Friday, February 26, 2016

School Marketing

ပုဂ္ဂလိက စီးပွားရေးသင်တန်းကျောင်းတွေ ပုဂ္ဂလိပညာရေးလုပ်ငန်းတွေ
မားကတ်တင်းအယူအဆကို ကျင့်သုံးလို့ရလား။
သင်တန်းကျောင်းတွေအနေနဲ့ ဈေးကွက်ဖေါ်ဆောင်ရေး မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကို အပြည့်အ၀ကျင့်သုံးလို့ရပါတယ်။
တစ်ခုတော့ရှိတယ် ခံယူချက်တစ်ခုတော့ပြင်ကို ပြင်ရမယ်။ မြှင့်တင်ရမယ်။
ဈေးကွက်ဖေါ်ဆောင်ခြင်းမှာရှိတဲ့ ခံယူချက်အများကြီးထဲက နှစ်ခုကို ကောက်နှုတ်ဖေါ်ပြပါမယ်။
အဲဒါတွေကတော့
(၁) သမရိုးကျဈေးကွက်ဖေါ်ဆောင်မှု့
(၂) ၀န်းကျင်ရှေ့ရှူဈေးကွက်ဖေါ်ဆောင်မှု့။
ဈေးကွက်ဖေါ်ဆောင်ခြင်းက စားသုံးသူအလေးထားတဲ့မူဝါဒ ခံယူချက်ဖြစ်ပါတယ်။ ဒီမတိုင်ခင်အချိန်က ရောင်းသူကသာ စိတ်ကြိုက်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ အပြိုင်အဆိုင်နည်းတဲ့ အချိန်မို့ ၀ယ်သူတွေကို အလေးမထားခဲ့ကြဘူး။ ကိုယ့်စိတ်တိုင်းကျသာ ထုတ်လုပ်ရောင်းချကြတယ်။
အပြိုင်အဆိုင်များလာတဲ့ အချိန်မှာ စားသုံးသူဟာ ရွေးချယ်စရာတွေထဲကမှ သူ့စိတ်ကြိုက် ပစ္စည်းနဲ့ ဈေးနှူန်းကိုသာ ရွေးချယ်ဝယ်ယူလာကြပါတယ်။
ဒါနဲ့ ဈေးကွက်ဖေါ်ဆောင်တဲ့အယူအဆက လူကြိုက်များပြီး၊ ရေပန်းစားလာလို့
လုပ်ငန်းတိုင်းမှာ ဈေးကွက်ဖေါ်ဆောင်ရေးမှ ဈေးကွက်ဖေါ်ဆောင်ရေးဖြစ်လာခဲ့ပါတယ်။ အရောင်းဌာနကလည်း ဈေးကွက်ဖေါ်ဆောင်ရေး၊ ဈေးထွက်ရောင်း၊ ၀ယ်မဲ့သူနဲ့သွားတွေ့တာကအစ ဈေးကွက်ဆင်းတယ်ဆိုပြီး အသုံးများပြီး တလွှဲသုံးလာကြတဲ့အထိ ဦးစားပေးခဲ့ကြတယ်။
ဈေးကွက်ဖေါ်ဆောင်ရေးအယူအစဆိုတာ စားသုံးသူဦးစားပေးပဲဖြစ်ပါတယ်။
စားသုံးသူကျေနပ်ရမယ်။ ဒါနဲ့ စားသုံးသူ အကြိုက်လိုက်ကျတဲ့ လုပ်ငန်းတွေ အောင်မြင်လာတယ်။ ၀င်ငွေတွေရတယ်။ စီးပွားရေးသမားတွေ အမြတ်ရကြတယ်။
ဒီဈေးကွက်ဖေါ်ဆောင်ရေးအယူအဆကို ကျောင်းတွေ ပညာရေးလုပ်ငန်းတွေက လက်ခံကျင့်သုံးခဲ့ရင်.....အစားအသောက်နဲ့ အလှအပတွေမှာ စားသုံးသူအကြိုက်က အရည်အသွေးဖြစ်ပေမဲ့ ပညာရေးကတော့ တမူထူးပါတယ်။ ကျောင်းသားစိတ်ကြိုက်ဆိုရင် ပညာရေးရဲ့ အရည်အသွေးဟာ ဝေးပါမယ်။
