ဘုရားတည်ထားပုံက၁၃ဆင့်ရှိပါတယ်။ ၁။ တံခွန်တိုင်= မာန (ရတနာ၃ပါးအား ဖူးမျှော်မန်လျော့ကန်တော့ရန်) ဖြစ်ပျက်။ ဟင်္သာဇ၀နဇာတ်။ ၂။ ပန်းတင်ခုံ=ဆုတောင်း ပတ္တနာ နိဗ္ဗာန်ရောက်ကြောင်းဆုတောင်းရန် ၃။ရှစ်မြှောင့်=မွေးခြင်းလေးမျိုး သေခြင်းလေးမျိုးနှလုံးသွင်းရန်။ ၄။ ကျည်ဝင်းငါးခု = လားရာ ဂတိ ငါးပါးမှ လွတ်အောင်ကြိုးစားရန် ၅။ ခါးစည်း =သီလ သမာဓိ ပညာ ခါးစည်းကဲ့သို့ မြဲရန်။် ၆။ ခေါင်းလောင်း = မိမိ ကုသိုလ် ကောင်းမှုကို ကုသိုလ် ငတ်မွတ်သောသတ္တဝါမျှဝေရန် ၇= ဖောင်းရစ် = ၇ရစ် ဝိသုဒ္ဓိ ၇ပါး (စင်ကြယ်ခြင်း၇ပါး)ပြည့်စုံအောင်ကြိုးစားရန် ၈။ သပိတ်မှောက်=တဏှာ မာန ဒိဌိ(အယူမှား)သံသရာနယ်ချဲ့တတ်သည့် ပဉ္စတရားငါးငါးကို သပိတ်မှောက်ဆန့်ကျင်ရန် ၉။ဘီလူးပန်းဆွဲ=၁၆ခု ဥာဏ်စဉ် ၁၆ပါး ရအောင်ကြိုးစားရန် ၁၀။ကြာမှောက် ကြာလှန် = ကြာပန်းသည်ဗုဒ္ဓ သင်္ကေတ ၁၁။ထီးတော်ဘုံ၇ဆင့်=အေးငြိမ်သည့် အရိယာသူတော်စင်တို့ ရရှိခံစားသည့်မဂ်ဖိုလ်ဥာဏ် ၁၂။ငှက်မြတ်နား=ရဟန္တာသူတော်စင်တို့ ခန္တာဝန်မချမီ တရားဟော သာသနာပြုအလုပ်ဖြင့် ခေတ္တနားခိုရာ ၁၃။စိန်ဖူးတော်= ဖြူစင်ခြင်း၊ တန်ဖိုးကြီးမားခြင်း၊ ခိုင်မာခြင်း၊ စိန်တွင် ကာဗွန် ပါဝင်မှုကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးဖြစ်သလို စိတ်အညစ်အကြေး ကိလေသာ အားလုံးကင်းစင်သည့် နိဗ္ဗာန်တရားမြတ် စင်္ကြာ။ ဇလပ်ပန်း ဆင်ဖြူတော် သန္ဓေယူ နွားလားဥသဘ ဖွားတော်မူ မြင်း။ တောထွက်ခန်ုးခြင်္သေ့။ ဗောဓိပလ္လင်။ ညောင် သဗ္ဗေညုတဥာဏ် မုဒြာ (လက်တော်ထားဟန်) အာသယ (ခြေတော်ထားဟန်) နဂါး။ ဘီလူး အစောင့် ကျော်ကြားသောပါးစပ် ဘီလူးပန်းဆွဲ။
Sunday, March 16, 2014
Symbolic Buddhism

Subscribe to:
Post Comments (Atom)
No comments:
Post a Comment