Thursday, August 28, 2014

Today we mark

We plant today, we sell T-shirt today, we share today, we enjoy the performance today, we eat today, we donate today. We Mark Today. We will remember her..everyday. ငါတို့တတွေ သစ်ပင်တွေ စိုက်ခဲ့ကြတယ်။ တီရှပ်တွေ ရောင်းခဲ့ကြတယ်။ အတွေ့အကြုံတွေ အသိမြင်တွေ ဖလှယ်ခဲ့ကြတယ်။ ဆရာ ဆရာမတွေကို ကန့်တော့ခဲ့ကြတယ်။ ညီ ညီမတွေရဲ့ သရုပ်ပြ၊ အက၊ အလှ။ အတီး၊ အသော၊ ပြဇာတ်တွေကိုလည်း အားပေးခဲ့ကြ။ ဆုချီးမြှင့်ခဲ့ကြတယ်။ ဌာနအတွက်လည်း အမှတ်တရ လက်ဆောင်တွေရယ်၊ ပဒေသာပင်တွေလည်း စိုက်ခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုလည်း ဓါတ်ပုံတွေ အရမ်းရိုက်ခဲ့မိတယ်။ မှတ်မှတ်ရရ နှစ်နှစ်ဆယ်ပြည့် အခါသမယ။

Thursday, August 14, 2014

Teaching

၁။ ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်း။ ၂။ အစုဖွဲ့။ နာမည်ပေး။ မိတ်ဆက်။ ၃။ ကေ့(စ)ရှင်း။ မော်တီဘေးရှင်း။ ဘာတွေဖြစ်နေလဲ။ ၄။ စာရွက်ဝေ။ မေးခွန်းတွေဖြေခိုင်းမယ်။ အဲဒီမှာ အစုအဖွဲ့အကြောင်းပြောမယ်။ အရေးကြီးတဲ့ ခေါင်းစဉ်တွေ တစ်ခုချင်းစီရှင်းကြမယ်။ ခေါင်းစဉ်ငါးခု။ အဖြေတွေရှာခိုင်းမယ်။ ၅။ ပြတိုက်လုပ်မယ်။ လိုက်ကြည့်ခိုင်းမယ်။ ၆။ တစ်ယောက်ချင်းစီ ရှင်းပြခိုင်းမယ်။

Wednesday, August 13, 2014

မြို့ပြဆိုတဲ့

ခရီးသွားရမယ်။ Jungle .... မြို့ပြဆိုတဲ့ တောအုပ်ကြီးထဲ။ တိုးဝင်ရမယ်။ သားကောင်တွေနဲ့ တွေ့ချင်တွေ့မယ်။ မုဆိုးတွေနဲ့လဲ တွေ့ချင်တွေ့မယ်။ လူဆိုးတွေနဲ့ လူကောင်းတွေနဲ့ မျက်နှာဖုံးတွေနဲ့ ခြင်္သေ့တွေနဲ့ တွေ့ချင်တွေမယ်။ ကျားတွေနဲ့လဲ မမျှော်လင့်တာတွေ ဖြစ်ချင်ဖြစ်မယ်။ ရင်ဆိုင်နိုင်ဖို့ အားအင်တွေ မွေးကြရမယ်။ ကြီးသူစားမယ်။ လည်သူစားမယ်။ မြင်သူစားမယ်။ မြို့ပြဆိုတဲ့ တောအုပ်ကြီးထယ်ဝဲ။ မျက်စိသူငယ် နားသူငယ်။ လျင်သူတွေသာ နေရာရကြတယ်။ ပြိုင်နိုင်သူသာ အဆင်ပြေကြရတယ်။ တကယ်တော့ မြို့ပြဆိုတဲ့ တောအုပ်ကြီးထဲဝယ်။ လောကရဲ့ ခရီးသွားများ။ စီးပွားရေး ခရီးသွားများ။ လူမှု့ရေး ခရီးသွားများ။ နိုင်ငံရေး ခရီးသွားများ။ ထုပ်ပိုးကြတယ်။ ပြင်ဆင်ကြတယ်။ သွားနေကြတယ်။ အစားခံရတယ်။ ဖမ်းစားသွားတယ်။ နင်းကျော်သွားတယ်။ ခလုတ်တိုက်သွားကြမယ်။ ချောက်ကျသွားကြတယ်။ တွန်းတိုက်သွားတယ်။ ခွကျော်သွားတယ်။ မြို့ပြဆိုတဲ့ တောအုပ်ကြီးထဲဝယ်။ ခရီးသွားများဟာ ခရီးသွားကြရတယ်။ မြိုပြဆိုတဲ့ တောအုပ်ကြီးထဲဝယ်။

