. ပြန်လည်စမ်းစစ် v. နောက်တစ်ခု q. ကျောင်းဘာကြောင့်တက်တာလဲ။ i. အလုပ်လိုချင်လို့ ii. ဂုဏ်လိုချင်လို့ iii. စာတက်ကြီး။ သေစာရှင်စာ။ ရေးတက်ဖတ်တက်။ r. ကျောင်းရည်ရွယ်ချက်။ i. ပတ်ဝန်းကျင်ကောင်းဖန်တီး။ ii. အလေ့အကျင့်ကောင်းတွေဖန်တီး။ iii. အတွေ့အကြုံကောင်း။ s. ကျောင်းဆိုတာ i. ဓါတ်ဆီဆိုင်။ ရှေ့ဆက်သွားခြင်ရင် လာဖြည့်။ ဆက်သွား၊ ii. ဆီကုန်ရင် ဖြေးသွားမယ်။ နှေးသွားမယ်။ ထပ်ဖြည့်။ iii. ဟိုတယ်လို ပျော်ပွဲစားရုံမဟုတ် အားကစားလေ့ကျင်းရေးစခန်း။ iv. ၀န်ဆောင်မှု့ အရည်အသွေး။ t. ပတ်ဝန်းကျင်သုံးခု။ i. တည်ငြိမ်နေသော ပတ်ဝန်းကျင် ii. လှုပ်ရှားစ ပတ်ဝန်းကျင် iii. ပြောင်းလဲမှု့များသော ၀န်းကျင် iv. လက်ရှိ ပတ်ဝန်းကျင်။ လွန်ခဲ့သောနှစ်အနည်းက u. ဘန့်ချမာ့(ခ)ကင်း i. သိသာရုံ ii. လေ့လာရုံ iii. ပြောင်းလဲရုံ v. ဘယ်သူတွေ လေ့လာသင်ယူရာမှာ မြန်သလဲ။ i. အစဉ်သင့်ဖြစ်နေတဲ့သူတွေ w. နိုင်ငံခြားသားများ။ i. စီးပွားရေးသမားများ။ သံရုံးဝန်ထမ်းများ။ မြန်မာလို ပြောတက်။ သင်ကြားဖူးသူများ။ x. ပညာရေးဆိုတာ။ y. ပြောင်းလဲမှု့။ z. လိုက်လျောညီထွေ။ aa. တုန့်ပြန်မှု့မြန်။ bb. ဒါ မြန်မာပြည်။ cc. စာတွေခေါက်ထား။ dd. လုပ်တက်ရင် ကိုယ်တိုင်လုပ်ပါလား။ ee. ဒါမျိုးတွေ ရိုးနေပြီ။ ff. အခုမရတော့ဘူး။ gg. စဉ်ဆက်မပြတ်လေ့လာနေသော အဖွဲ့အစည်း။ hh. စဉ်ဆက်မပြတ်လေ့လာသင်ယူနေသော နိုင်ငံ။ ii. တသက်တာ သင်ယူလေ့လာနေသူ။ jj. စည်းစနစ်တကျလေ့လာခြင်း။ kk. ပတ်ဝန်းကျင်မှ လေ့လာသင်ယူခြင်း။ ll. သင်ကြားခြင်းနှင့် ပို့ချခြင်း။ mm. ဘာတွေသင်ကြားရရင်ကောင်းမလဲ။

ကျောင်းက ကိုယ်ကာယလေ့ကျင့်ခန်းတွေပဲ။


ငါတို့ ကျောင်းက ဟိုတယ်မဟုတ်ဘူး။ စားသောက်၊ ပျော်ပါး၊ ၀န်ဆောင်မှု့ကောင်းကောင်းယူ၊ ပြီးပြန်သွား။ ကိုယ်ကာယ လေ့ကျင်ရေး စခန်းလိုပါပဲ။ ကိုယ်တိုင် အနစ်နာမခံ၊ ချွေးမထွက် မလေ့ကျင့်ဘဲ ပြန်သွားရတဲ့နေရာမဟုတ်ဘူး။ အစာရှောင်ရမယ်။ ကိုယ်ကိုယ်ကို ဂရုစိုက်ရမယ်။

