Valentine's Day - ချစ်သူများနေ့တဲ့လား
===========
===========
ရောမဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်များဟာ ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရှုံးနှိမ့်ကြတယ်...
အဲဒီအကြောင်းကို ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မထားရလို့ အမိန့်ထုတ်တယ်...
အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြတဲ့ ဘုန်းတော်ကြီးများကိုလည်း လုံးဝမပြုလုပ်ပေးရလို့ ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့တယ်...
အဲဒီမှာ အရမ်းချစ်ကြတဲ့ စိန့်လူစီကာနဲ့ ဂျကိုပိုဘတ်ဆန်နိုဆိုတဲ့ ချစ်သူနှစ်ဦးက ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်...
ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကလည်း ချစ်သူတို့၏ ဘဝ၊ ချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူမို့ သူ့အသက်ကို ပဓာနမထားပဲ လက်ထပ်ပေးလိုက်တယ်....
အဲဒီအကြောင်းကို ဘုရင်သိတဲ့အခါ အဲဒီနေ့မှာပဲ အဲဒီဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်တယ်...
အဲဒီနေ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့ပဲ...
ချစ်သူများအတွက် အသက်ပေးသွားခဲ့တဲ့ ခရစ်ယာန် ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း ကို ဂုဏ်ပြုပြီး Valentine's Day (သို့မဟုတ်) ချစ်သူများနေ့လို့ သတ်မှတ်လိုက်ကြတာပဲ...
အဲဒီ သူများအတွဲ လက်ထပ်ပေးတဲ့ ဘုန်းတော်ကြီး အသတ်ခံရတဲ့နေ့နဲ့ ကျုပ်တို့မြန်မာပြည်က ယောက်ျား၊ မိန်းမ အတွဲတွေက ဘာကိစ္စ ဟိုတယ်သွားကြ၊ ပန်းဦးလွှတ်ကြ၊ အဖြေပေးကြ လုပ်နေကြတာတုန်းဗျ...
တကယ်သနားလို့ အလေးထားရင်လည်း အဲဒီဘုန်းတော်ကြီးအတွက် ဝမ်းနည်းကြောင်းပြတဲ့အနေနဲ့ ဥပုသ်စောင့်ပြီး အမျှတောင်ဝေသင့်တဲ့ကိစ္စပါ...
အခုက သောက်တလွဲ အသိအမှတ်ပြုနေကြတာ..
အဲဒီဘုန်းတော်ကြီးသာ သိရင် ငါကတရားဝင်လက်ထက်ပေးတဲ့နေ့ကို နင်တို့က တရားမဝင်အတူနေကြတာလားဆိုပြီး သူ့ကိုသူ သတ်သေသွားအုံးမယ်...
No comments:
Post a Comment