မြတ်ဗုဒ္ဓ၏ အဆုံးအမ
သားရေ
တချိန်က
ဖေဖေတို့က
ကိုယ့်လူမျိုးကိုကိုယ်
သမ္မာဒိဋ္ဌိလူမျိုး
မှန်ကန်တဲ့အယူရှိသူလို့
သုံးနှူန်းပြီး
အခြားဘာသာခြားတွေကို
မိစ္ဆာဒိဋ္ဌိတွေ
အယူမှားတဲ့သူတွေလို့
ခေါ်ဝေါ်ခဲ့ဖူးတယ်။
ဒါတွေအခုတော့
မရှိတော့ပါဘူး။
တချိန်က
ဖေဖေတို့က
ကိုယ့်လူမျိုးကိုကိုယ်
သမ္မာဒိဋ္ဌိလူမျိုး
မှန်ကန်တဲ့အယူရှိသူလို့
သုံးနှူန်းပြီး
အခြားဘာသာခြားတွေကို
မိစ္ဆာဒိဋ္ဌိတွေ
အယူမှားတဲ့သူတွေလို့
ခေါ်ဝေါ်ခဲ့ဖူးတယ်။
ဒါတွေအခုတော့
မရှိတော့ပါဘူး။
သားလေးကြီးလာလို့ နိုင်ငံရပ်ခြားက
အသိမိတ်ဆွေတွေက
ဘယ်ဘာသာဝင်လဲလို့
မေးရင် သား ဘယ်လိုဖြေမလဲ။
အသိမိတ်ဆွေတွေက
ဘယ်ဘာသာဝင်လဲလို့
မေးရင် သား ဘယ်လိုဖြေမလဲ။
ဗုဒ္ဓဘာသာလို့ ဖြေရင်
သူတို့က ထပ်မေးဦးမယ်။
(၁) ဟီနယာနဗုဒ္ဓဘာသာလား
(၂) ထေရဝါဒဗုဒ္ဓဘာသာလားဆိုပြီးထပ်မေးရင်ကော
သားလေးဘယ်လိုပြန်ဖြေမလဲ။
သူတို့က ထပ်မေးဦးမယ်။
(၁) ဟီနယာနဗုဒ္ဓဘာသာလား
(၂) ထေရဝါဒဗုဒ္ဓဘာသာလားဆိုပြီးထပ်မေးရင်ကော
သားလေးဘယ်လိုပြန်ဖြေမလဲ။
ကမ္ဘာမှာ
ကိုးကွယ်စည်းကပ်တဲ့
ဘာသာတွေ အများကြီးရှိတယ်။
ဒီအထဲမှာ
ဗုဒ္ဓဘာသာဟာလည်း
ဗုဒ္ဓအဆုံးအမဟာလည်း
တစ်ခုအပါအဝင်ဖြစ်တယ်။
ကိုးကွယ်စည်းကပ်တဲ့
ဘာသာတွေ အများကြီးရှိတယ်။
ဒီအထဲမှာ
ဗုဒ္ဓဘာသာဟာလည်း
ဗုဒ္ဓအဆုံးအမဟာလည်း
တစ်ခုအပါအဝင်ဖြစ်တယ်။
ဗုဒ္ဓဘာသာကို
မဟာယာနနဲ့
ဟိနယာနဆိုပြီးခွဲကြတယ်။
(မဟာဆိုတာကြီးမြတ်တယ်။
ဟိနဆိုတာ ယုတ်ညံ့တယ်။)
ဒါကို လူကြားကောင်းအောင်
နိဗ္ဗာန်ကိုသွားတဲ့
ဘီးအကြီး၊
ဘီးအသေးဆိုပြီး နာမတပ်ကာ
ပြောကြတယ်။
မဟာယာနနဲ့
ဟိနယာနဆိုပြီးခွဲကြတယ်။
(မဟာဆိုတာကြီးမြတ်တယ်။
ဟိနဆိုတာ ယုတ်ညံ့တယ်။)
