အကယ်ဒမီပွဲကြီးလဲ နီးလာပြီ။
ဘယ်သူတွေ အကယ်ဒမီရမလဲပေါ့။
ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ပဲ ပြောလိုက်တော့မယ်။
ကမ္ဘာ့ရွာဖြစ်ဖို့ဆိုတာ မြန်မာမပါဘဲ မဖြစ်နိုင်ဘူးလို့ ဖတ်ခဲ့ဘူးတော့ တော်တော်လေး အားတက်သွားမိဖူးတယ်။
ဟုတ်တယ်လေ။ မြန်မာမပါဘဲ ဘယ်လိုလုပ်ပြီး ကမ္ဘာရွာဆိုတာဖြစ်နိုင်မှာလဲလို့
ဟုတ်သလိုလိုပါပဲ။
ရုပ်ရှင်တကားလဲ ကြည့်ဖူးတယ်။
အကယ်ဒမီရတဲ့ ကားတကားပါ။
ကျော်ဟိန်း အကယ်ဒမီရတဲ့ကားပေါ့။
တော်တော်ကောင်းတဲ့ကားပါ။
တရွာလုံးက အိုးစည်၊ ဗုံးမောင်းနဲ့ ထွက်လာနေတုံး။
ကိုကျော်ဟိန်းကတော့ ပွဲတောင်းနေတုံး၊ ပွဲကြမ်းနေတုံး။
တကမ္ဘာလုံးက ရှေ့ကို ချီတက်နေတုံး။
ကျော့ကျော့မော့မော့။ ညီညီညွတ်ညွတ်။
ကိုမြန်မာကတော့ ပွဲတောင်းနေတုံး၊ ပွဲကြမ်းနေတုံး။
အကယ်ဒမီပါ။
မူရင်းကားက ဘာကားလဲ။
No comments:
Post a Comment