သင်္ကြန်နီးရင်
ရှင်လောင်းလှည့်တာတွေ
ရှင်ပြုရဟန်းခံတွေ
တွေ့တိုင်း ကြည်နူးမိတယ်။
ရဟန်း၊ သံဃာတွေ့တိုင်း
လက်အုတ်ချီဖို့
ကြိုးစားတယ်။
အတက်နိုင်ဆုံး
အရိပ်ကို ရှောင်တယ်။
အကြောင်းက
ရှင်ရဟန်းပြုတိုင်း
သံဃာတွေရဲ့
ဘ၀ကို
ပိုကြည့်ညိုမိတယ်။
ပိုလေးစားမိတယ်။
အကြောင်းကြောင်းကြောင့်
ရှင်ရဟန်းမ၀တ်ရတိုင်း
သံဃာတွေကို
ပိုလို့ ပိုလို့
ကြည်ညိုနေမိတယ်။
အမေနဲ့အဖေကို
ကျေးဇူးဆပ်ဖို့
သာမဏေ၀တ်ဖူးတယ်။
အမေအတွက်
သင်္ကြန်ရောက်တိုင်း
ရဟန်းဘောင်
နှစ်ကြိမ်တက်ဖူးတယ်။
နှစ်ကြိမ်တက်ဖူးတယ်။
ဒီတနှစ်တော့
ရဟန်းမ၀တ်ဖြစ်ဘူးလို့
အမေကိုပြောတော့
အမေကပြောတယ်။
ရှေ့နှစ်ကျရင်
မြေးလေးကို
အနည်းဆုံးတော့
ဖိုးသူတော်လေး
ဝတ်ပေးစေချင်တယ်တဲ့။
သံဃာပူဇေမိပါ ဘုရား။
No comments:
Post a Comment