ဒါကို လူကြားကောင်းအောင်
နိဗ္ဗာန်ကိုသွားတဲ့
ဘီးအကြီး၊
ဘီးအသေးဆိုပြီး နာမတပ်ကာ
ပြောကြတယ်။
ဖြေသိမ့်စရာက
ထေရဝါဒလို့ အခေါ်ဝေါ်
နောက်တစ်ခုထပ်ရှိသေးတာပဲကွ။
ရှင်မဟာကဿပအစဖြာတဲ့
ထေရဝါဒ ထေရ်ကြီးဝါကြီးတွေရဲ့ အာဘော်
ထေရဝါဒဆိုပြီးလည်းပြောကြ၊ ဆိုကြ၊ သုံးကြတယ်။
ယုတ်ညံ့တယ်ဆိုတာထက်
ဘီးအသေးဆိုတာထက် စာရင်
ထေရဝါဒက ကြားကောင်းသေးတယ်။
တော်သေးတယ်။
ဟုတ်သလိုလိုရှိတယ်
ပြောရမယ်။
ဒီထက်ကောင်းတဲ့ သင့်တော်မဲ့
နာမည်ရှာရအောင်လား။
ပေးရအောင်လား။
ထေရဝါဒလို့ အခေါ်ဝေါ်
နောက်တစ်ခုထပ်ရှိသေးတာပဲကွ။
ရှင်မဟာကဿပအစဖြာတဲ့
ထေရဝါဒ ထေရ်ကြီးဝါကြီးတွေရဲ့ အာဘော်
ထေရဝါဒဆိုပြီးလည်းပြောကြ၊ ဆိုကြ၊ သုံးကြတယ်။
ယုတ်ညံ့တယ်ဆိုတာထက်
ဘီးအသေးဆိုတာထက် စာရင်
ထေရဝါဒက ကြားကောင်းသေးတယ်။
တော်သေးတယ်။
ဟုတ်သလိုလိုရှိတယ်
ပြောရမယ်။
ဒီထက်ကောင်းတဲ့ သင့်တော်မဲ့
နာမည်ရှာရအောင်လား။
ပေးရအောင်လား။
သားရေ
ဆိုလိုချင်တာက
ဗုဒ္ဓအဆုံးအမကို
စာပေမျက်နှာစာမှာ
သူများတွေက နင်းပြီးသား။
သူများတွေက နှိမ်ပြီးသား။
မသိတဲ့ သူတွေ ခံကြပေမဲ့
သိတဲ့သူတွေ ငြိမ်မနေသင့်ဘူး။
ဆိုလိုချင်တာက
ဗုဒ္ဓအဆုံးအမကို
စာပေမျက်နှာစာမှာ
သူများတွေက နင်းပြီးသား။
သူများတွေက နှိမ်ပြီးသား။
မသိတဲ့ သူတွေ ခံကြပေမဲ့
သိတဲ့သူတွေ ငြိမ်မနေသင့်ဘူး။
ဖေဖေဆို
ဘာသာတရားဆိုတာထက်
အဆုံးအမကို သဘောကျတယ်။
ဝါဒဆိုတာထက်
အဆုံးအမကို ပိုကြိုက်တယ်။
ဆိုဆုံးမလွယ်သူဖြစ်ရပါစေဆိုတဲ့
သားတော်ရာဟုလာရဲ့
ဆုတောင်းလေးကို
အထူးနှစ်ခြိုက်မိတယ်။
ဘာသာတရားဆိုတာထက်
အဆုံးအမကို သဘောကျတယ်။
ဝါဒဆိုတာထက်
အဆုံးအမကို ပိုကြိုက်တယ်။
ဆိုဆုံးမလွယ်သူဖြစ်ရပါစေဆိုတဲ့
သားတော်ရာဟုလာရဲ့