Sunday, August 10, 2014

မော်ဒယ်

Be the Role Model of yourself We have a lot of Role Models in our lives. They shape us and they guide us. We work and live as if we were the Role Model, we love. How many Role Models do you have? It should not be too much and it should not be too few. In Professional, and in personal, we prefer to select the later one, instead of former one. The result is you all see, who were are and the one regarded by others.

Saturday, August 9, 2014

ခံစားရုံသတ်သတ်

ဘာသာတရားဆိုတာ အနုပညာ (၀ိဇ္ဖာလား)၊ သိပ္ဗံလား။ ခံစားရုံသက်သက်၊ ယုံကြည်ရုံသက်သက် လေ့လာစူးစမ်းဝေဖန်ခွင့်မရှိရင် အနုပညာ။ ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်အားထုတ် လေ့လာစူးစမ်းဝေဖန်နိုင်ရင် သိပ္ဗံ။ ထေရ၀ါဒ ဗုဒ္ဓဘာသာသည် အနုပညာဟု ထင်စရာရှိသော်လည်း မည်သူမဆို ကိုယ်တိုင်ကိုကျ လေ့လာဝေဖန် ဆန်းစစ်ရင် ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဧဟိပသိက လာပါ လေ့လာပါဟု လူမျိုးမရွေး။ အတန်းအစားမရွေး။ ကျား၊ မမရွေး။ တိုက်တွန်းထားပါသည်။ ထေရ၀ါဒ ၀ိဘဇ္ဇ ၀ါဒဖြစ်ပါသည်။ ကံ ကံ၏ အကျိုးကို ယုံကြည်။ အကြောင်းကြောင့် အကျိုးဖြစ်။ ဧဟိပသိက ကာလမသုတ် ကျင့်ကြံ (ပတိယတ်၊ ပတိပတ်။ ပတိဝေဒ) အိုင်စတိုင်း။ သစ္စာလေးပါ။ ပတိတ်စ သမုဒ်ပဒ်

ရတယ်။

ပြသနာတစ်ခုအတွက် အဖြေရှိစရာမလိုဘူး ဆင်ခြေရှိရင် ရတယ်။ ဘာ ကားတွေ ပိတ်နေတယ်။ လမ်းတွေ ပိတ်နေတယ်။ ဟုတ်လား။ ယာဉ်ထိန်းရဲ ရှိဖို့မလိုဘူး။ ဂုံးကျော်တံ တားဆောက်ဖို့ပဲ လိုတယ်။ ငွေရှိဖို့ မလိုဘူး။ ဘတ်ဂျတ်ရှိဖို့ လိုတယ်။ ကြွေးတင်ရင် ရှင်ဘုရင်မဟုတ်ဘူး ပြည်သူတွေရဲ့ ချွေးနဲ့ သံယံဇာတတွေ ရောင်းပြီးဆပ်မယ်။ ကျောင်းရှိလို့လဲ ပိတ်တယ်။ ဈေးရှိလို့လဲ ပိတ်တယ်။ ဆေးရုံရှေ့မို့ ပိတ်တယ်။ ကားဂိတ်ကြောင့် ပိတ်တယ်။ လူတွေ စည်းကမ်းမဲ့လို့ ပိတ်တယ်။ စည်းကမ်းမဲ့ ဈေးသည်တွေရှိလို့ ပိတ်တယ်။ ယာဉ်ထိန်း အင်အားနဲလို့ ပိတ်တယ်။ စည်းကမ်းမဲ့ မောင်းနှင်မှု့ကြောင့် ပိတ်တယ်။ ယာဉ်ထိန်းတွေ ကားထွက်ရှင်းဖို့ မလိုဘူး။ မီးပွိုင့်နံပါတ် ပေါ်ရင်ရပြီ။ ခလုတ်နှိပ် တက်ရင်ရပြီ။ လမ်းကြောင်းရှင်းရင် ရပြီ။ ယာဉ်ကြောရှင်းဖို့ မလိုဘူး။ ကော်မတီဖွဲ့ထားရင် ရပြီ။ ပြည်သူတွေ စည်းကမ်းသိဖို့ မလိုဘူး။ စည်းကမ်း ရှိဖို့မလိုဘူး။ ငွေရှိဖို့ပဲ လိုတယ်။ ဒဏ်ကြေးဆောင် ဖို့ပဲလိုတယ်။ လိုင်းကြေးပေး ဖို့ပဲလိုတယ်။ ခရီးသွားတွေ အစဉ်ပြေဖို့ မလိုဘူး။ လမ်းကြောင်းရှင်းပြီး ငါတို့ ငွေရွှင်နေရင် ရပြီ။ မီးပွိုင့်အနီး ကားမှတ်တိုင် ထားလဲရတယ်။ မျဉ်းကျားက လူမကူးလဲ ရတယ်။ လမ်းပြောင်းပြန် မောင်းလဲရတယ်။ ယာဉ်စည်းကမ်းမဲ့လဲရတယ်။ လိုင်းနံပါတ်တွေ စုံပြီး ရှုတ်ရှတ်ခတ်နေလဲ ရတယ်။ လမ်းပိတ် ကားပိတ် မြောင်းပိတ် လမ်းပေါ်အချိန်ကုန်ပြီး လူတွေ စိတ်တွေ ဒေါသထွက်နေ။ စိတ်တိုနေလည်းရတယ်။ သူတို့တတွေ အိမ်ပြန်နောက်ကြလည်း ရတယ်။ ဆီတွေကုန် အချိန်တွေကုန် လူပင်ပန်း ငွေတွေကုန်လည်း ရတယ်။ ရာခိုင်နှူန်းနဲ့ပြမယ်။ ယာဉ်ကျော ကျပ်တဲ့ ကိစ္စ ရာခိုင်နှူန်းနဲ့ပြမယ်။ လမ်းပိတ်နေတဲ့ ပြသနာ နေ့တိုင်းဖြစ်လဲ ရတယ်။ လတိုင်းဖြစ်လဲ ရတယ်။ ပြသနာတွေ လတွေ နှစ်ပြောင်း ခေတ်ဟောင်းသွားတဲ့ အထိရတယ်။ ငါတို့ မပြောင်းရင် ရပြီ။ ပြသနာတစ်ခုအတွက် အဖြေရှိစရာမလိုဘူး ဆင်ခြေရှိရင် ရတယ်။

