Thursday, May 15, 2014

မြန်မာစီးပွားရေး အစီအစဉ်ပြိုင်ပွဲ

၂၀၁၀ မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ မြန်မာစီးပွားရေး အစီအစဉ်ပြိုင်ပွဲ (MBPC 2010) ပါ။ ၂၀၁၃ မှာ တော့ လူမှု့အကျိုးပြု စီးပွားရေးပြိုင်ပွဲ (MSEC 2013) ကို ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်ကတော့ အတွေးအခေါ်ပြိုင်ပွဲပါ။ (IDEA 2014) ပါ။ စီးပွားရေးပဲ လုပ်လုပ်၊ လူမှုရေးပဲ လုပ်လုပ် အတွေးအခေါ်ကောင်းမှ ဖြစ်မှာပါ။ ယှဉ်ပြိုင်မှု့ ပြင်းထန်လေလေ အစီအစဉ်တကျလုပ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ အစီအစဉ်ကျနတာချင်းတူးရင် အတွေးအခေါ်ကောင်းတဲ့သူက သာသွားမှာဖြစ်ပါတယ်။ လူငယ်လူရွယ်တွေအတွက် အခုလို ကျင်းပပေးနိုင်အောင် ကူညီခဲ့တဲ့သူတွေကို အထူးကျေးဇူးတင်ပါတယ်။ ကမ္ဘောဇဘဏ်၊ ဗြိတိသျှကောင်စီ၊ အမေရိကန်သံရုံး၊ ဂျီအက်(စ)ဗွီစီ၊ ဆိုလို၊ အထူးသဖြင့် စက်မှု့ ဒီတနှစ်တော့ အစီအစဉ်လေးတွေကို တိုးချဲ့ထားပါတယ်။ အတွေးအခေါ်တွေကို အရင် ပစ်(ချ) (လိုတိုရှင်းပြော) စလုပ်မယ်။ သုံးမိနစ်အတွင်း မိမိရဲ့ စိတ်ကူးကို လက်ခံလာအောင် ပြောပြရမယ်။ ခေါင်းစဉ်နှစ်ခုထဲက တစ်ခု ၀င်ပြိုင်လို့ရပါတယ်။ စီးပွားရေးပဲ ဖြစ်ဖြစ်၊ လူမှု့အကျိုးပြုလုပ်ငန်းတွေပဲဖြစ်ဖြစ်။ ရွေးချယ်ခံရသူတွေကို သင်တန်းဆက်ပေးမှာဖြစ်ပါတယ်။ ပြီးတော့ စကာတင် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လူငယ်တွေဟာ အနာဂါတ်ရဲ့ ခေါင်းဆောင်တွေပါ။ အနာဂါတ်ဆိုတာကြာပါတယ်။ အခုပဲ လက်တွေ့ပြနိုင်ပါပြီလို့ ဖိတ်ခေါ်အပ်ပါတယ်။ Think Big, Act Big, Be Big.

No comments:

Post a Comment