ဟိုနေ့
ဒီနေ့
တချို့တွေက
သူများ
စုန်လို့
စုန်ကြမယ်။
တချို့တွေက
အစုန်တွေများလို့
ကန်ပြီး
ဆန်ကြတယ်။
တကယ်တော့
သူများ စုန်တိုင်း၊
မစုန်သင့်သလို
အစုန်တွေများလို့
ကန်ပြီးလည်း
မဆန်တက်သင့်ဘူး။
ရည်ရွယ်ချက်၊
ခံယူချက်အတိုင်း
စုန်ပါ။
ဆန်ပါ။
ရှေ့ဆက်ပါ။
No comments:
Post a Comment