ဈေးကွက်ဖေါ်ဆောင်ရေးကို နားလည်ပြီး ကျောင်းသားအကြိုက်လိုက်ပြီး ဈေးကွက်အကြိုက်လိုက်ပြီး ကျောင်းထောင်နေသူ၊ ကျောင်းဖွင့်နေတဲ့သူတွေရှိခဲ့ရင် ရင်လေးဖို့ ကောင်းလှပါတယ်။ အကြောင်းက ကျောင်းသားစိတ်ကြိုက် အရည်အသွေးနဲ့ လက်မှတ်တွေကို ဖန်တီးပြီး ငွေချူနေရင်၊ တကဲ့စစ်မှန်တဲ့ ပညာရေး အရည်အသွေးနဲ့ ဆန့်ကျင်ဖက်တွေဖြစ်ပေါ်လာမှာ မလွဲပါဘူး။ ကျောင်းသားပျော်အောင် ကျေနပ်အောင် အရည်အသွေးမရှိတဲ့ ပညာရေးကို ဖန်တီးထုဆစ်နေကြရင် တချိန်တရားခံဖြစ်မှာပါ။ အမေရဲ့နားကို ကိုက်တဲ့ သူခိုးလေး ဥပမာကိုလည်း သတိရမိပါတယ်။
ကျောင်းသားကြိုက်အောင် လုပ်တာ လက်ခံပါတယ်။ အရည်အသွေးရှိတဲ့ ပညာရေးကိုလည်း ဖန်တီးဖို့လိုပါမယ်။ ပတ်ဝန်းကျင်နဲ့ ကျောင်းသားရဲ့ အနာဂါတ်ကို လုပအောင် ထုဆစ်ဖို့လိုပါမယ်။ မဟုတ်ခဲ့ရင် ပညာရေးဈေးကွက်ကို တန်ဖိုးဖြတ်သလို လူငယ်တွေရဲ့ အနာဂါတ်ကို ဖျက်စီးနေတာပဲ။ နိုင်ငံတော်ရဲ့ အနာဂါတ်ကို ဖျက်စီးနေသလိုပါပဲ။ ဒါကြောင့် စီးပွားရေးသမားတွေ အနေနဲ့ ပညာရေးမှာ ကျောင်းသားစိတ်ကြိုက် အရည်အသွေးထက် ကျောင်းသားနဲ့ ကိုက်ညီမဲ့ နည်းလမ်းတွေကို ရှာပြီး သင်ကြားပို့ချကာ အရည်အသွေးရှိရှိ ပညာရေးစနစ်ကိုသာ ပုံဖေါ်သင့်ပါတယ်။
ဒါကြောင့် ပညာရေးစနစ်ကို ဈေးကွက်ဖေါ်ဆောင်ရေးနဲ့ ယှဉ်တွဲဆောင်ရွက်ကြရင် နာက်ထပ် ခံယူချက်တစ်ခုဖြစ်တဲ့ ၀န်းကျင်ရှေးရှု ဈေးကွက်ဖေါ်ဆောင်ခြင်းကိုသာ ချမှတ် ကျင့်သုံးဆောင်ရွက်သင့်ပါတယ်။
အကြောင်းက ၀န်းကျင်ရှေ့ရှူဈေးကွက်ဖေါ်ဆောင်မှု့က စားသုံးသူကျေနပ်တယ်။ ရောင်းချတဲ့သူကျေနပ်တယ် ပြိုင်ဖက်ထက် ပိုသာတယ် ပိုကောင်းတယ် ဆိုတိုင်း အလွယ်ချမှတ် ကျင့်သုံး လက်ခံတာမဟုတ်ပါဘူး။ ဥပမာ။ ။ စားသုံးသူကျေနပ်တိုင်း ရောင်းချသူမြတ်စွန်းရင်ပြီးရောဆိုပြီး ဆေးခြောက်တွေရောင်းချနေတယ်ဆိုရင်။ စားသုံးသူလည်း ပစ္စည်းရရင်ပြီးရော ရောင်းချသူကလည်း ဈေးတင် အမြတ်ရ။ ဟန်တယ်နော်။ ဒါပေမဲ့ စားသုံးသူရဲ့ ရှေ့ရေးနဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကို ထိခိုက်တယ်လေ။
ဒါကြောင့် ကျောင်းတွေ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတွေ အနေနဲ့ သမရိုးကျ ဈေးကွက် ဖေါ်ဆောင်ရေးကို ကျင့်သုံးခဲ့ရင်။ ပိုးသာကုန်သွားတဲ့ မောင်ပိုစောင်းမတက်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ၀န်းကျင်ရှေးရှူတဲ့ ဈေးကွက်ဖေါ်ဆောင်ရေးကိုသာ ဖန်တီး ဂုဏ်ယူသင့်ပါကြောင်း။

No comments:

Post a Comment