Wednesday, November 27, 2013

အောင်မြင်ဖို့ အားလုံး၊ အားလုံးလိုတယ်။ ဒါပေမဲ့ ကျရှုံးဖို့တော့ တခုပဲ လိုတယ်။


အောင်မြင်ဖို့ အားလုံး၊ အားလုံးလိုတယ်။ ဒါပေမဲ့ ကျရှုံးဖို့တော့ တခုပဲ လိုတယ်။ စာမေးပွဲ ဖြေနေရသလိုပဲ။ တစ်ဘာသာထိလို့ မရဘူး။ အရင်က အောင်မြင်ခြင်းဟာ ငွေနဲ့ပဲ ဆုံးဖြတ်တယ်။ အရှုံးအမြတ်ဟာ အဆုံးအဖြတ်ပဲ။ အခုတော့ ခေတ်တွေလဲပြောင်းလာပြီ။ စနစ်တွေလည်းပြောင်းလာပြီ။ လူတွေလဲ အိုလာပြီ။ ဘဲလန့်စကိုးကတ်

Saturday, November 23, 2013

စာမေးပွဲအောင်ဖို့


အကောင်းဆုံးအခြေအနေ စာမကျက်ဘဲ အမှတ်ကောင်းကောင်းနဲ့ အောင်တာ။ စာအများကြီးကျက်ပြီး ကျတာ။ စာသင်ခန်းထဲမှာ အမှားနည်းခဲ့တဲ့သူတွေဟာ စာမေးပွဲအဖြေလွာမှာ အမှားများနေပါလိမ့်မယ်။ အဖြေလွာမှာ အမှားနည်းချင်ရင် စာသင်ခန်းထဲမှာ အမှားများခဲ့ရပါမယ်။ ပွဲမ၀င်ခင် ပြင်ကကျင်း။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ မေးခွန်းတစ်ခုအတွက် အဖြေသည် တစ်ခုထက်မကရှိနိုင်သည်။ ဓမ္မဓိာန်မှလွဲကာ မမှားသော ရှေ့နေ၊ မသေသောဆေးသမား။

ကျောင်းသားများ လိုက်နာရန်။


(၁) ကျောင်းမှန်မှန်တက်ပါ။ (၂) အချိန်ဇယားထားရှိကာ စာကြည့်ပါ။ နေ့စဉ် စာကြည့်ပါ။ (၃) လုပ်ငန်းတစ်ခုကို စံနမူနာယူ လေ့လာပါ။ (၄) သင်ခန်းစာများဖြင့် ချိန်ထိုးလေ့လာ ဆန်းစစ်ပါ။ (၅) ကျောင်းတွင်း လုပ်ရှားမှု့များတွင် ပါဝင်ပါ။ (လေ့လာရေး ခရီးစဉ်၊ ဟောပြောပွဲ၊ လူမှု့ရေးလုပ်ငန်းများ။) (၆) ပြည်တွင်းနမူနာများဖြင့် မေးခွန်းတွင်ဖြေဆိုနိုင်ပါသည်။ (၇) Learning Outcome များကို လေ့လာပါ။ (၈) မေးခွန်းဟောင်းများ လေ့လာပါ။ မေးခွန်းနားလည်အောင်ဖတ်ပါ။ (၉ ) ရည်ညွန်းကိုးကားစာအုပ်များကို လေ့လာပါ။ (၁၀) စာများကို ချရေးပါ။ အလွတ်ကျက်ရန် လိုအပ်သော ဖွင့်ဆိုရှင်းပြချက်များ။ အဆင့်များကို သေချာစွာ ကျတ်မှတ်ပါ။ (၁၁) ပုံများကို စနစ်တကျချဆွဲ လေ့ကျင့်ပါ။ (၁၂) အင်္ဂလိပ်စာဖြင့် ရိုးရိုးရှင်းရှင်းရေးနိုင်ရန် ကြိုးစားပါ။ (၁၃) သူငယ်ချင်းများနှင့် အပြန်အလှန်တိုင်ပင်ပါ။ ဆွေးနွေးစာကြည့်ပါ။ (၁၄) မေးခွန်းစကားလုံးများကို နားလည်အောင်လုပ်ပါ။ (၁၅) ရှင်းပြပါ။ ဥပမာပေးပါ။ အကျယ်ချဲ့ဆွေးနွေးပါ။ အားသာချက်၊အားနည်းချက်များစုပါ။ မြန်မာနိုင်ငံရှိ လုပ်ငန်းများနှင့် ဥပမာပေး ရေးသားဖြေဆိုနိုင်ပါသည်။) (၁၆) ကျန်းမာရေးဂရုစိုက်ပါ။ (၁၇) ရည်မှန်းချက် ကြီးကြီးထားပါ။ (၁၈) ကျောင်းမှန်မှန်တက်ပါ။ (၁၉) ပါဝင်ဆွေးနွေးပါ။ (၂၀) ကျောင်းချိန်အတွင်း ဖုန်း ပိတ်ထားပါ (သို့) အသံတိတ်ပေးထားပါ။ (၂၁) လူမှု့ရေးကွန်ယက်များတွင် ပါဝင်ပါ။

စာမေးပွဲဖြေမယ်ဆိုရင်


(၁) စောစောရောက်အောင်သွားပါ။ (ကားကြပ်တယ်။) (၂) အနွေးထည်ယူလာပါ။ (အေးနိုင်တယ်။ မအေးရင် သိမ်းထားလို့ရတယ်။) (၃) မှတ်ပုံတင် (သို့) ဓါတ်ပုံပါသော အထောက်အထားတခုယူလာပါ။ (၄) စာမေးပွဲဖြေဆိုရန် အထောက်အထား စာရွက်ယူလာပါ။ (ကျောင်းမှ ဝေပါမည်။) (၅) စာရေးကိရိယာ အစုံအလင်ယူလာပါ။ (၆) နာရီတစ်လုံးယူလာပါ။ (၇) စိတ်အေးအေးထားပြီးဖြေပါ။ (၈) စာမေးပွဲ အခန်းအတွင်းမ၀င်မီ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ပါ။ (၉) စာမေးပွဲ အခန်းတွင်း မ၀င်မီ မိမိ၏ ထိုင်ခုံနေရာကို အရင်ကြည့်ရှု့ပါ။ (၁၀) စာမေးပွဲ အခန်းအတွင်းသို့ စောစောဝင်ပါ။ (၁၁) အဖြေလွာစာရက်တွင် သေသေချာချာဖြည့်ပါ။ (၁၂) မေးခွန်းလွာကို သေသေချာချာ ဖတ်ပြီးမှ ဖြေပါ။ (၁၃) မေးခွန်းတစ်ခု ဖြေဆိုပြီးလျှင် နောက်စာမျက်နှာတွင် ဆက်လက်ဖြေဆိုပါ။ လိုအပ်လျင် စာရွက်ထပ်တောင်းပါ။ (၁၄) သပ်သပ်ရပ်ရပ်ဖြေပါ။ လက်ရေးလက်သားဂရုစိုက်ပါ။ (၁၅) မေးခွန်းအားလုံးကြိုးစားဖြေဆိုပါ။ (၁၆) မေးခွန်းတစ်ပုဒ်ကို မိနစ်သာဖြေပါ။ (၁၇) ပြန်လည်စစ်ဆေးပါ။ (၁၈) အချိန်စေ့မှထွက်ပါ။ မေးခွန်းဖတ်ရာတွင် (၁) ဘာကို မေးသလဲ ရှာပါ။ (၂) မေးခွန်း ဘယ်နှစ်ခုလဲဆိုတာရှာပါ။ (၃) ဘယ်လို မေးသလဲ ရှာပါ။ (၄) ဘယ်နှစ်မှတ်ပေးသလဲ ရှာပါ။ ဖြေဆိုရာတွင် (၁) အဓိပ္ဗါယ်ဖွင့်ဆိုခြင်း။ (၂) ရှင်းလင်းဖြေဆိုခြင်း။ (၃) ဥပမာပေးခြင်း။ (၄) ကျိုးကြောင်းဆီလျော်သည်များကို ဖြေဆိုပါ။ (၅) မေးခွန်းအားလုံးဖြေပါ။ (၆) မဖြေမနေရများကို အလေးထားဖြေဆိုပါ။

Wednesday, November 20, 2013

Scale up


မူလလက်ဟောင်းဆိုင်ခွဲမရှိ။ - Mission and Vision - Pitch up - Business Model - Executive Plan - Business Plan

Entrepreneurial Careers


(1) Habitual (2) Growth (3) Harvest (4) Spiral, or helical, (5) Occasional Second Career Entrepreneur

Networking Skills


(1) Know who you are (2) Know whom you want to know and why (3) Buddy up (4) Bone up on small talk (5) Do not forget why you're here (6) Make the connection (70 Follow up

The Five Paths to Business Ownership


(1) Start with a new one (2) Buy or Acquisition the present Business (3) Franchise a Business (4) Inherit a Business (5) Be hired a Professional Manager for a Business

ဘယ်မှာ နေပါသလဲ။


သုခမြို့တော်လား။ မစ္ဆရိယမြို့တော်လား။ ဗြဟ္မ၀ိဟာရ။ ဓမ္မ၀ိဟာရ။ ဒိဗ္ဗ၀ိယာရ။ လောကနိဗ္ဗာန်။ လောကငရဲ။ ပတိရူပဒေသ၀ါသောစ။ သုခမြို့တော်။ မစ္ဆရိယမြို့တော်။ Part of a problem and part of a solution.

Sources of Business Idea


(1) Work experience (2) A similar business (3) Hobby or Personal Interest (4) Chance happening or Serendipity (5) Family and Friends (6) Education and Expertise (7) Technology transfer and Licensing

Sunday, November 3, 2013

အောင်မြင်မှု့ အတုမှာ ပျော်နေသူ။

ကျနော်က အောင်မြင်မူ့ကို လိုချင်သူ၊ မက်မောသူ။ သူများထက်ထူးခြားအောင်မြင်ချင်သူပါ။ ကျောင်းစာမှာရော၊ လက်တွေ့ဘ၀မှာပါ အောင်မြင်ကျော်ကြားချင်သူပါ။ ကျနော့် မိဘက လက်လုပ်၊ လက်စားပါ။ ဒါပေမဲ့ ကျနော်က အောင်မြင်ချင်တာကတော့ အရူးအမူးပါ။ ဂိမ်းဆော့ပါတယ်။ နေ့စဉ် ကျနော့်ဂိမ်းမှန်မှန်ဆော့ပါတယ်။ အနည်းဆုံး အဆင့်တစ်ခုတက်ကိုတက်ရမယ်။ အလုပ်ထဲမှာလဲ ဆော့တယ်။ ရုံးသွားရင်းလဲ ဆော့တယ်။ ကွန်ကျနေလဲ ဆော့တယ်။ မီးပျက်နေလည်း ဆိုင်ပြောင်းဆော့တယ်။ ဂိမ်းတစ်ခုပြီးသွားရင် နောက်ဂိမ်းတစ်ခုပြောင်းဆော့တယ်။ ကျနော် အပ်ဒိတ်ဖြစ်တယ်။ ကျနော့် ဂိမ်းက လူပန်းစား၊ လူသိများနေတဲ့ ဂိမ်းပါ။ ဂိမ်းကို ပြီးစလွယ်မစော့ပါဘူး။ အမှတ်အများဆုံးဖြစ်အောင် စတားအများဆုံးရအောင် ကျနော်ဆော့ပါတယ်။ ကျနော် အောင်မြင်နေတယ်။ မယုံရင် ကျနော်ဂိမ်းပြိုင်ဆော့မလား။ ၀င်ကြည့်လိုက်လေ။ ရုပ်ရှင်ဆိုလဲ ကြည့်တယ်။ ကျနော်ကြိုက်တဲ့ မင်းသား၊ မင်းသမီးပါတဲ့ ကားတိုင်း မလွတ်ဘူး။ မင်းသားက ငိုရင် ကျနော်လဲ မျက်ရည်ဝဲချင်တယ်။ မင်းသားက လွယ်လွယ်လေးနဲ့ အောင်မြင်တက်တယ်။ ကျနော်နဲ့ မင်းသားနဲ့ တသားတည်းဆိုတော့ ကျနော်လည်း သူလိုပဲပေါ့။ အကျဉ်းပြောပြရရင် ကျနော် အောင်မြင်နေတယ်။ အတု၊ အစစ်ဆိုတာတော့ ကျနော်သိပ်မခွဲခြားတက်သေးဘူး။ စိတ်ဖြေသိမ့်

မှား၊မှန်

Objective type has just two answers, right or wrong. In other words, it is closed question. In GMAT, the variables are much more. Right, Wrong, May and Both or Wrong. At our system in PS, students think and guess - the objective type questions can be guess-work.