Wednesday, August 13, 2014
မြို့ပြဆိုတဲ့
ခရီးသွားရမယ်။
Jungle ....
မြို့ပြဆိုတဲ့
တောအုပ်ကြီးထဲ။
တိုးဝင်ရမယ်။
သားကောင်တွေနဲ့
တွေ့ချင်တွေ့မယ်။
မုဆိုးတွေနဲ့လဲ
တွေ့ချင်တွေ့မယ်။
လူဆိုးတွေနဲ့
လူကောင်းတွေနဲ့
မျက်နှာဖုံးတွေနဲ့
ခြင်္သေ့တွေနဲ့
တွေ့ချင်တွေမယ်။
ကျားတွေနဲ့လဲ
မမျှော်လင့်တာတွေ
ဖြစ်ချင်ဖြစ်မယ်။
ရင်ဆိုင်နိုင်ဖို့
အားအင်တွေ
မွေးကြရမယ်။
ကြီးသူစားမယ်။
လည်သူစားမယ်။
မြင်သူစားမယ်။
မြို့ပြဆိုတဲ့
တောအုပ်ကြီးထယ်ဝဲ။
မျက်စိသူငယ်
နားသူငယ်။
လျင်သူတွေသာ
နေရာရကြတယ်။
ပြိုင်နိုင်သူသာ
အဆင်ပြေကြရတယ်။
တကယ်တော့
မြို့ပြဆိုတဲ့
တောအုပ်ကြီးထဲဝယ်။
လောကရဲ့
ခရီးသွားများ။
စီးပွားရေး
ခရီးသွားများ။
လူမှု့ရေး
ခရီးသွားများ။
နိုင်ငံရေး
ခရီးသွားများ။
ထုပ်ပိုးကြတယ်။
ပြင်ဆင်ကြတယ်။
သွားနေကြတယ်။
အစားခံရတယ်။
ဖမ်းစားသွားတယ်။
နင်းကျော်သွားတယ်။
ခလုတ်တိုက်သွားကြမယ်။
ချောက်ကျသွားကြတယ်။
တွန်းတိုက်သွားတယ်။
ခွကျော်သွားတယ်။
မြို့ပြဆိုတဲ့
တောအုပ်ကြီးထဲဝယ်။
ခရီးသွားများဟာ
ခရီးသွားကြရတယ်။
မြိုပြဆိုတဲ့
တောအုပ်ကြီးထဲဝယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment