Monday, June 16, 2014
Wednesday auspious ဆင်
ဒီနေ့ ရာဟု
ရက်ရာဇာ
ပုံပြင်ထဲက မျက်မမြင်ပုဏ္ဏားတွေနဲ့ ဆင်လို
ခေတ်မရှိတော့ဘူး။
..အနာလဲ လုပ်မနေကြနဲ့တော့။
ဆင့်ပါးစပ်ထဲ နှမ်းလဲ ပက်မနေကြနဲ့တော့။
ဆင်တစ်ကောင်လုံး
မြင်နေမှ ဆင်ခြေရာထပ်ရှာစရာ မလိုတော့ပါဘူး။
ဆင်ဖြူကို
ဆင်မည်းမကြည့်ဝံဘူးလေ။
မကြာခင် ကျားနဲ့ ဆင်
လယ်ပြင်မှာ တွေ့ကြရတော့မယ်။
ဆင်မယဉ်သာလို
တစ်လှမ်းခြင်းသွားလို့ကတော့ လိုရာရောက်မှာ မဟုတ်ဘူး။
ဆင်ဖိုးထက်
ချွန်းဖိုးကြီးတယ်ဆိုတာ မှန်နိုင်တယ်။
ဆင်စီးပြီးတော့
မြင်းရံသွားရမယ်လေ။
ဆင်သွားရင်
လမ်းဖြစ်လို့။
ဆင်ကန်း
တောတိုးမှာကိုတော့ စိုးရိမ်တယ်။
ဆင်ကြံကြံမှာ
ကိုလည်း တွေးကြောက်မိတယ်။
ဆင်သေကို
ဆိတ်သားရေဖုံးလို့မရဘူးနော်။
နန္ဒဂိရီကို အသုံးချခံရမှာ ကြောက်တယ်။
ဆင်ဖြူတော်မှီပြီး
ကြံစုပ်မဲ့သူတွေရှိသလို။
ဆင်သတ်ပြီး
အရပ်ဝေခဲ့ရင်တော့ အခက်သားပဲ။
ဘာပဲပြောပြော အရိပ်နေနေ အခက်ချိုးချိုး
သောနုတ္ထရို မုဆိုးကိုတော့ နာကြည်းတယ်။
တော်ပါပြီ...
ဘုရားတောထဲကို ကြွလာမဲ့ အချိန်ကို စောင့်နေတော့မယ်။
ပါလေလဆင်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment