Tuesday, May 13, 2014

သဒ္ဒါနဲ့ သဒ္ဓါ

သဒ္ဒါနဲ့ သဒ္ဓါ အစုပြ နာမ် ဆိုတာ အနည်းကိန်း ဧက၀ှစ်ကိန်းလည်း မဟုတ်ဘူး။ အစုပြ နာမ် ဆိုတာ အများကိန်း ဗဟုဝှစ်ကိန်း မဟုတ်ဘူး။ အစုပြ နာမ် ဆိုတာ အစုအပေါင်းကိုသာ ရည်ညွန်းတယ်။ အစုပြ နာမ် ဆိုတာ ကိုယ်ပိုင်မဟုတ်ဘူး။ ကိုယ်ပိုင်လုပ်မယူနဲ့။ အစုပြ နာမ်ကို နာမ်စားနဲ့ သုံးနိုင်ပေမဲ့ နာမ်စားက နာမ်စားပဲ။ အစုပြကိန်း တစ်ခုလုံးတော့ မဖြစ်နိုင်ဘူး။ စိတ္တဇနာမ်ဆိုတဲ့ ခံစားချက်တွေကိုလည်း အလွန်အကြူး ရှေ့တန်းမတင်နဲ့။ အစုပြ နာမ်ဆိုတာ အစုအပေါင်းကိုသာ ဖေါ်ပြတယ်။ နားမလည်လို့ သဒ္ဒါမပျက်စေနဲ့။ သဒ္ဒါပျက်ရင် အနက်လွဲမယ်။ အနက်လွဲရင် ... အရောင်မစိုးနဲ့ သဒ္ဓါမယွင်းစေနဲ့။ သဒ္ဓါမှောက်ရင် တလွဲကြည်ညိုမယ်။ တလွဲဖြစ်ရင် .... ကိုယ့်အိမ်ကို ကိုယ့်လက်နဲ့ မဖျက်နဲ့။ ကိုယ့်ယာကို ကိုယ့်ခြေနဲ့ မနင်းနဲ့။ ကိုယ့်ဘာသာကို ကိုယ့်အတ္တကြောင့် မညှိုးနွမ်းစေနဲ့။ အနည်းကိန်းတွေ စုရမယ်။ အများကိန်းတွေ ညီရမယ်။ နာမ် စားသုံးတာတွေကို လျော့ရမယ်။ ကိုယ်ပိုင်မဟုတ်ဘူးဆိုတာ သိရမယ်။ စိတ္တဇတွေ ခံစားချက်တွေ ရှေ့တန်းမတင်ကြမှ ဖြစ်မယ်။ စည်းလုံးမှ အောင်မြင်မယ်။ သမဂ္ဂါနံ တပေါသုခေါ။ သံဃသ ဒေမ၊

No comments:

Post a Comment