Friday, March 14, 2014

ကောင်းသော


(၁) ဒါန သူများဒါနပြုတယ်ကြားရင် ကိုယ်ကလည်း ဒါနပြုရမယ်..။ (၂) သီလ သူများ သီလစောင့်တယ်တဲ့ဆိုရင်... ကိုယ်လည်းသီလစောင့်ရမယ်..။ (၃) ဘာဝနာ သူများ ဘာဝနာပွားတယ်ဆိုရင်.. ကိုယ်လည်းဘာဝနာပွားရမယ်..။ (၄) အပစာယန သူများက လူကြီးသူမတွေကို ရိုရိုသေသေရှိတယ်ဆိုရင် ကိုယ်ကလည်းလူကြီးသူမတွေကို ရိုရိုသေသေလုပ်လို့  ။ (၅) ဝေယျာဝစ္စ သူများတွေ ကုသိုလ်ကိစ္စတွေ အားစိုက်လုပ်နေတယ်ကြားရင် ကိုယ်ကလည်း ကုသိုလ်ကိစ္စတွေ အားစိုက်ပြီး ပြုလုပ်ဆောင်ရွက်လို့ ..။ သူတစ်ပါးရဲ့  ကုသိုလ်ကိစ္စကိုကူညီမှ ဝေယျာဝစ္စဖြစ်တာမဟုတ်ပါဘူး..။ ကိုယ့်ရဲ့  ကုသိုလ်ကိစ္စကို ကိုယ်ကိုတိုင် စီမံဆောင်ရွက်နေတာလည်း ဝေယျာဝစ္စပါ..။ ပန်းလှူတာ ရေလှူတာဒါနပါ..။ ပန်းအိုးလေးတိုက်ချွတ်ဆေးကြောတာဝေယျာဝစ္စပေါ့.။ (၆) ပတ္တိဒါန သူများက ပြုထားတဲ့ ကုသိုလ်တွေ အမျှဝေတယ်ကြားရင် ကိုယ်လည်း ကိုယ်ပြုထားတဲ့ ကုသိုလ်တွေကို သူများတွေလည်းထပ်တူရအောင် မနမြော မတွန့် တိုဘဲ ဝေငှလို့ .။ (၇) ပတ္တာနုမောဒနာ သူများတွေ တစ်ယောက် ကုသိုလ် တစ်ယောက် ၀မ်းမြောက်ဝမ်းသာနဲ့  သာဓုခေါ်ကြရင် ကိုယ်လည်း သူများပြုတဲ့ ကုသိုလ်တွေကို သူများအမျှဝေေ၀မဝေေ၀ သာဓုခေါ်လို့  .... ကိုယ်တိုင်ပြုရသလို ၀မ်းမြောက်ဝမ်းသာဖြစ်လို့  ..။ (၈) ဓမ္မသာဝန တရားနာတာ..။ တရားစာအုပ်ဖတ်တာလည်း တရားနာတာပါပဲ..။ (၉) ဓမ္မဒေသနာ တရားဟောတာ တရားစကားပြောပေးတာ..။ သူများတွေ တရားဟောတယ်ကြားရင် ကိုယ်ကလည်းတရားဟောလို့ ....။ သူများတွေ တရားစာတွေ မျှဝေတယ်ဆိုရင် ကိုယ်ကလည်းတရားစကားတွေ မျွှဝေလို့ ပေါ့..။ (၁၀) ဒိဋ္ဌိဇုကမ္မ အယူဝါဒကိုဖြောင့်မှန်အောင်ထားတာ..။ ကံကံ၏ အကျိုးဆိုတာ မရှိဘူး..။ ရှေးဘ၀နောက်ဘ၀ဆိုတာမရှိဘူး.. ဆိုတဲ့ အယူမှားတွေ ကင်းပျောက်ပြီးတော့ ကံ ကံ၏ ကျိုးဆိုတာလည်းရှိတယ်...။ နောက်ဘ၀ဆိုတာလည်းရှိတယ်လို့  ယုံကြည်တဲ့ သဘောတရားကို ဒိဋ္ဌိဇုကမ္မကုသိုလ်လို့  ဆိုပါတယ်..။ သူများတွေက ရှေးဘ၀ နောက်ဘ၀ ယုံတယ်ဆိုရင် ကိုယ်ကလည်း ဥာဏ်နဲ သသေချာချာစဉ်းစားပြီ ယုံလို့  ...။ သူများတွေ ကံ ကံ၏ အကျိုးပေးကို ယုံတယ်ဆိုရင် ကိုယ်ကလည်းဥာဏ်နဲ့  သေချာဆင်ခြင်ပြီး ယုံလို့ ပေါ့...။ ......အရှင် ဆန္ဒာဓိက....... credit to ဓမ္မပန်းခင်း 29

No comments:

Post a Comment