Saturday, August 9, 2014

ရတယ်။

ပြသနာတစ်ခုအတွက် အဖြေရှိစရာမလိုဘူး ဆင်ခြေရှိရင် ရတယ်။ ဘာ ကားတွေ ပိတ်နေတယ်။ လမ်းတွေ ပိတ်နေတယ်။ ဟုတ်လား။ ယာဉ်ထိန်းရဲ ရှိဖို့မလိုဘူး။ ဂုံးကျော်တံ တားဆောက်ဖို့ပဲ လိုတယ်။ ငွေရှိဖို့ မလိုဘူး။ ဘတ်ဂျတ်ရှိဖို့ လိုတယ်။ ကြွေးတင်ရင် ရှင်ဘုရင်မဟုတ်ဘူး ပြည်သူတွေရဲ့ ချွေးနဲ့ သံယံဇာတတွေ ရောင်းပြီးဆပ်မယ်။ ကျောင်းရှိလို့လဲ ပိတ်တယ်။ ဈေးရှိလို့လဲ ပိတ်တယ်။ ဆေးရုံရှေ့မို့ ပိတ်တယ်။ ကားဂိတ်ကြောင့် ပိတ်တယ်။ လူတွေ စည်းကမ်းမဲ့လို့ ပိတ်တယ်။ စည်းကမ်းမဲ့ ဈေးသည်တွေရှိလို့ ပိတ်တယ်။ ယာဉ်ထိန်း အင်အားနဲလို့ ပိတ်တယ်။ စည်းကမ်းမဲ့ မောင်းနှင်မှု့ကြောင့် ပိတ်တယ်။ ယာဉ်ထိန်းတွေ ကားထွက်ရှင်းဖို့ မလိုဘူး။ မီးပွိုင့်နံပါတ် ပေါ်ရင်ရပြီ။ ခလုတ်နှိပ် တက်ရင်ရပြီ။ လမ်းကြောင်းရှင်းရင် ရပြီ။ ယာဉ်ကြောရှင်းဖို့ မလိုဘူး။ ကော်မတီဖွဲ့ထားရင် ရပြီ။ ပြည်သူတွေ စည်းကမ်းသိဖို့ မလိုဘူး။ စည်းကမ်း ရှိဖို့မလိုဘူး။ ငွေရှိဖို့ပဲ လိုတယ်။ ဒဏ်ကြေးဆောင် ဖို့ပဲလိုတယ်။ လိုင်းကြေးပေး ဖို့ပဲလိုတယ်။ ခရီးသွားတွေ အစဉ်ပြေဖို့ မလိုဘူး။ လမ်းကြောင်းရှင်းပြီး ငါတို့ ငွေရွှင်နေရင် ရပြီ။ မီးပွိုင့်အနီး ကားမှတ်တိုင် ထားလဲရတယ်။ မျဉ်းကျားက လူမကူးလဲ ရတယ်။ လမ်းပြောင်းပြန် မောင်းလဲရတယ်။ ယာဉ်စည်းကမ်းမဲ့လဲရတယ်။ လိုင်းနံပါတ်တွေ စုံပြီး ရှုတ်ရှတ်ခတ်နေလဲ ရတယ်။ လမ်းပိတ် ကားပိတ် မြောင်းပိတ် လမ်းပေါ်အချိန်ကုန်ပြီး လူတွေ စိတ်တွေ ဒေါသထွက်နေ။ စိတ်တိုနေလည်းရတယ်။ သူတို့တတွေ အိမ်ပြန်နောက်ကြလည်း ရတယ်။ ဆီတွေကုန် အချိန်တွေကုန် လူပင်ပန်း ငွေတွေကုန်လည်း ရတယ်။ ရာခိုင်နှူန်းနဲ့ပြမယ်။ ယာဉ်ကျော ကျပ်တဲ့ ကိစ္စ ရာခိုင်နှူန်းနဲ့ပြမယ်။ လမ်းပိတ်နေတဲ့ ပြသနာ နေ့တိုင်းဖြစ်လဲ ရတယ်။ လတိုင်းဖြစ်လဲ ရတယ်။ ပြသနာတွေ လတွေ နှစ်ပြောင်း ခေတ်ဟောင်းသွားတဲ့ အထိရတယ်။ ငါတို့ မပြောင်းရင် ရပြီ။ ပြသနာတစ်ခုအတွက် အဖြေရှိစရာမလိုဘူး ဆင်ခြေရှိရင် ရတယ်။

No comments:

Post a Comment