Saturday, August 2, 2014

ယာဉ်

လမ်းတွေ ပိတ်နေတယ်။ ကားတွေ ပိတ်နေတယ်။ မြောင်းတွေ ပိတ်နေတယ်။ ညတိုင်း ပြန်တိုင်း ကားပိတ်တယ်။ တစ်ရက်မဟုတ်ဘူး။ တစ်ညမဟုတ်ဘူး။ တစ်ပတ်မဟုတ်ဘူး။ သူ့ထက် ငါ အလုအယက်မောင်းနေကြတယ်။ စည်းကမ်းဆိုတာလဲ မရှိတော့ဘူး။ စာနာမှု့ဆိုတာလဲ မရှိတော့ဘူး။ အသိစိတ်တွေလည်း မရှိတော့ဘူး။ တစ်ညက ကားလမ်းတွေ ပိတ်နေလို့ Traffic Report လုပ်ဖို့ FM ကို ဖုန်းဆက်ဖို့ စဉ်းစားသေးတယ်။ ကြိုးစားလိုက်သေးတယ်။ ပီးမှ စဉ်းစားမိတယ်။ ဒါက အမှန်ဆို ယာဉ်ထိန်းရဲစီ တန်းဆက်ရမှာလေ။ ဘာဖြစ်လို့ FM စီ ရောက်ရောက် နေရတာလဲပေါ့။ ပိတ်နေတဲ့နေရာကို ပြည်သူတွေနဲ့ ကားသမားတွေစီရောက်အောင်ပို့ပေးမဲ့ အစား ယာဉ်ကျောရှင်းပေးရမှာ မဟုတ်ဘူးလား။ မီးပွိုင့်ရှိနေရင် ယာဉ်ထိန်းရဲ လိုသေးလို့လား။ သူတို့က ခလုပ်ပဲ နှိပ်ထားပြီး၊ နံပါတ်ပေးထားတာပဲ တွေ့တွေ့နေရတယ်။ လူကြီးလမ်းကြောင်းပေါ်မှပဲ အလုပ်လုပ်တာတွေ့တွေ့နေရတယ်။

No comments:

Post a Comment