Sunday, November 3, 2013
အောင်မြင်မှု့ အတုမှာ ပျော်နေသူ။
ကျနော်က အောင်မြင်မူ့ကို လိုချင်သူ၊ မက်မောသူ။
သူများထက်ထူးခြားအောင်မြင်ချင်သူပါ။
ကျောင်းစာမှာရော၊ လက်တွေ့ဘ၀မှာပါ အောင်မြင်ကျော်ကြားချင်သူပါ။
ကျနော့် မိဘက လက်လုပ်၊ လက်စားပါ။
ဒါပေမဲ့ ကျနော်က အောင်မြင်ချင်တာကတော့ အရူးအမူးပါ။
ဂိမ်းဆော့ပါတယ်။
နေ့စဉ် ကျနော့်ဂိမ်းမှန်မှန်ဆော့ပါတယ်။
အနည်းဆုံး အဆင့်တစ်ခုတက်ကိုတက်ရမယ်။
အလုပ်ထဲမှာလဲ ဆော့တယ်။
ရုံးသွားရင်းလဲ ဆော့တယ်။
ကွန်ကျနေလဲ ဆော့တယ်။
မီးပျက်နေလည်း ဆိုင်ပြောင်းဆော့တယ်။
ဂိမ်းတစ်ခုပြီးသွားရင် နောက်ဂိမ်းတစ်ခုပြောင်းဆော့တယ်။
ကျနော် အပ်ဒိတ်ဖြစ်တယ်။
ကျနော့် ဂိမ်းက လူပန်းစား၊ လူသိများနေတဲ့ ဂိမ်းပါ။
ဂိမ်းကို ပြီးစလွယ်မစော့ပါဘူး။
အမှတ်အများဆုံးဖြစ်အောင် စတားအများဆုံးရအောင် ကျနော်ဆော့ပါတယ်။
ကျနော် အောင်မြင်နေတယ်။
မယုံရင် ကျနော်ဂိမ်းပြိုင်ဆော့မလား။
ဝင်ကြည့်လိုက်လေ။
ရုပ်ရှင်ဆိုလဲ ကြည့်တယ်။
ကျနော်ကြိုက်တဲ့ မင်းသား၊ မင်းသမီးပါတဲ့ ကားတိုင်း မလွတ်ဘူး။
မင်းသားက ငိုရင် ကျနော်လဲ မျက်ရည်ဝဲချင်တယ်။
မင်းသားက လွယ်လွယ်လေးနဲ့ အောင်မြင်တက်တယ်။
ကျနော်နဲ့ မင်းသားနဲ့ တသားတည်းဆိုတော့ ကျနော်လည်း သူလိုပဲပေါ့။
အကျဉ်းပြောပြရရင် ကျနော် အောင်မြင်နေတယ်။
အတု၊ အစစ်ဆိုတာတော့ ကျနော်သိပ်မခွဲခြားတက်သေးဘူး။
စိတ်ဖြေသိမ့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment