Monday, July 17, 2017

Pygamlion in Education

ပခ်မလ်လီယန်
ဂရိပန်းပုဆရာကြီးပခ်မလယန်း “Pygmalion” က အချိုးအစားပြေပြစ်တဲ့ ပန်းပုသူဇာရုပ်တုကို ထုလုပ်ခဲ့ပြီး ကိုယ့်ရဲ့လက်ရာအပေါ် အရူးအမူးဖြစ်ခဲ့တယ်။ နတ်ဘုရားတွေကို အကြိမ်ကြိမ်တိုင်တည် ဆုတောင်းနေလို့ နောက်ဆုံးအလှနတ်သမီး အပရိုဒိုက် (Aphrodite) က ပန်းပုရုပ်တုကို အသက်သွင်း ရှင်သန်စေပြီး ပန်းပုသူဇာနဲ့ ပန်းပုဆရာကြီး ဇာတ်ပေါင်း သွားခဲ့တယ်။ �ကြီးမားတဲ့ မျှော်လင့်ချက်ကနေ မထင်မှတ်ထားတဲ့ သက်မဲ့ပန်းပုရုပ်တုကနေ သက်ရှိလူသားအဖြစ်ပြောင်းလဲသွားခဲ့တဲ့ဖြစ်ရပ်။
ပခ်မလ်လီယန်အကျိုးဆက်
ကီးမားတဲ့ မျှော်လင့်ချက်က လူတစ်ဦး၊ တစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေကို မြင့်မားလာစေတက်တာကို Pygmalion Effect လို့ခေါ်ကြတယ်။ (The Pygmalion effect, or Rosenthal effect, is the phenomenon whereby higher expectations lead to an increase in performance.)
သက်ရောက်နယ်ပယ်
ဒီပခ်မလ်လီယန်သက်ရောက်မှု့ကို (က) သင်ကြားခြင်း (ခ) စီမံခန့်ခွဲခြင်းနဲ့ (ဂ) နိုင်ငံရေး နယ်ပယ်တွေမှာ အသုံးချနိုင်မယ်လို့ထင်ပါတယ်။
သင်ကြားခြင်းနှင့် ပခ်မလ်လီယန်
ဆရာကြောင့် ကျောင်းသားတွေဟာ စိတ်ခွန်အားတွေဖြစ်စေနိုင်သလို စိတ်ဓါတ်တွေလည်း ကျစေနိုင်တယ်။ ဆရာတစ်ဦးရဲ့ ကျောင်းသားအပေါ်ထားရှိတဲ့ အထင်အမြင်တွေဟာ ကျောင်းသားရဲ့ ရှေ့ရေးကို ထင်ဟပ်နေစေနိုင်ပါတယ်။ လွှမ်းမိုးနိုင်ပါတယ်။ ဆရာက ကျောင်းသားကို အထင်သေးလေ ကျောင်းသားဟာ အထူးသဖြင့် စာမေးပွဲမှာ ရလဒ်ကောင်းတွေရဖို့ ရဖို့ခဲယဉ်းလေဖြစ်ပါတယ်။ ဝဇီဗေဒထိတိုင်းရှလို့ပြောကြမလားပါပဲ။ "မင်းဘာမှဖြစ်လာစရာမရှိပါဘူး။ မင်းကြိုးစားလို့လဲအပိုပါပဲ"ဆိုတဲ့ ဆရာတွေရဲ့ မှတ်ချက်တွေဟာ ကျောင်းသားတွေကို အညွန့်ချိုးလိုက်တဲ့ ဖြစ်စဉ်တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆရာတွေ ဆရာမတွေအနေနဲ့ ကျောင်းသူ ကျောင်းသားတွေအပေါ် အလွယ် လက်တမ်း လက်လွတ်စပယ် မှတ်ချက်တွေကို မလုပ်ဖို့ ဂရုစိုက်ဖို့ အထူး လိုအပ်ပါတယ်။
ဆရာက ကျောင်းသားကို သူ့ရဲ့အထင်အမြင်ကို ဘယ်လိုထင်ဟပ်စေလဲဆိုတာ ဆက်လက်စဉ်းစားကြည့်ရအောင်လား။ ဆရာအများစုက အတော်ဆုံးကျောင်းသားနဲ့ အဆိုးဆုံးကျောင်းသားကိုပဲ မှတ်မိတက်ကြတယ်လို့ဆိုပါတယ်။ တော်တဲ့သူကို ချစ်လို့၊ အဆိုးဆုံးက ဒုက္ခပေးလွန်းလို့မှတ်မိကြတာပါ။ အလယ်တွေက ဟိုမရောက် ဒီမရောက်တွေပါ။ အမြဲတမ်းလပ်နေတက်ကြတယ်။ ဒီကတဆင့် ဆရာရဲ့ အလေးပေးမှု့၊ အပြုအမူ၊ အပြောအဆိုတွေက ထားရှိတဲ့ သဘောထားတွေဟာ ထင်ဟပ်ပေါ်လွင်စေပါတယ်။ သိသာစေပါတယ်။ ဥပမာ။ (၁) ကျောင်းသားတွေကို ထိုင်ခုံနေရာချထားတဲ့အခါ။ (၂) စာသင်ခန်းအတွင်း လူစုလူခွဲထားတဲ့အခါ။ (၃) တန်းခွဲတွေခွဲတဲ့အခါ (၄) မေးမြန်းလာတဲ့အပေါ် တုံ့ပြန်ဖြေဆိုတဲ့အခါ (၅) အလေးပေးချီးမွမ်းတဲ့အခါ (၆) ဂရုစိုက်အရေးတယူပြုခြင်းတို့အခါ (၇) အကြောင်းတဆုံတရာ စေခိုင်းတဲ့အခါ တို့မှာဖြစ်တက်ပါတယ်။ �ညံ့တဲ့သူတွေကို ဆရာကသူနဲ့�၁။ ခပ်ဝေးဝေးမှာ ထိုင်စေတယ်။�၂။ အညံတွေကို စုထိုင်စေတက်တယ်။ တန်းခွဲတောင် ခွဲထားတက်သေးတယ်။�၃။ အညံ့တွေကို ဂရုစိုက်လေ့မရှိကြဘူး။ လျစ်လှူရှူမျက်ကွယ်ပြုထားတက်တယ်။�၄။ လူရှေ့သူရှေ့ သိပ်ချီးမွမ်းလေ့မရှိ။ ချီးမွမ်းခဲ့လျင်လည်း ရင်ထဲကမပါ။�၅။ စာမေးရင် အဖက်မလုပ် အကြောင်းမပြန်တက်။
၆။ ခက်ခဲမယ်ဆိုတဲ့အလုပ်တွေ လုပ်ရမယ်ဆိုတဲ့အခါတွေ တာဝန်ပေးတဲ့အခါ။
ကျနော်ဆိုရင် လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် ကလေးတွေ ကလေးတွေလို့ ခေါ်တဲ့အခေါ်အဝေါ်ကို ကိုယ်တိုင်မသုံးသလို အခြားသူတွေကိုလည်း မသုံးဖို့ တားမြစ်လေ့ရှိတယ်။ လုပ်ငန်းခွင်မှာရောက်ရှိတဲ့သူတွေဟာ အသက် ၁၈ နှစ် အထက်တွေဖြစ်လို့ ကလေးတွေ ချာတိတ်တွေမဟုတ်ဘူး။ ဒီထက်ငယ်နေရင်လည်း မခန့်သင့်ဘူးလို့ အကြံပေးရုံရှိပါတယ်။ ဒီလိုပဲကျောင်း ရောက်လာတဲ့သူတွေဟာလည်း အခြေခံအထက်တန်းအောင်မြင်ပြီးသူတွေဖြစ်လို့ ကလေးတွေမပါဘူး။ ကလေးဆိုရင် မူကြို ပို့ပြစ်မယ်လို့ အမြဲတမ်းစသလို နောက်သလိုမျိုးပြောလေ့ရှိတယ်။
ကျောင်းစာသင်ခန်းနှင့် ပခ်မဲလ်လီယန်
ကိုယ်သဘောမကျတဲ့ကျောင်းသားကို နေရာမပေးဘူး။ အကောင်းလုပ်ရင် အကောင်းမပြောဘူး။�အပြစ်လုပ်ရင် ဆိုဆုံးမလို့မပြီးဘူး။ မျက်နှာသာမပေးဘူး။ တိုးတက်ရာ တိုးတက်ကြောင်း လမ်းမညွှန်ဘူး။ ကျောင်းသားတွေအပေါ်ယုံကြည်စိတ်ထားနှင့် မိမိကိုယ်မိမိ အားကိုးချင်စိတ် စိတ်အားထက်သန်လာအောင် မလုပ်ပေးဘူးဆိုတာတွေကို ရှောင်ကြဉ်ရပါမယ်။
ဆောင်ရွက်ဖန်တီးပေးဖို့လိုတဲ့အချက်တွေကတော့
ပခ်မဲလယန်ဆရာတွေအနေနဲ့
(၁) ကျောင်းသားတိုင်းကို ယုံကြည်မှုပေးပါ။
(၂) ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုစားမှု အားပေးပါ။
(၃) ကောင်းမွန်ထိရောက်စွာ ပြောဆိုဆက်ဆံပါ။

3 comments: