ကျောင်းဆိုတာ ကျောင်းနဲ့တူရမယ်။
ကျောင်းသား ကျောင်းသားနဲ့ တူရမယ်။
ဆရာ ဆရာနဲ့တူရမယ်။
(၁) ဆီဆိုင်နဲ့တူတဲ့ ကျောင်းတွေ။
ကျောင်းဆိုတာ ငွေကလွဲလို့ ကျန်တာဘာမှ စိုက်ထုတ်စရာမလို မပင်မပန်း ချွေးမထွက် ခပ်မြန်မြန် အောင်လက်မှတ်ရတဲ့ ဆီဆိုင်တွေလို မဖြစ်သင့်ဘူး။ ဆရာတွေဆိုတာလည်း ဆီဆိုင်က ဆီဖြည့်တဲ့ပန့်မန်းတွေကို လိုချင်တဲ့ဆီနဲ့ ပမာဏကိုပြောပြီး ငွေထုတ်ပေးတဲ့သူတွေကို ခပ်မြန်မြန်ဝန်ဆောင်မှု့ပေးနေတဲ့သူတွေ မဖြစ်သင့်ဘူး။
(၂) အလှပြင်ဆိုင်နဲ့တူတဲ့ ကျောင်းတွေ၊
ကျောင်းဆိုတာ ငွေလဲအကုန်အကျခံနိုင်သလို အချိန်လဲပေးပြီးတာနဲ့ ပြန်ထွက်သွားရင် လှပကျောင့်ရှင်းသွားစေတဲ့ အလှပြင်ဆိုင်လိုလဲ မဖြစ်သင့်ဘူး။ ဆရာတွေကလည်း ဗျူတီပါလာကလူတွေလို အစ၊ အဆုံးအချိန်ယူ စီစဉ်ပေးတဲ့သူတွေ မဖြစ်သင့်ဘူး။
(၃) ကာယလေ့ကျင့်ခန်းနဲ့တူတဲ့ ကျောင်းတွေ
တချို့လူတွေက ကျောင်းတွေကို ကိုယ်ကာယ လေ့ကျင့်ရေးခန်းမလို သဘောထား တက်ကြတယ်။ ဂျင်ကိုလာတယ်။ ကစားတယ်။ နည်းခံယူတယ်။ ဂျင်ကိုလာတဲ့သူ ကလည်း ဆီဆိုင်လို ငွေပေးပြီး ဖြည့်လို့မရသလို အလှပြင်ဆိုင်တွေ လိုလည်း ကျော့ကျော့လေး အလှပြင်ပြီးပြီးမသွားဘူး။ ငွေကြေးအသင့်အတင့်စိုက်ထုတ်ရသလို အချိန်တွေလည်းတော်တော်ပေးရတယ်။ ကိုယ်ကိုတိုင်လည်း အင်တိုက်အားတိုက် ကစားပေးရတယ်။ အချိန်နဲ့ အမျှ ပိုမိုခက်ခဲလာတယ်။ လေ့ကျင့်ရေးခန်းမထဲမှာ ဘယ်လောက်ပဲလုပ်ခဲ့ကစားခဲ့ အပြင်ဖက်မှာလည်း နေချင်သလိုနေ စားချင်သလိုစားနေလို့မရဘူး။ လိုက်လျောညီထွေရှိအောင်နေထိုင်ပြုမူရတယ်။ အလေ့အကျင့်ပျက်သွားလို့မရဘူး။ ဂျင်မှရှိတဲ့ ထရိန်နာတွေကလည်း ဘော်ဒီလှမှနော်။ ဆရာကိုယ်တိုင် ကစားထားမှ ဘော်ဒီလှနေမှ အဆင်ပြေတယ်။ ဆရာကိုယ်တိုင်လည်း ဝင်ဝင်ကစားပေးနေရတယ်။
No comments:
Post a Comment