ဆုတောင်းလေးကို
အထူးနှစ်ခြိုက်မိတယ်။
ဟီနယာနဗုဒ္ဓဘာသာပါကွာ
ဘီးအသေးပါကွာဆိုရင်လည်း
မဟုတ်ကြောင်းရှင်းပြဖို့
ပြန်ဖြေရှင်းဖို့ အစဉ်သင့်ပဲ။
ထေရဝါဒက မဆိုးပေမဲ့
အဓိပ္ပါယ်ကောက်လွဲနိုင်တယ်။
တကယ်တော့
မြတ်ဗုဒ္ဓရဲ့ အဆုံးအမလို့
သုံးနှူန်းတာကို
သဘောအကျဆုံးပဲ။
ဘီးအသေးပါကွာဆိုရင်လည်း
မဟုတ်ကြောင်းရှင်းပြဖို့
ပြန်ဖြေရှင်းဖို့ အစဉ်သင့်ပဲ။
ထေရဝါဒက မဆိုးပေမဲ့
အဓိပ္ပါယ်ကောက်လွဲနိုင်တယ်။
တကယ်တော့
မြတ်ဗုဒ္ဓရဲ့ အဆုံးအမလို့
သုံးနှူန်းတာကို
သဘောအကျဆုံးပဲ။
ဟီနောလို့ ပြောရအောင်
ယုတ်ညံ့စရာလည်း
သွန်သင်ဆုံးမတာတွေမှာ
တစ်လုံး၊ တစ်ပါဒမရှိ။
ကိုယ်တိုင်ဘုရားဖြစ်မှ
နိဗ္ဗာန်ဝင်ရမှာကို
မယုံကြည်လို့
ဘီးအသေးလို့ပြောရတာလည်း
လက်ခံစရာမရှိ။
ထေရဝါဒလို့ ပြောရအောင်
ထေရ်ကြီး ဝါကြီးတွေဖြစ်တဲ့
ရှင်မဟာကဿပတို့ ရှင်အာနန္ဒာတို့
ဥပါလိကိုယ်တော်တွေရဲ့
အာဘော်သက်သက်
ဝါဒလည်းမဟုတ်။
ယုတ်ညံ့စရာလည်း
သွန်သင်ဆုံးမတာတွေမှာ
တစ်လုံး၊ တစ်ပါဒမရှိ။
ကိုယ်တိုင်ဘုရားဖြစ်မှ
နိဗ္ဗာန်ဝင်ရမှာကို
မယုံကြည်လို့
ဘီးအသေးလို့ပြောရတာလည်း
လက်ခံစရာမရှိ။
ထေရဝါဒလို့ ပြောရအောင်
ထေရ်ကြီး ဝါကြီးတွေဖြစ်တဲ့
ရှင်မဟာကဿပတို့ ရှင်အာနန္ဒာတို့
ဥပါလိကိုယ်တော်တွေရဲ့
အာဘော်သက်သက်
ဝါဒလည်းမဟုတ်။
ဘုရားဟော တရားတော်တွေကို
တစ်ဦးတစ်ယောက်တည်းကပဲ
ကိုယ်ပြောချင်တာ ကိုယ်ဆိုချင်တာကိုပဲ
မှတ်တမ်းတင်ခဲ့တာလည်းမဟုတ်။
တစ်ဦးချင်း တစ်ယောက်ချင်းဆီ
တကွဲတပြား တနေရာဆီကနေ
ရေးထိုးမှတ်တမ်းတင်ခဲ့တာလည်းမဟုတ်ဘူးကွာ။
တစ်ဦးတစ်ယောက်တည်းကပဲ
ကိုယ်ပြောချင်တာ ကိုယ်ဆိုချင်တာကိုပဲ
မှတ်တမ်းတင်ခဲ့တာလည်းမဟုတ်။
တစ်ဦးချင်း တစ်ယောက်ချင်းဆီ
တကွဲတပြား တနေရာဆီကနေ
ရေးထိုးမှတ်တမ်းတင်ခဲ့တာလည်းမဟုတ်ဘူးကွာ။
ဘုရားရှင်ကိုယ်တော်တိုင်
သင်္ကန်းချင်းလဲ ဝတ်ဆင်ပြီး နေရာပေးခဲ့တဲ့
တတိယသာဝက ရှင်မဟာကဿပကိုယ်တော်ရယ်။
ဝိနည်းမှာ ဧတဒဂ်ရထားတဲ့ ဥပါလိကိုယ်တော်ရယ်။
ဘုရားဟောတရားတွေကို အာဂုံဆောင်ထားတဲ့ ရှင်အာနန္ဒာတို့
ဦးဆောင်တဲ့
အာသဝေါကုန်ခမ်းပြီး
အစွဲမရှိ၊ အစွန်းမရှိတဲ့ ရဟန္တာသံဃာ
အပါးငါးရာနဲ့စုပေါင်းပြီး
ရွတ်ဆို မှတ်တမ်းတင်ခဲ့တာနော် သား။
မြတ်ဗုဒ္ဓရဲ့ လေးဆယ့်ငါးဝါအတွင်း
လူနတ်ဗြဟ္မာသတ္တဝါဝေနေယျတွေကို
ချေချွတ်ခဲ့တဲ့ ဗုဒ္ဓဝစနနာတွေကို
ဖြည့်စွက်ခြင်း။ ပြင်ဆင်ခြင်း။ တည်းဖျက်ခြင်း။
ဘာမှလုပ်ခဲ့တာမဟုတ်ပဲ
ယနေ့တိုင် ဆက်လက်ထိန်းသိမ်းထားတဲ့
အဆုံးအမတွေပါ။
ဒီအဆုံးအမတွေကို
လိုက်နာနေကြသူတွေပါ။
သင်္ကန်းချင်းလဲ ဝတ်ဆင်ပြီး နေရာပေးခဲ့တဲ့
တတိယသာဝက ရှင်မဟာကဿပကိုယ်တော်ရယ်။
ဝိနည်းမှာ ဧတဒဂ်ရထားတဲ့ ဥပါလိကိုယ်တော်ရယ်။
ဘုရားဟောတရားတွေကို အာဂုံဆောင်ထားတဲ့ ရှင်အာနန္ဒာတို့
ဦးဆောင်တဲ့
အာသဝေါကုန်ခမ်းပြီး
အစွဲမရှိ၊ အစွန်းမရှိတဲ့ ရဟန္တာသံဃာ
အပါးငါးရာနဲ့စုပေါင်းပြီး
ရွတ်ဆို မှတ်တမ်းတင်ခဲ့တာနော် သား။
မြတ်ဗုဒ္ဓရဲ့ လေးဆယ့်ငါးဝါအတွင်း
လူနတ်ဗြဟ္မာသတ္တဝါဝေနေယျတွေကို
ချေချွတ်ခဲ့တဲ့ ဗုဒ္ဓဝစနနာတွေကို
ဖြည့်စွက်ခြင်း။ ပြင်ဆင်ခြင်း။ တည်းဖျက်ခြင်း။
ဘာမှလုပ်ခဲ့တာမဟုတ်ပဲ
ယနေ့တိုင် ဆက်လက်ထိန်းသိမ်းထားတဲ့
အဆုံးအမတွေပါ။
ဒီအဆုံးအမတွေကို
လိုက်နာနေကြသူတွေပါ။
သားလေးကို
ဘယ်ဘာသာဝင်လဲလို့ မေးလာရင်
သားရဲရဲဝံ့ဝံ့ ဖြေနော်။
ဘယ်ဘာသာဝင်လဲလို့ မေးလာရင်
သားရဲရဲဝံ့ဝံ့ ဖြေနော်။
No comments:
Post a Comment