ရသူယူမှ စနစ်တကျခွဲဝေယူ
လက်မှတ်ဖြတ်ပြီး ပွင့်လင်းမြင်သာအောင်လုပ်ပါ။
ကားတွေ စည်းကမ်းမရှိခြင်း၊ ပြိုင်မောင်းခြင်းရဲ့ အဓိက အကြောင်းအရင်းက ရသူယူ စနစ်ကြောင့်ဖြစ်ပါတယ်။
ကဒ်စနစ်အောင်မြင်သွားရင် ခွဲဝေယူ စနစ်ဖြစ်လို့ အစဉ်ပြေသွားမှာ ဖြစ်ပါပေမဲ့ အချိန်ယူရအုံးမှာဖြစ်ပါတယ်။
သစ်မရခင် ၀ါးပေါင်းကွပ်ရမှာဖြစ်ပါတယ်။
အရင်က လက်မှတ်စုတ်တဲ့ စနစ်ကို ယာဉ်နောက်လိုက်တွေက သဘောမကျသလို ခရီးသည်တွေကလည်း သိပ်သဘောမတွေ့ပါဘူး။
အခုတော့ ခရီးသည်တွေက လက်မှတ်ကို ယာဉ်အကူတွေဆီက တောင်းယူပါလိမ့်မယ်။
လက်မှတ်အရေအတွက်ကို ကြည်ြ့ခင်းဖြင့် အရင်ထက် ပိုမို ပွင့်လင်းမြင်သာဖြစ်လာပါလိမ့်မယ်။
ဒါဆိုရင် ယာဉ်တလိုင်းရဲ့ ယာဉ်တစီးချင်းဆီရဲ့ ၀င်ငွေကို တွက်ချက်လို့ရပါပြီ။
ခွဲဝေလို့ရပါပြီ။
ယာဉ်လိုင်းတွေကို အတန်သင့် ထိန်းချုပ်နိုင်မယ်ထင်ပါတယ်။