လှူဒါန်းကြည်ညိုတဲ့အခါ က္ကုနြေ္ဒကိုကြည့်ပြီး မဆုံးဖြတ်နဲ့။ သံဃဂုဏ်ကိုသာ အာရုံပြုပါ။
သားရေ
သားမတွေ့လိုက်ရတဲ့ ဘိုးဘိုးကြီးက ဘုန်းကြီးကျောင်းသားကွ။ သံဃာတွေကို အရမ်းကြည်ညိုတယ်။ ဘွားဘွားကြီးကလည်း ဝါတွင်း၊ ဝါပအမြဲ မနက်တိုင်း ဖေဖေအိပ်ကောင်းချိန်တိုင်း ဆွမ်းထလောင်းလေ့ရှိတယ်။
ဖေဖေ သင်္ကန်းစီးတာ သုံးကြိမ်ရှိပီ။ ဖေဖေ ကိုရင်ဝတ် သင်္ကန်းစီပြီပြီးချင်း ဘိုးဘိုးကြီးက ကန်တော့မယ်လုပ်တော့ ဖေဖေက ဘိုးဘိုးကို မကန်တော့ဖို့ပြောတယ်။ ဘိုးဘိုးကြီးက သားကိုကန်တော့တာ မဟုတ်ဘူး။ ကိုယ်တော်ကို ကန်တော့တာလို့ပြောတာ မှတ်မိနေတယ်။ ရဟန်းဘောင်တက်တိုင်း ဘွားဘွားကြီးက ကျောင်းလာလာကန်တော့တယ်။ ဖေဖေဆိုလည်း သားချီ၊ သမီးချီနေတဲ့ ဒုလ္လဘရဟန်းတက်တဲ့ ကိုယ်တော်တွေ တွေ့လည်း ကန်တော့တာပဲ သားရယ်။ ပြောချင်တာ အခုမှ စမယ်။ လှူဒါန်းကြည်ညိုတဲ့အခါ က္ကုနြေ္ဒကိုကြည့်ပြီး မဆုံးဖြတ်နဲ့သား။ ကျင့်ကြံအားထုတ်ရတာက တပိုင်းနော်။
Halo Effect နဲ့ Horn Effect ဆိုတာရှိတယ်သား။ ကိုယ်ကြိုက်တဲ့ တကွက်ကောင်း တစ်ခုကောင်းက ကျန်တဲ့ဆိုးအရာတွေကို လွှမ်းမိုးသွားစေတက်သလို ဆိုးတဲ့တကွက်ကလည်း ကျန်ကောင်းတဲ့အရာတွေကို စိုးမိုးသွားတက်တယ်။ ဆိုပါဆို့ မင်းပြုံးတာလေးက ငါနဲ့တူတယ်ဆိုရင် အရမ်းသဘောကျတယ်။ ဒါနဲ့ပဲ အားလုံးအိုကေသွားတယ်။ ကိုယ်မကြိုက်တဲ့ အပြုအမှုတစ်ခုတွေ့တာနဲ့ ဆက်စကားပြောချင်စိတ် ဆိုချင်စိတ်ပျောက်သွားတယ်။ မင့်အမေကို တော်တော်ဝနေတာပဲလို့ ပြောကြည့်လိုက်။ ချကျွေးမဲ့မုန့်တောင် ပြန်သိမ်းသွားမယ်မှတ်။ သူမကြိုက်တာတစ်ခုက အခြားကောင်းနိုင်မဲ့အရာတွေကို လုံးဝဖုံးလွှမ်းသွားတယ်ကွ။ ဒီလိုပဲ လူတစ်ယောက်၊ ရဟန်းတစ်ပါးကို အဆိုးမြင်သွားစေဖို့ အကောင်းမြင်သွားစေဖို့ အချက်အများကြီးမလိုဘူး။ တကွက်ကောင်း နှစ်ကွက်ကောင်းနဲ့ ပွဲသိမ်းထိုးလို့ရတယ်။ ကောင်းရင် ဟေလို ဆိုးရင် ဟွန်းအက်ဖက်လို့ခေါ်တယ်။ ဒါကြောင့် သားပိုဂရုစိုက်ရမယ်။ ကွက်မကြည့်နဲ့။
အခါတပါးက ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို ပင့်ဖိတ်လို့ ကြွချီတော်မူတယ်။ လမ်းမှာ ရေအိုင်လေးတွေတွေ့တော့ အတိတ်ဘဝက ဗီဇကပေါ်လာပြီး ရေအိုင်လေးကို က္ကုနြေ္ဒမဆောင်ဘဲ ခုန်ဆွကျော်လွှားသွားတယ်။
ဒါကို ဒကာကမြင်တော့ အကြည်အညိုလျော့ကာ ဆပ်ကပ်လှူဒါန်းမဲ့ သင်္ကန်းတွေထဲက တစ်ထည်လျော့ဖို့ စိတ်ကူးမိတယ်။ ဒီလိုနဲ့ လမ်းပေါ်က သံဃာကလည်း နောက်ထပ် ရေအိုင်လေးတွေ့တော့ အရင်လို ထပ်ခုန်ပေါက်ကျော်လွှားပြီး ခရီးဆက်ပါတယ်။ ဒါကို မြင်ပြန်တော့နောက်ထပ် သင်္ကန်းတစ်ထည်ထပ်လျော့လှူဖို့ စဉ်းစားမိပြန်တယ်။ တတိယ တစ်ကြိမ်ရေအိုင်တွေ့ပြန်တော့ အဂ္ဂသာဝကကြီးဟာ အရင်လို ခုန်ပေါက်ပြီးမကြွတော့ပဲ က္ကုနြေ္ဒအပြည့်နဲ့ ရေအိုင်ထဲကို ဆင်းဖြတ်ပြီး လျောက်လှမ်းတော်မူတယ်။
ဗီဇဆိုတာ သာမာန်ထုဇဉ်မဟုတ်။ ပကတိသာဝကမဟုတ်။ မဟာသာဝကထက်မြတ်တဲ့ အဂ္ဂသာဝကလို အရိယာကိုယ်တော်မြတ်ကြီးတောင် မဖျောက်ဖျက်နိုင်ဘူး သားရယ်။ ဒါကြောင့် ပုထုဇဉ် ကိုယ်တော်တွေ ဗီဇမဖျောက်နိုင်တာကို နားလည်လက်ခံပါ။ ဒါကြောင့် လှူဒါန်းကြည်ညိုတဲ့အခါ သံဃဿဒေမဆိုပြီး လှူဒါန်းသက်ဝင် ယုံကြည်သူတွေလည်းရှိနိုင်သလို က္ကုနြေ္ဒကိုကြည့်ပြီး သင်္ကန်းတွေကို တထည်ပြီးတထည်လျော့လျော့နေတဲ့ ဒကာ၊ ဒကာမတွေလည်း ဒုနဲ့ဒေးနဲ့ရှိနိုင်ပါတယ်။ သား ကို မှာမယ်။ သင်္ကန်းတွေ လျော့မလှူနဲ့နော်။ သဒ္ဓါမပျက်စေနဲ့။ ဂရုစိုက်နော်။
သဒ္ဓါတရားထက်သန်သူတွေက က္ကုနြေ္ဒကိုမငဲ့ဘဲ လှူဒါန်းတာ ပြသနာမရှိပေမဲ့ သဒ္ဓါတရားနည်းပါးခေါင်းပါးပြီး က္ကုနြေ္ဒမဲ့တဲ့ ရဟန်းသံဃာကို ကာယကံ၊ ဝဇီကံ၊ မနောကံတစ်ပါးပါးဖြင့်စော်ကားပြစ်မှားရင်ဗုဒ္ဓအဆုံးအမတွေကို ကျင့်ကြံလိုက်နာသူတွေ ဟုတ်ဟုတ် မဟုတ်ဟုတ် စစ်စစ် မစစ်စစ် အကုသိုလ်များတယ်။ သားရယ်။ ကံသာ ကိုယ်ပိုင်ပစ္စည်း သားရေ။
ကိုယ်တော်တွေကလည်း က္ကုနြေ္ဒထိန်းဖို့ကြိုးစားအားထုတ်ခဲ့ရင် သားကလည်း ကိုယ်တော်တွေရဲ့ က္ကုနြေ္ဒထက် ဘုရားအဆုံးအမကို ပိုကြည်ညိုပြီး ပစ္စည်းလေးပါးထောက်ပံ့ရင်ဖြင့် အတိုင်းထက်အလွန်ပဲ။

ဒါနဲ့
သံဃံပူဇေမိပါ ဘုရား။
သံဃဿ ဒေမ။
သံဃံပူဇေမိပါ ဘုရား။
သံဃဿ ဒေမ။
သူတော်ကောင်းတရားထွန်းကားပြီး
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့ကြပါစေ။