Saturday, June 28, 2014
Two more Oceans
အနီ။
အပြာ။
အဖြူ။
Myanmar IDEA Challenge က လူငယ်တွေနဲ့ ဆန်းသစ်တီထွင်မူ့ကို အလေးထားပါတယ်။
ဒီပြိုင်ပွဲတွေ။ သင်တန်းတွေက လူငယ်တွေကို အတိုင်းမစမသိ ကျယ်ပြောတဲ့ ခပ်သောက်လို့မကုန်တဲ့ သမုဒ္ဒရာနှစ်စင်းကို ကူးခပ်စေချင်ပါတယ်။
ရှာဖွေစေချင်ပါတယ်။
လူသိများတဲ့ သမုဒ္ဒရာနှစ်စင်းကတော့ အနီရောင် သမုဒ္ဒရာနဲ့ အပြာရောင် သမုဒ္ဒရာတွေ ပဲဖြစ်ပါတယ်။
ပြိုင်ဆိုင်မူ့များတဲ့ အထိအရှများတဲ့ ပွတ်တိုက်မှု့များတဲ့ ချင်းချင်းနီ နီနီရဲနေတဲ့ သမရိုးကျ စီးပွားရေး စားကျက်တွေကို ဆန်းသစ်တီထွင်မှု့တွေနဲ့ ဖေါက်ထွက်ပြီး အေးချမ်းသာယာတဲ့ ပင်လယ်ပြာမှာ လွတ်လပ်ကျယ်ပြောစွာ ကူးခတ်စေချင်တာပါ။ ဆက်လက်တည်တံ့နိုင်ဖို့ ဆက်လက် ဆန်းသစ်နေရမှာဖြစ်ပါတယ်။
ပြိုင်ဆိုင်မှု့နည်းပါးတဲ့ သမုဒ်ပြာကိုရှာဖွေစေချင်ပါတယ်။
နောက်ထပ် သမုဒ္ဒရာတစ်ခုကတော့ အဖြူရောင် သမုဒ္ဒရာပါ။
နယ်ပယ်အသစ်ဖြစ်ပါတယ်။
လူမူ့အကျိုးပြု စီးပွားရေးလုပ်ငန်းများဟာ ဖြူစင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ကောင်းမွန်တဲ့ စိတ်ထားနဲ့ လူမူ့ရေး လိုအပ်ချက်တွေကို ဖြည့်စည်းဖို့ဆောင်ရွက် နေတာဖြစ်တဲ့အတွက် ဖြူစင်တဲ့ ရိုးသားတဲ့ အရောင်သင်္ကေတကို ကိုယ်စားပြုတဲ့ အဖြူရောင်စီးပွားရေးနယ်ပယ်အဖြစ် သတ်မှတ်ကျတာဖြစ်ပါတယ်။
ဒါကြောင့်
အပြာရောင်သမုဒ္ဒရာနဲ့
အဖြူရောင် သမုဒ္ဒရာနှစ်စင်းကို
အသက်သွင်းချင်ပါတယ်။
ရှင်သန်စေချင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment