Thursday, May 15, 2014
ဆုတောင်းပြည့်
Cover Photo
Change Cover
Myo Min
Update InfoView Activity Log10+
TimelineAboutPhotos1,721Friends4,659
More
Myo Min
Update Profile Picture
Myo Min
Timeline
Recent
Status
Photo / Video
Place
Life Event
Status
Photo / Video
Place
Life Event
Myo Min
2 seconds ago
ဆုတောင်းပြည့်ဘုရား။
အသိတစ်ယောက်က မေးပါတယ်။
မင်းတို့ ဘုရားပုထိုးတွေက ဆုတောင်းပြည့်တွေ တယ်များသကိုးတဲ့။
ဆုတောင်း၊ ဆုယူ၊ ဆုပန်တဲ့သူတွေလည်း မနည်းဘူးထင်တယ်တဲ့။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆိုတာတွေချည်းပဲတဲ့။
ဆုပဲထိုင်တောင်းနေကြသလားတဲ့။
မှန်ပါတယ်။
ကျနော်တို့ဆီမှာ ဆုတောင်းပြည့်စေတီတွေများပါတယ်။
ဆုတောင်း၊ ဆုယူ၊ ဆုပန်၊ ဆုကြီးပန်၊ ဆုထူးပန်တွေရှိနိုင်ပါတယ်။
ဆုပေးတဲ့သူတွေရှိသလို ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ဆိုတဲ့သူတွေရှိပါတယ်။
ဆုတောင်း၊ ဆုယူတယ်ဆိုတာ ကျနော်တို့ရဲ့ ဓလေ့တစ်ခုပါ။
တစ်ခုတော့ရှိပါတယ်။
ဗုဒ္ဓဘာသာဟာ ဆုတောင်း၊ ဆုယူရုံနဲ့ ပြီးပြည့်စုံတဲ့ ကိုးကွယ်ယုံကြည်သက်ဝင်တဲ့ ဘာသာတစ်ခုမဟုတ်ပါဘူး။
ကံနဲ့ ကံဧ။်အကျိုးကို ယုံကြည်သော ဘာသာဖြစ်ပါတယ်။
ကောင်းတာပြုရင် ကောင်းတာဖြစ်မယ်။
မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။
ကောင်းတာနဲ့ မကောင်းတာနဲ့ ပတ်သတ်လို့
မြတ်ဗုဒ္ဓ၏ကျေးဇူးဂုဏ်တော်
အကယ်၍သာ မြတ်ဗုဒ္ဓသည်၊
လူ့ရွာထင်ရှား၊ မပွင့်ငြားက၊ ဤကားကုသိုလ်
အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍ ဟောဖော်သွန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှကျေးဇူးပေ။
ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဘို့၊ မြတ်ရတနာ
သာသနာ၏၊နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း၊ ကြိုးပမ်းကြပါလေ။
(အရှင်ဇနကာဘိဝံသ)
ဆုတောင်းတာဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းပါ။
ဆုတောင်း၊ ဆုယူရုံနဲ့ မပြည့်စုံတဲ့ အကြောင်းကို မြတ်စွာဘုရားကိုယ်တော်တိုင် စံနမူနာပြတော်မူခဲ့ပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်မှာ သုမေဓါရှင်ရသေ့ဘ၀နဲ့ ဗျာဒိတ်ခံယူပါတယ်။
ဒီမြင်ကွင်းက ကြည်နူးဖို့အရမ်းကောင်းပါတယ်။
တစ်ပါးက လောကမှာ အတုမရှိ၊ အတူမရှိ သုံးလောက ထွဋ်ထားမြတ်စွာဘုရား (ဒီပင်္ကရာ)နဲ့ ဘဒ္ဒကမ္ဘာမှာပွင့်တော်မူမဲ့ ဂေါတမဗုဒ္ဓ အလောင်းအလျာ (သုမေဓါရှင်ရသေ့)။
တစ်ပါးက ဆုထူးပန်တယ်။ တစ်ဆူက ဗျာဒိတ်ပေးတယ်။
အကယ်ရွေ့သာ ဆုတောင်းရုံ၊ ဆုပန်ရုံနဲ့သာ ပြီးပြတ်တဲ့ အယူဝါဒဆို ဒီနေရာက ...
ဆုတောင်းရုံနဲ့မပြီးပါ။
ဆုပန်ရုံနဲ့မပြီးပါ။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်တိုင် မဆုတ်မနစ် ပါရမီဖြည့်စီးခဲ့ပါတယ်။
ဗျာဒိတ်ခံယူပြီးပြီးချင်း ဘုရားအဖြစ်ရောက်ဖို့ ဘာလုပ်ရမလဲ စဉ်းစားတဲ့အခါမှာ ကျင့်ကြံနေထိုင်ရမယ်ဆိုတာကို သိလာပါတယ်။ ဆောင်ရွက်တဲ့အရာတွေကတော့
ပါရမီဆယ်ပါး အပြားသုံးဆယ်ပါ။
၁။ ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။
၂။ သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။
၃။ နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။
၎။ ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။
၅။ ၀ီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။
၆။ ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။
၇။ သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍ ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။
၈။ အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။
၉။ မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း။
၁၀။ ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း။
(၁) မူလ(ရိုးရိုး) ပါရမီ ၁၀ ပါး
ကိုယ်ခန္ခာမှအပဖြစ်သော အရာများအတွက် မငဲ့ကွက်မှု။ (ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊သားမယားပါမကျန်ဖြည့်ခြင်း)
(၂) ဥပ ပါရမီ ၁၀ ပါး
ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မငဲ့ကွက်မှု။ (စည်းစိမ်+ဇနီး ၊သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်းပါဝင်ဖြည့်ခြင်း)
(၃) ပရမတ္ထ ပါရမီ ၁၀ ပါး
ကိုယ်အသက်ကိုပင် မငဲ့ကွက်မှု။ (အသက်ကိုပါမကျန်ဖြည့်ခြင်း)
မိမိကောင်းမူ့အကြောင်းပြု တောင်းဆုပြည့်ခဲ့ပါသည်။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီဖြည့်စည်းခဲ့ပါတယ်။
သုမေဓါရှင်ရသေ့သည် မိမိကောင်းမူ့အကြောင်းပြု တောင်းဆုပြည့်ခဲ့ပါတယ်။
သာမန်လူတို့ မဆောင်ရွက်နိုင်သော စွန့်ခြင်းများဖြင့် ပါရမီဖြည့်စည်းခဲ့ကာ လူ သတ္တ၀ါများအကျိုးအတွက် ရွက်ဆောင်သွားခဲ့ပါသည်။
ဆုတောင်း၊ ဆုယူရာတွင် လောကီအကျိုးစီးပွားအတွက်သာမကာ လောကုတ္တရာအကျိုးစီးပွားအတွက်ပါ ဆုတောင်းလေ့ရှိပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ဧ။် ပန်းတိုင်သည် ငြိမ်းအေးသော နိဗ္ဗာန်ဖြစ်ပါသည်။
အခြား စံနမူနာတစ်ခုအနေနဲ့ အဂ္ဂသာဝကနှစ်ပါးရွေးချယ်တာဖြစ်ပါတယ်။
အစောဆုံးရဟန်းဝတ်သော အရှင်ကွန်းတင်ညကိုလည်းမရွေးခဲ့ပါ။
ဘဒ္ဒ၀ဂီညီနောင်သုံးကျိပ်ကိုလည်းမရွေးတင်ခဲ့ပါ။
အရင်ဘ၀ ဆုပန်ခဲ့ကြသော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမေဂ္ဂလာန်ကိုယ်တော်နှစ်ပါးကိုသာ ဆုတောင်းအတိုင်း ရွေးချယ်ခဲ့ပါတယ်။
ဆုတောင်းရုံနဲ့ ပြီးသလားဆိုတော့
အဒ်ဝဒ်အာနိုး အာရှတိုက်ရဲ့ အလင်းရောင် ကဗျာစာအုပ်လေးကို ဖတ်ရင် သိနိုင်ပါတယ်။
တောင်းဆုပြည့်အောင် ကြိုးစားအားထုတ်ဖို့လိုပါတယ်။
လောကီအလိုအရ ဆုတောင်း၊ ဆုယူခြင်းစကားသည် လူတစ်ဦး၊ တစ်ယောက်အတွက် ဘ၀ပန်းတိုင်ချမှတ်ခြင်းဖြစ်သလို လုပ်ငန်းတစ်ခု၊ လုပ်ငန်းစုတစ်ခုအတွက် လုပ်ငန်းအတွက် ရေရှည်ရည်မှန်းချက်များ ချမှတ်ခြင်းနှင့် တူသည်။ ပန်းတိုင်မရှိသောလူသည် အောင်မြင်ဖို့ရာ ခဲယဉ်းသည်။ လုပ်ငန်းအတွက် ရည်မှန်းချက်များက ပဲ့ကိုင်ဦးဆောင်ပေးနိုင်သည်။
ပန်းတိုင်သည် အောင်မြင်ခြင်း အစဖြစ်ပါသည်။
မှန်ပါတယ်။
ကျနော်တို့ဆီမှာ ဆုတောင်းပြည့်စေတီတွေများပါတယ်။
ဆုတောင်း၊ ဆုယူ၊ ဆုပန်၊ ဆုကြီးပန်၊ ဆုထူးပန်တွေရှိနိုင်ပါတယ်။
ဆုပေးတဲ့သူတွေရှိသလို ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ဆိုတဲ့သူတွေရှိပါတယ်။
ဆုတောင်း၊ ဆုယူတယ်ဆိုတာ ကျနော်တို့ရဲ့ ဓလေ့တစ်ခုပါ။
သုံးလောက ထွဋ်ထားမြတ်ဘုရားတောင် ပါရမီဖြည့်ရပါတယ်။
မိမိကောင်းမှု့ အကြောင်းပြု တောင်းဆုပြည့်ပါစေ။
ပေးတဲ့ဆုနဲ့ ပြည့်အောင် ကြိုးစားဆောင်ရွက်ပါမည်။
ဟုတ်ပါပြီ။
ဆုတောင်းရုံနဲ့ ပြီးသလားဆိုတော့
အဒ်ဝဒ်အာနိုး အာရှတိုက်ရဲ့ အလင်းရောင် ကဗျာစာအုပ်လေးကို ဖတ်ရင် သိနိုင်ပါတယ်။
ဘုရားကိုယ်တိုင် စံနမူနာပြ ကျင့်ကြံသွားခဲ့ပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားရှေ့တော်မှောက်မှာ သုမေဓါရှင်ရသေ့ (ဂေါတမမြတ်စွာဘုရား)ဟာ ဗျာဒိတ်ခံခဲ့ပါတယ်။
တစ်ပါးက သုံးလောကထွတ်ထားမြတ်စွာဘုရား...
နောက်တစ်ပါးက ဘုရားလောင်း...
ကဲ ပွဲသိမ်းပဲ။
ဒီပင်္ကရာမြတ်စွာဘုရားက ဗျာဒိတ်ပေးတယ်။
သုမေဓါရှင်ရသေ့က ဗျာဒိတ်ခံတယ်။
ဒီအတောအတွင်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်။
ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ်။
ဆုတောင်းရုံနဲ့ မပြီးသေးဘူးဆိုတာပါ။
ပါရမီဆိုတာ
ပါရမီဆယ်ပါး အပြားသုံးဆယ်...
ဟုတ်ပြီ။
ဆုတောင်းတယ်ဆိုတာ။
အဓိဠာန်တယ်ဆိုတာ အစပါ။
အစပါ။
စီးပွားရေး စကားနဲ့ ပြောရရင် ရည်ရွယ်ချက်ချတယ်ပေါ့။
ဆိုင်းဘုတ်ထောင်ရုံနဲ့ ဆောင်ပုဒ်ရှိရုံနဲ့ မပြီးသေးပါဘူး။
အကောင်အထည်ဖေါ်ရမယ်လေ။
..
-ဘာ ဆု တွေတောင်းကြမလဲ
-လောကီချမ်းသာ လောကုတ္တရာချမ်းသာ နိဗ္ဗာန်ကို မျက်မှောက်ပြု
-အနေကဇာတိ သံသာရာ
-ဝတ်ပြုဆုတောင်းတွေ အဆုံးစွန်သောဘဝ
-သံသာရ ဝတ္တ ဒုက္ခတော မောစနထာရ
-ပတိရူပဒေသဝါသောစ
-ပတ်ဝန်းကျင်ရဲ့ သားကောင်
-Inspire your environment
-ဦးရာလူစနစ်
-လက်ဝဲရံ လက်ယာရံ
-ပုဂံခေတ်
-ယနေ့ခေတ်
-အဓိဌာန် ပန်းတိုင် ရည်ရွယ်ချက်ကြီးမား
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
သုမေဓါရှင်ရသေ့ ဗျာဒိတ်ရ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း။
ပါရမီဖြည့်။
ဒါနပါရမီ။
သီလပါရမီ။
-Make a commitment - into lasting habits
-လေထိုးရင် လေလျော်မယ်
-ဆိုင်းဘုတ်ရှိရုံနဲ့ မပြီးသေးပါ
The secret to success
-Confidence
-Vision
-Method
-Training
-ဒါန သီလ ဘာဝနာ
-စွန့်ကြဲပေးကမ်း လှူဒါန်း
-လှူတာဟာ ယူဖို့မဟုတ်ပါ
-ညောင်ပင်ကြီးလောက်ရချင်တာ လူပြိန်း
-လယ်ယာမြေကောင်းသဖွယ်ဖြစ်သော
-အလှူခံ လှူဖွယ်ပစ်စည်း အလှူဒါယကာ
-ဘယ်သူ့ကို လေးစားရိုသေရမှာလဲ
-အသက်ကြီးသူလား ရာထူးရှိသူလား
-အကျင့်သီလနဲ့ပြည့်စုံသူ
-သိက္ခာပုဒ်- ငါးပါးသီလ
-မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား
-ပတိရတ္တ ပတိပ ကျင့်ကြံ
-ဂရုမစိုက်ပဲ ပေါ်ပေါ်နေတာ
-ဂရုတစိုက်
-ကုသိုလ် ဖြစ်ပြီ ဖြစ်နေသော ဖြစ်လတ်တံ
-လိုရာဆန္ဒပြည့်ဝကြပါစေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment