Saturday, August 10, 2013

ခြံစည်းရိုး စိတ်ဓါတ်


ခြံစည်းရိုး စိတ်ဓါတ် ခြံစည်းရိုးများက ပြောသော ပတ်ဝန်းကျင်နှင့် အိမ်ရှင်တို့ စိတ်ထား။ ကျနော် လည်ပတ်ခဲ့တဲ့ တချို့နေရာတွေရဲ့ အိမ်တွေမှာ ခြံစည်းရိုးလုံးဝမရှိဘူး။ အခုရပ်ကွက်ထဲမှာ အိမ်ခြံကိုကျော် စည်ပင်မြောင်းကိုကျော် ခြံစည်းရိုး ခတ်နေရဲ့။ အရင်က ခြံစည်းရိုးမှာ ပန်းအလှပင်လေးတွေနဲ့ ပနာသင့်နေတဲ့ နေရာတွေမှာ အုတ်တံတိုင်း အမြင့်ကြီးတွေ၊ အဲဒီ အုတ်နံရံတွေပေါ်မှာ ပုလင်းကွဲတွေနဲ့။ အချိန်ရရင် ပန်းချီပြခန်း (သို့) ဓါတ်ပုံပြခန်းလုပ်ပြီး ခြံစည်းရိုးများက ပြောသော ပတ်ဝန်းကျင်နှင့် စိတ်ထားဆိုပြီး ပြရင်ကောင်းမယ်။ ခြံစည်းရိုးဆိုတာ အလှ၊ ခြံစည်းရိုးဆိုတာ အကာအကွယ်။ ခြံစည်းရိုးဆိုတာ စိတ်ထား.......

No comments:

Post a Comment