Wednesday, August 6, 2014

Su Tu Pyu

ပြိုင်ဆိုင်မှု့တွေက စီးပွားရေး လောကမှာရော ပညာရေး လောကမှာရော အနုပညာ လောကမှာရော နေရာအနှံ့ တွင်တွင်ကျယ်ကျယ် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖေါက်ဝင်ရောက်လာနေပါပြီ။ ပြိုင်ဆိုင်မှု့ဒဏ်ကို ဘယ်နှစ်ရာခိုင်နှူန်းလောက် ခံစားနေရပြီလဲ။ ပြိုင်ဖက်တွေများ လာလေလေ သာ ရင် သာ မသာရင် မသာဖြစ်ကြရတော့မှာပါ။ ပြိုင်ဖက်တွေဆီက လေ့လာသင်ယူကြရမှာပါ။ ပြိုင်ဆိုင်မှု့က ပိုမိုကောင်းမွန်သောနေရာကို တွန်းပို့နိုင်သလို နေရာလည်း ပျောက်သွားနိုင်ပါတယ်။ ပြိုင်ဆိုင်မှု့က ပြောင်းလဲမှု့ကို ဦးတည်စေမှာပါ။ ပြောင်းလဲမှု့ကတော့ အောင်မြင်မှု့ (သို့) ကျရှုံးမှု့ကို ရောက်စေမှာပါ။ ဖျက် ညှပ် ကပ် ဘ၀တွေ နေရာပျောက်ကြတော့မှာပါ။ စု တု ပြုတွေဖြစ်ဖို့ ကြိုးစားရမှာပါ။ အစစ်တွေ နေရာရကြတော့မှာပါ။ ပြိုင်ဆိုင်မှု့ကို လက်မခံခြင်းလဲ ပြင်ဆင် ရင်ဆိုင်ကြရတော့မှာပါ။ ဒါကြောင့် ရေရှည်တည်တံနိုင်ရေးအတွက် ပြိုင်ဆိုင်ပြောင်းလဲမှု့ကို ကြိုက် ကြိုက် မကြိုက် ကြိုက် ကြိုက်ကြိုက် ကြိုက်ကြိုက်လည်း ကြိုက်ရမှာပါ။ ကိုယ်ပိုင်ဟန်နဲ့ စု တု ပြု။ Ko Myo Min PS Business School Lei Lei Win Than Seinn Witt Yee Win Thu Mya Myo Chel Aung Kyawoo Aung Soe Aung Pyae Pearl Thwe Cho Zin Ye Soe Win Lwin Kyawt Kyawt San Nilar Ko Ko Angel Lay Thet ThetKo Yu Lwin Yu Ki Alvin Rayz

စကားလုံးများ

အသေးစား၊ အလတ်စားလုပ်ငန်းများ။ အငယ်စားစီးပွားရေးလုပ်ငန်းများ။ - What is QCF? - Level of QCF - After the Diploma Certificate Diploma Higher Diploma Advanced Diploma Graduate Diploma Bachelor Post-Graduate Diploma Master Research Ph.D 969 အမျိုးသားရေး မျိုးချစ်

Saturday, August 2, 2014

ယာဉ်

လမ်းတွေ ပိတ်နေတယ်။ ကားတွေ ပိတ်နေတယ်။ မြောင်းတွေ ပိတ်နေတယ်။ ညတိုင်း ပြန်တိုင်း ကားပိတ်တယ်။ တစ်ရက်မဟုတ်ဘူး။ တစ်ညမဟုတ်ဘူး။ တစ်ပတ်မဟုတ်ဘူး။ သူ့ထက် ငါ အလုအယက်မောင်းနေကြတယ်။ စည်းကမ်းဆိုတာလဲ မရှိတော့ဘူး။ စာနာမှု့ဆိုတာလဲ မရှိတော့ဘူး။ အသိစိတ်တွေလည်း မရှိတော့ဘူး။ တစ်ညက ကားလမ်းတွေ ပိတ်နေလို့ Traffic Report လုပ်ဖို့ FM ကို ဖုန်းဆက်ဖို့ စဉ်းစားသေးတယ်။ ကြိုးစားလိုက်သေးတယ်။ ပီးမှ စဉ်းစားမိတယ်။ ဒါက အမှန်ဆို ယာဉ်ထိန်းရဲစီ တန်းဆက်ရမှာလေ။ ဘာဖြစ်လို့ FM စီ ရောက်ရောက် နေရတာလဲပေါ့။ ပိတ်နေတဲ့နေရာကို ပြည်သူတွေနဲ့ ကားသမားတွေစီရောက်အောင်ပို့ပေးမဲ့ အစား ယာဉ်ကျောရှင်းပေးရမှာ မဟုတ်ဘူးလား။ မီးပွိုင့်ရှိနေရင် ယာဉ်ထိန်းရဲ လိုသေးလို့လား။ သူတို့က ခလုပ်ပဲ နှိပ်ထားပြီး၊ နံပါတ်ပေးထားတာပဲ တွေ့တွေ့နေရတယ်။ လူကြီးလမ်းကြောင်းပေါ်မှပဲ အလုပ်လုပ်တာတွေ့တွေ့နေရတယ်။